Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကင္ဆာအတြက္ နည္ပညာကုထုံးသစ္ေပၚလာၿပီ...

$
0
0

ေသြးထဲကို ပစ္ထည့္လိုက္တဲ့ ေလဆာေရာင္ျခည္ဟာ ေသြးထဲမွာ ကင္ဆာဆဲလ္ေတြကို ရွာေဖြၿပီး ေတြ႕တာနဲ႔ဖ်က္ဆီးပစ္တဲ့ကုထုံးကို အေမရိကန္ျပည္ေထာင္စု အာကင္ေဆာျပည္နယ္ University of Arkansas ရဲ့ Nanomedicine Center မွ သုေတသီအဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့ၿပီ။

ကင္ဆာေဝဒနာရွင္ ၂၈ ဦးကို ဒီကုထုံးနဲ႔ စမ္းသပ္ၾကည့္ရာမွာ ၂၇ ဦးမွာ ေအာင္ျမင္တာေၾကာင့္ ကင္ဆာဆဲလ္ေတြကို တိတိက်က်ရွာနိုင္တဲ့ ဒီကုထုံးရဲ့ တိက်မႈ sensitivity ဟာ လက္ရွိနည္းပညာေတြထက္ အဆတစ္ေထာင္သာတယ္လို႔ သုေတသီေတြက ေျပာဆိုေၾကာင္း ဒီကုထုံးသစ္ေတြ႕ရွိျခင္းအေၾကာင္း ပါဝင္တဲ့ Science Transitional Medicine ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ ေအာင္ပြဲတစ္ရပ္ျဖစ္ေပမယ့္္ ကင္ဆာဆဲလ္ေတြပါဝင္ေနတဲ့ ေသြးျပန္ေၾကာမႀကီးေတြထဲမွာ ရာႏႈန္းအမ်ားအျပားနဲ႔ ျပန္႔ႏွံ့သြားတဲ့ ကင္ဆာဆဲလ္ေတြကို ဖ်က္ဆီးပစ္တာကိုလည္း သုေတသီေတြက လုပ္နိုင္ခဲ့ၾကပါတယ္။
သူတို႔ရဲ့ လုပ္ေဆာင္မႈေတႊု ဆက္ၿပီးတိုးတက္လာတဲ့အခါ ဒီလိုေလဆာနဲ႔ပစ္စက္ကို အသုံးျပဳၿပီး ဆရာဝန္ေတြဟာ အႏၲရာယ္ကင္းကင္းနဲ႔ ကင္ဆာလူနာေတြရဲ့ ကင္ဆာဆဲလ္ေတြ ခႏၶာကိုယ္ထဲ ျပန္႔ၿပီး ေနာက္ထပ္ကင္ဆာဆဲလ္ေတြ မပြားနိုင္ေအာင္ ဖ်က္ဆီးပစ္နိုင္မွာပါ။

ကင္ဆာေၾကာင့္ေသဆုံးရျခင္းအမ်ားစုဟာ ကင္ဆာဆဲလ္ေတြက ေသြးစီးဆင္းျခင္းနဲ႔ကိုယ္တြင္းသြားငံရည္ lymp စီးဆင္းျခင္းစနစ္ေတြက တဆင့္ တျခားေသာကိုယ္တြင္းအဂၤါအစိပ္အပိုင္းေတြဆီ ျပန္႔ႏွံ့သြားၿပီး ေနာက္ထပ္ကင္ဆာအႀကိတ္ေတြ ျဖစ္ပြားေစတာေၾကာင့္ ျဖစ္ပါတယ္။

Circulating Tumor Cells - CTC လို႔ေခၚတဲ့ ျပန္႔ႏွံ့့ေနတဲ့အႀကိတ္ဆဲလ္ေတြကို ေနာက္ထပ္ကိုယ္တြင္းအဂၤါေတြဆီ မေရာက္ခင္ ဖ်က္ဆီးပစ္ျခင္းအားျဖင့္ ကင္ဆာေဝဒနာရွင္ရဲ့အသက္ကို ကယ္တင္နိုင္မွာ ျဖစ္ပါတယ္။
ဒီလို ကင္ဆာဆဲလ္ေတြကို ေလဆာေရာင္ျခည္ပစ္ၿပီး ဖ်က္ဆီးပစ္ဖို႔ကို သုေတသီအဖြဲ႕ေခါင္းေဆာင္ Vladimir Zharov က လြန္ခဲ့တဲ့ဆယ္စုႏွစ္အခ်ိန္က စိတ္ကူးရခဲ့ၿပီး အခုလို ပထမဆုံးေသာ မခြဲမစိပ္ရတဲ့
noninvasive ကင္ဆာဆဲလ္ဖ်က္ဆီးပစ္ေသာ ေလဆာေရာင္ျခည္စက္ကေလးကေတာ့
အေမရိကန္ျပည္ေထာင္စုရဲ့ အစားအေသာက္ႏွင့္ေဆးဝါးဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ United States Food and Drugs Administration (USFDA) ဆီမွာသ႐ုပ္ျပအစစ္ေဆးခံအတည္ျပဳခ်က္ရယူၿပီးမွ ဆရာဝန္ေတြ အသုံးျပဳခြင့္ ရမွာျဖစ္ပါတယ္။
Translator Aung Kyaw Oo
................
ကင်ဆာအတွက် နည်ပညာကုထုံးသစ်ပေါ်လာပြီ...

သွေးထဲကို ပစ်ထည့်လိုက်တဲ့ လေဆာရောင်ခြည်ဟာ သွေးထဲမှာ ကင်ဆာဆဲလ်တွေကို ရှာဖွေပြီး တွေ့တာနဲ့ဖျက်ဆီးပစ်တဲ့ကုထုံးကို အမေရိကန်ပြည်ထောင်စု အာကင်ဆောပြည်နယ် University of Arkansas ရဲ့ Nanomedicine Center မှ သုတေသီအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီ။

ကင်ဆာဝေဒနာရှင် ၂၈ ဦးကို ဒီကုထုံးနဲ့ စမ်းသပ်ကြည့်ရာမှာ ၂၇ ဦးမှာ အောင်မြင်တာကြောင့် ကင်ဆာဆဲလ်တွေကို တိတိကျကျရှာနိုင်တဲ့ ဒီကုထုံးရဲ့ တိကျမှု sensitivity ဟာ လက်ရှိနည်းပညာတွေထက် အဆတစ်ထောင်သာတယ်လို့ သုတေသီတွေက ပြောဆိုကြောင်း ဒီကုထုံးသစ်တွေ့ရှိခြင်းအကြောင်း ပါဝင်တဲ့ Science Transitional Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အောင်ပွဲတစ်ရပ်ဖြစ်ပေမယ့်် ကင်ဆာဆဲလ်တွေပါဝင်နေတဲ့ သွေးပြန်ကြောမကြီးတွေထဲမှာ ရာနှုန်းအများအပြားနဲ့ ပြန့်နှံ့သွားတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တာကိုလည်း သုတေသီတွေက လုပ်နိုင်ခဲ့ကြပါတယ်။

သူတို့ရဲ့ လုပ်ဆောင်မှုတွှေု ဆက်ပြီးတိုးတက်လာတဲ့အခါ ဒီလိုလေဆာနဲ့ပစ်စက်ကို အသုံးပြုပြီး ဆရာဝန်တွေဟာ အန္တရာယ်ကင်းကင်းနဲ့ ကင်ဆာလူနာတွေရဲ့ ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်ထဲ ပြန့်ပြီး နောက်ထပ်ကင်ဆာဆဲလ်တွေ မပွားနိုင်အောင် ဖျက်ဆီးပစ်နိုင်မှာ
ပါ။

ကင်ဆာကြောင့်သေဆုံးရခြင်းအများစုဟာ ကင်ဆာဆဲလ်တွေက သွေးစီးဆင်းခြင်းနဲ့ကိုယ်တွင်းသွားငံရည် lymp စီးဆင်းခြင်းစနစ်တွေက တဆင့် တခြားသောကိုယ်တွင်းအင်္ဂါအစိပ်အပိုင်းတွေဆီ ပြန့်နှံ့သွားပြီး နောက်ထပ်ကင်ဆာအကြိတ်တွေ ဖြစ်ပွားစေတာကြောင့် ဖြစ်ပါတယ်။
Circulating Tumor Cells - CTC လို့ခေါ်တဲ့ ပြန့်နှံ့့နေတဲ့အကြိတ်ဆဲလ်တွေကို နောက်ထပ်ကိုယ်တွင်းအင်္ဂါတွေဆီ မရောက်ခင် ဖျက်ဆီးပစ်ခြင်းအားဖြင့် ကင်ဆာဝေဒနာရှင်ရဲ့အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ကင်ဆာဆဲလ်တွေကို လေဆာရောင်ခြည်ပစ်ပြီး ဖျက်ဆီးပစ်ဖို့ကို သုတေသီအဖွဲ့ခေါင်းဆောင် Vladimir Zharov က လွန်ခဲ့တဲ့ဆယ်စုနှစ်အချိန်က စိတ်ကူးရခဲ့ပြီး အခုလို ပထမဆုံးသော မခွဲမစိပ်ရတဲ့
noninvasive ကင်ဆာဆဲလ်ဖျက်ဆီးပစ်သော လေဆာရောင်ခြည်စက်ကလေးကတော့
အမေရိကန်ပြည်ထောင်စုရဲ့ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ United States Food and Drugs Administration (USFDA) ဆီမှာ

သရုပ်ပြအစစ်ဆေးခံအတည်ပြုချက်ရယူပြီးမှ ဆရာဝန်တွေ အသုံးပြုခွင့် ရမှာဖြစ်ပါတယ်။
Translator Aung Kyaw Oo
Source English News -
https://spectrum.ieee.org/…/laser-destroys-cancer-cells-cir…


Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>