ဗုဒ္ဓရေအိုးစင်
# Unicode Version # ဖြင့် ဖတ်ပါ #
သူတစ်ပါး၏ အပြစ်ကို တစုံတယောက်က မမေးပဲလျက် ပြောတတ်ခြင်း၊ မေးလျှင်ကား သာသာထိုးထိုး ချဲ့ကား၍
ပြောတတ်ခြင်း။
မိမိ၏ အပြစ်ကိုမူ တစုံတယောက်က မမေးလျှင် မပြောပဲ ဖုံးထားတတ်ခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း။
သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးလျှင် မပြောပဲထားခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း
မိမိ၏ ဂုဏ်ကျေးဇူးကိုမူ မမေးပဲလျက် ထုတ်ဖော် ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပိုပိုမိုမို သာသာထိုးထိုးပြောခြင်း။
ဤ အကြောင်းအချက် လက္ခဏာ ၄ ပါးနှင့်ပြည့်စုံသူကို သူယုတ်ဟု သိနိုင်၏။
ဗုဒ္ဓရေအိုးစင်