Quantcast
Channel: MP4 YoU
Viewing all articles
ဒီလက္ခဏာတွေ ဖြစ်လာရင် အူအတက်ပေါက် ပါတော့မယ်၊ သတိထားကြပါ။
$
0
0
baganthar
# Unicode Version # ဖြင့် ဖတ်ပါ #
အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ ပြဿနာ တွေဟာ လူတိုင်း အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် ကြုံဖူးကြ ပါတယ်။ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ အစာ အဆိပ်သင့် တာတို့တွေ ဖြစ်ပါတယ်။ဒါပေမဲ့ အူအတက်နဲ့ ပတ်သက်တာ ကတော့ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပြီး အူအတက်ပေါက် လာရင်လည်း ခွဲထုတ် လိုက်ရပါတယ်။ လူတိုင်း အူအတက်ပေါက် တာနဲ့ ကြုံရတာမျိုး မရှိပါဘူး။ တကယ်ကြုံ ရတော့မယ် ဆိုရင်လည်း ဒီလက္ခဏာတွေ ပြပါတယ်-
၁။ အစာအိမ်က ပြင်းပြင်းထန်ထန် နာကျင်ပါတယ်။ ဒီလိုနာကျင်မှုမျိုး တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ ဝမ်းဗိုက်ကြွက်သား အောက်ဘက် ဘယ်ဘက်ခြမ်းမှာ ဆိုးဆိုးရွားရွား အောင့်ပါတယ်။ ၂။ မူးမော်ပြီး ပျို့အန်တယ်။ အစားစားချင်စိတ် လုံးဝမရှိဘူး။ ၃။ အချို့လူတွေမှာ အူအတက်ဟာ တင်ပဆုံရိုးရဲ့အောက်ပိုင်းမှာ ရှိနေတတ်ပါတယ်။ ဆီးအိတ်နဲ့ နီးကပ်နေတာပါ။ အူအတက်က ရောင်ရမ်းပြီး ပေါက်ထွက်တော့မယ်ဆို ဆီးအိတ်ကိုပါ ထိနေလို့ မကြာခဏ အပေါ့သွားပါတယ်။
၄။ ခိုက်ခိုက်တုန်အောင် အဖျားတက်ပါတယ်။ ခန္ဓာကိုယ်က ပူလိုက်အေးလိုက်နဲ့ ဖြစ်နေပြီး ဖျားနေတာပါ။ အူအတက် ရောင်နေပြီဆို နာကျင်တဲ့နေရာကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ကနေ ဓာတုပစ္စည်းပေါင်းများစွာ အလိုလိုထုတ်လွှတ်ပေးတာကြောင့် လူကဖျားနာလာပါတယ်။ ၅။ စိတ်တွေက ရှုပ်ထွေးဖို့ ပုံမှန်မဟုတ်တော့ဘူး။ ဦးနှောက်ကို အောက်ဆီဂျင်က ပုံမှန်အတိုင်း မရောက်တော့တဲ့အခါ ကိုယ်ဘာဖြစ်နေမှန်းတောင် ကိုယ်တိုင်မသိတဲ့ အနေအထားမျိုး ရှိပါတယ်။
baganthar
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>