Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသက္ ၆ ႏွစ္ ၇ ႏွစ္အရြယ္ ပထမတန္းေက်ာင္းသူေလး(၄)ဦးကို ေက်ာင္းေစာင့္မွ စာသင္ခန္းအတြင္း မဖြယ္မရာျပဳလုပ္

$
0
0

စာသင္ခန္းအတြင္း အတန္းပိုင္ဆရာမ မရွိခ်ိန္တြင္ ေက်ာင္းေစာင့္မွ ေက်ာင္းခန္းအတြင္းကိုဝင္ၿပီး ပထမတန္း ေက်ာင္းသူေလး(၄)ဦးကို လက္နဲ႔မဖြယ္မရာျပဳလုပ္မႈတစ္ခု ဇြန္လ၁၈ရက္ေန႔၊မနက္က ပဲခူးၿမိဳ႕၊အမွတ္(၂)နယ္ ေျမရဲစခန္းအပိုင္၊ ကၽြန္းသာယာရပ္ကြက္ရွိ အ.ထ.ကခြဲ(၅) ေက်ာင္းမွာျဖစ္ပြားခဲ့ပါတယ္။

ဇြန္လ ၁၈ ရက္ေန႔၊မနက္ ၁၀နာရီခန္႔အခ်ိန္က Grade 1(A) စာသင္ခန္းတြင္ အတန္းပိုင္ဆရာမ မရွိခ်ိန္မွာ ေက်ာင္းေစာင့္ ျဖစ္သူ အသက္ (၂၇)ႏွစ္အရြယ္ မင္းေက်ာ္မင္းက စာသင္ခန္းအတြင္း ဝင္ေရာက္လာၿပီး ေက်ာင္းသူေလး(၄)ဦး ရဲ႕မအဂၤါေတြကို လက္နဲ႔ ကိုင္တြယ္ပြတ္သပ္ျခင္း၊ စကပ္ေတြကို လွန္ျပီး သူရဲ႕ဖုန္းနဲ႔ဓါတ္ပုံေတြ
႐ိုက္ျခင္းစတာေတြ ျပဳလုပ္ခဲ့ပါတယ္။

ထိုအခင္းျဖစ္ၿပီး၂ရက္အၾကာမွာ ေက်ာင္းသူေလးေတြကသူတို႔မိဘေတြ ကိုျပန္ေျပာျပရာမွ ျပန္လည္ သိရွိခဲ့ရျပီး၊ ဇြန္လ ၂၀ ရက္ေန႔မွာ
ေက်ာင္းသူေလးေတြရဲ႕မိဘေတြဟာ ေက်ာင္းကိုလိုက္လာၿပီး ေက်ာင္းအုပ္ ဆရာမႀကီးနဲ႔ ေက်ာင္းတာဝန္ရွိသူေတြကို ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးတိုင္ၾကားရာ ေက်ာင္းေစာင့္ မင္းေက်ာ္မင္းက သူက်ဳးလြန္ ခဲ့တယ္ဆိုတာကို ေက်ာင္းတာဝန္ရွိသူေတြနဲ႔ေက်ာင္းသားမိဘေတြ ေရွ႕ေမွာက္မွာ ဝန္ခံထြက္ဆိုခဲ့တယ္လို႔သိရပါတယ္။



အဲဒီျဖစ္စဥ္ဟာ အတန္းပိုင္ဆရာမရဲ႕ေပါ့ေလ်ာ့မႈေၾကာင့္ျဖစ္တာလို႔ ေက်ာင္းသားမိဘတစ္ဦးက Channel B ကိုအခုလိုေျပာပါတယ္။
“ေက်ာင္းစာသင္ခ်ိန္မွာ အတန္းပိုင္ဆရာမက ေက်ာင္းေစာင့္ကို ခဏဆိုၿပီး အခန္းေစာင့္ထားခဲ့ခ်ိန္မွာျဖစ္သြားတာပါ။ ေက်ာင္းေစာင့္ ဆိုတာ ပညာေရးဝန္ထမ္းမဟုတ္ပါဘူး။ အတန္းပိုင္ဆရာမ ရွိရွိ၊မရွိရွိ စာသင္ခန္းအတြင္းဝင္ခြင့္ကိုမရွိတာပါ။ အဲဒီေက်ာင္းေစာင့္ကို ထိထိေရာက္ေရာက္အေရးယူသင့္တယ္။အဓိကတာဝန္ရွိတာကေတာ့ အတန္းပိုင္ဆရာမရဲ႕ေပါ့ေလ်ာ့မႈပဲ ” လို႔ေျပာပါတယ္။

ေဒါသမထိန္းႏိုင္တဲ့ ေက်ာင္းသားမိဘတစ္ဦးကလည္း ေက်ာင္းေစာင့္ မင္းေက်ာ္မင္းကို အနီးရွိခုံ တစ္လုံးနဲ႔႐ိုက္ႏွက္ခဲ့တာေၾကာင့္ မင္းေက်ာ္မင္းဟာ ဦးေခါင္းထိပ္ ေပါက္ၿပဲဒဏ္ရာရရွိခဲ့လို႔ အမွတ္(၂) နယ္ေျမရဲစခန္းက စခန္းမႈး ရဲအုပ္ရဲထြဋ္ကိုနဲ ႔နယ္ထိန္းအဖြဲ႕က ရဲေဆးစာနဲ႔ ပဲခူးေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့တယ္လို႔ စခန္းမႈးက Channel B ကိုေျပာပါတယ္။

အသက္(၆)ႏွစ္နဲ႔(၇)ႏွစ္အရြယ္ရွိ ေက်ာင္းသူေလး(၄)ဦးရဲ႔ မဖြယ္မရာ အျပဳခံခဲ့ရတဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေက်ာင္းသူေလး(၄)ဦးရဲ႕ မိဘေတြက သူတို႔သမီးေလးေတြရဲ႕အရွက္သိကၡာက်ဆင္းမယ့္ကိစၥ ျဖစ္လို႔ ရဲစခန္းနဲ႔တရား႐ုံးေတြမွာ အမႈဖြင့္တိုင္တန္းလိုျခင္း မရွိဘူးလို႔ ေျပာတဲ့အတြက္၊ေက်ာင္းအုပ္ဆရာမႀကီး ေဒၚစုစုလွက ၿမိဳ႕နယ္ပညာေရးမႈးထံတင္ျပၿပီး ပဲခူးၿမိဳ႕နယ္၊ ထားဝယ္အင္းေက်းရြာေန မင္းေက်ာ္မင္း၊၂၇ႏွစ္(ဘ)ဦးထြန္းျမင့္ကို အလုပ္မွ ထုတ္ပယ္သြားမယ္ လို႔ သိရပါတယ္။

သတင္း၊ဧရာ(ပဲခူး)
Channel B Media Group

Unicode Version

စာသင်ခန်းအတွင်း အတန်းပိုင်ဆရာမ မရှိချိန်တွင် ကျောင်းစောင့်မှ ကျောင်းခန်းအတွင်းကိုဝင်ပြီး ပထမတန်း ကျောင်းသူလေး(၄)ဦးကို လက်နဲ့မဖွယ်မရာပြုလုပ်မှုတစ်ခု ဇွန်လ၁၈ရက်နေ့၊မနက်က ပဲခူးမြို့၊အမှတ်(၂)နယ် မြေရဲစခန်းအပိုင်၊ ကျွန်းသာယာရပ်ကွက်ရှိ အ.ထ.ကခွဲ(၅) ကျောင်းမှာဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့၊မနက် ၁၀နာရီခန့်အချိန်က Grade 1(A) စာသင်ခန်းတွင် အတန်းပိုင်ဆရာမ မရှိချိန်မှာ ကျောင်းစောင့် ဖြစ်သူ အသက် (၂၇)နှစ်အရွယ် မင်းကျော်မင်းက စာသင်ခန်းအတွင်း ဝင်ရောက်လာပြီး ကျောင်းသူလေး(၄)ဦး ရဲ့မအင်္ဂါတွေကို လက်နဲ့ ကိုင်တွယ်ပွတ်သပ်ခြင်း၊ စကပ်တွေကို လှန်ပြီး သူရဲ့ဖုန်းနဲ့ဓါတ်ပုံတွေ
ရိုက်ခြင်းစတာတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုအခင်းဖြစ်ပြီး၂ရက်အကြာမှာ ကျောင်းသူလေးတွေကသူတို့မိဘတွေ ကိုပြန်ပြောပြရာမှ ပြန်လည် သိရှိခဲ့ရပြီး၊ ဇွန်လ ၂၀ ရက်နေ့မှာ
ကျောင်းသူလေးတွေရဲ့မိဘတွေဟာ ကျောင်းကိုလိုက်လာပြီး ကျောင်းအုပ် ဆရာမကြီးနဲ့ ကျောင်းတာဝန်ရှိသူတွေကို ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတိုင်ကြားရာ ကျောင်းစောင့် မင်းကျော်မင်းက သူကျုးလွန် ခဲ့တယ်ဆိုတာကို ကျောင်းတာဝန်ရှိသူတွေနဲ့ကျောင်းသားမိဘတွေ ရှေ့မှောက်မှာ ဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါတယ်။



အဲဒီဖြစ်စဉ်ဟာ အတန်းပိုင်ဆရာမရဲ့ပေါ့လျော့မှုကြောင့်ဖြစ်တာလို့ ကျောင်းသားမိဘတစ်ဦးက Channel B ကိုအခုလိုပြောပါတယ်။
“ကျောင်းစာသင်ချိန်မှာ အတန်းပိုင်ဆရာမက ကျောင်းစောင့်ကို ခဏဆိုပြီး အခန်းစောင့်ထားခဲ့ချိန်မှာဖြစ်သွားတာပါ။ ကျောင်းစောင့် ဆိုတာ ပညာရေးဝန်ထမ်းမဟုတ်ပါဘူး။ အတန်းပိုင်ဆရာမ ရှိရှိ၊မရှိရှိ စာသင်ခန်းအတွင်းဝင်ခွင့်ကိုမရှိတာပါ။ အဲဒီကျောင်းစောင့်ကို ထိထိရောက်ရောက်အရေးယူသင့်တယ်။အဓိကတာဝန်ရှိတာကတော့ အတန်းပိုင်ဆရာမရဲ့ပေါ့လျော့မှုပဲ ” လို့ပြောပါတယ်။

ဒေါသမထိန်းနိုင်တဲ့ ကျောင်းသားမိဘတစ်ဦးကလည်း ကျောင်းစောင့် မင်းကျော်မင်းကို အနီးရှိခုံ တစ်လုံးနဲ့ရိုက်နှက်ခဲ့တာကြောင့် မင်းကျော်မင်းဟာ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာရရှိခဲ့လို့ အမှတ်(၂) နယ်မြေရဲစခန်းက စခန်းမှုး ရဲအုပ်ရဲထွဋ်ကိုနဲ့နယ်ထိန်းအဖွဲ့က ရဲဆေးစာနဲ့ ပဲခူးဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ စခန်းမှုးက Channel B ကိုပြောပါတယ်။

အသက်(၆)နှစ်နဲ့(၇)နှစ်အရွယ်ရှိ ကျောင်းသူလေး(၄)ဦးရဲ့ မဖွယ်မရာ အပြုခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောင်းသူလေး(၄)ဦးရဲ့ မိဘတွေက သူတို့သမီးလေးတွေရဲ့အရှက်သိက္ခာကျဆင်းမယ့်ကိစ္စ ဖြစ်လို့ ရဲစခန်းနဲ့တရားရုံးတွေမှာ အမှုဖွင့်တိုင်တန်းလိုခြင်း မရှိဘူးလို့ ပြောတဲ့အတွက်၊ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှက မြို့နယ်ပညာရေးမှုးထံတင်ပြပြီး ပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာနေ မင်းကျော်မင်း၊၂၇နှစ်(ဘ)ဦးထွန်းမြင့်ကို အလုပ်မှ ထုတ်ပယ်သွားမယ် လို့ သိရပါတယ်။

သတင်း၊ဧရာ(ပဲခူး)
Channel B Media Group

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>