Quantcast
Viewing all articles
Browse latest Browse all 13796

ကြွေးမြီပြဿသနာများကြောင့် ဂရိသင်္ဘောများပေါ်၌ အလုပ်လုပ် နေသော မြန်မာသင်္ဘောသားများ လစာမရရှိသည့် ပြဿနာများ ဖြစ်ပေါ်နေ


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

လက်ရှိတွင် ဂရိနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ကြွေးမြီ ပြဿနာ များကြောင့် ဂရိ လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် သင်္ဘောလိုင်း များတွင် အလုပ်လုပ် နေသည့် မြန်မာ သင်္ဘောသား တချို့မှာ လစာ မရရှိသည့် ပြဿနာများ ဖြစ်ပေါ် နေကြောင်း ဂရိသင်္ဘော များပေါ်၌ အလုပ်လုပ် နေပြီး လစာ မရရှိသည့် မြန်မာ သင်္ဘောသား များ၏ ပြောပြချက် အရ သိရသည်။

ဂရိစီးပွားရေး လုပ်ငန်းရှင်များ ပိုင် သင်္ဘောများသည် ယခင်က မြန်မာ သင်္ဘောသား များအား လစဉ်လစာ ပေးချေလျက် ရှိရာမှ ယခုအခါ မြန်မာ သင်္ဘောသားများ အနေဖြင့် ဂရိ သင်္ဘောများ ပေါ်၌ အလုပ်လုပ်ရန် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးမှသာ လစာ အပြည့်အဝ ရရှိမည် ဖြစ်ကြောင်း၊ ထို့အပြင် ဂရိ သင်္ဘောများ ပေါ်၌ အလုပ်လုပ် နေသည့် မြန်မာ သင်္ဘောသား များတွင် အရာရှိများနှင့် ရိုးရိုးဝန်ထမ်းများ အားလုံး လစာ မရရှိသည့် ပြဿနာများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုအချိန်တွင် ဂရိသင်္ဘောများ ပေါ်၌ အလုပ်လုပ် နေသည့် မြန်မာ သင်္ဘောသားများ လစာ မရရှိခြင်းနှင့် ပတ်သက်၍ သင်္ဘောလိုင်းများ အပေါ် တိုင်ကြားမှုများ မပြုလုပ် သေးဘဲ ၄င်း သင်္ဘောများ ပေါ်၌ တာဝန်ထမ်း ဆောင်မှု စာချုပ်သက်တမ်း ကုန်ဆုံးချိန် ရောက်မှသာ မြန်မာ သင်္ဘောသား များအား ဂရိသင်္ဘောလိုင်း များမှ ပေးချေရမည့် လစာငွေများကို မရရှိခဲ့ပါက နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများ အဖွဲ့ချုပ်ထံသို့ ယင်းကိစ္စရပ် များကို တိုင်ကြား၍ ဖြေရှင်း သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>