Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မိန်းကလေးတစ်ယောက် ကို ဆွဲလားရမ်းလားလုပ်တဲ့ သင်္ကန်းဝတ်တဏှာရူး ။ အရှေ့ရန်ကင်းတွင်ဖြစ်ပွား သတိထားကြပါ..

$
0
0

မိန်းကလေး တစ်ယောက် ကို ဆွဲလားရမ်းလား လုပ် တဲ့ သင်္ကန်းဝတ် တဏှာရူး.. ၊ အားလုံး သတိထားကြ ပါ။

22/06/2019 (စနေနေ့)အရှေ့ရန်ကင်း (2) ရပ်ကွက် တိုက်- 254 ည8:00 pmက ဖြစ်သွားခဲ့တာပါ။

ကျမ တို့ မိသားစု က ရန်ကင်းမြို့နယ် တိုက် 281/စ မှာ ငယ်မွေးခြံပေါက်အခုထိနေထိုင်ရင်းက တိုက် -254 တတိယထပ် မှာ (May လ 17 ရက်) က ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်…281/စ မှာတော့ အကို အကြီး နှစ်ယောက်ကျန်ခဲ့ ပါတယ်… ဟိုဘက်တိုက် ဒီဘက်တိုက် ကူးချီသန်းချီနဲ့ သမီးတွေကော ကျမတို့ပါ သွားလာနေကျပါ…

ဒီနေ့ညမှာတော့ အိမ်မှာ လာနေတဲ့ ညီမလေးက ဟိုဘက် တိုက် 281/စ ကအပြန် မှာ ကျမတို့ လက်ရှိနေထိုင်နေပြီ ဖြစ်တဲ့ တိုက် -254 တိုက်ရှေ့အရောက် မှာပဲ သင်္ကန်းဝတ် ဘုန်းကြီးယောင်ဆောင်တပါးက ညီမလေးကို ဆေးခန်း အနီးအနားရှိလားလို့မေးပါတယ်…

ညီမလေးကလည်း ရိုးတော့ဘသင်္ကန်းတွေ့တာနဲ့ တရိုတသေ ခပ်ရို့ရို့ပဲ ဆေးခန်းကို သူမသိကြောင်းဖြေပါတယ်…တိုက်လှေကား ထဲဝင်မယ်လုပ်တော့ ခဏနေပါအုံး ဆိုပြီး ဘုန်းကြီးက သူ့လက်ကို ဆွဲထားပါတယ်။ ဒကာမလေး အိမ်က ဘယ်မှာလဲ တယောက်ထဲနေတာလားလို့မေးတယ် ပြီးတော့ သူ့ -ီးက အဖြူတွေထွက်နေလို့ ဆေးကုမှရမယ်ပြောပြီး ဆွဲထားပါတယ်…

ပုံ – တိုက်-254-တိုက်-253လမ်းကြားအဝ တိုက်ရှေ့ တိုက်အစွန်နှစ်ခု ဆုံရာ လမ်းကြားဖြတ်လမ်း

ညီမလေးလည်း လန့်သွားပြီး တိုက်ပေါ်ပြေးအတက်လှေးကါးထဲအထိ လိုက်တက်လာပြီး အင်္ကျီကို ရင်ဘက်ကနေ ဆွဲထား တော့ သူလည်းခြေထောက်နဲ့ဆောင့်ကန် လက်ထဲက ရှိတာနဲ့ကောက်ရိုက်ပြီး အလွတ်ရုန်းပြေးတက်လာတာပါ တံခါးကို တဝုန်းဝုန်းထုပြီး အိမ်ထဲဝင်တော့ မျက်နှာနီရဲပြီး ရှက်လည်းရှက် ကြောက်လည်းကြောက်ပြီး အပြည့်အစုံမေးမရပါဘူး… ဖြေရမှာ ရှက်ရွံနေတာရယ် …ဘုန်းကြီးဖြစ်နေလို့အံ့သြပြီး အော်တာတောင် သူအသံမထွက်နိုင်ဘူး ကြောက်နေခဲ့တာ…

ပုံ – လမ်းကြားဖြတ်လမ်း မှောင်မည်းနေတာပါ ဒါ ဖုန်းမီးနဲ့ရိုက်ထားတာပါ

အိမ်မှာ ကျမ အမျိုးသားလည်းရှိတော့ ရှက်ပြီမဖြေရဲဘူး …ရင်ဘက်မှာလည်းအင်္ကျီဆွဲတုန်းက ကုတ်မိတဲ့လက်သည်းရာနဲ့ ကျမ ဒေါသထွက်ပြီး အိမ်နားတဝိုက် cctv တပ်ထားတဲ့အိမ်ရှိမလား စုံစမ်းတော့လည်း ဘယ်အိမ်မှ cctv မရှိတာနဲ့ …ကျမ အမျိုးသားနဲ့ကျမ ဟိုသည် လိုက်စုံစမ်းရင်း ဘုန်းကြီးတပါးတွေ့မိလားမေးတာ ဘယ်သူမှမတွေ့မိဘူးတဲ့…ရပ်ကွက်လူကြီး လှမ်းသတင်းပို့ထားပါတယ်…

ကျမတို့ တိုက်-254 နဲ့ တိုက်-253 ကြားက ဖြတ်လမ်းထဲဝင်သွားတယ်ပဲ ထင်ပါတယ်…အရင်ကဆို ကျမ တို့(2)ရပ်ကွက် လူစိမ်းဝင်ရင် တွေ့တဲ့သူက ဘယ်အိမ်လာတာလဲ မေးတတ်တာ …အခုခေတ်က တအိမ်လုံး အလုပ်ထွက်လုပ်ရလို့ ပတ်ဝန်းကျင် တယောက်နဲ့တယောက် သိမထားမိလောက်အောင် ရုန်းကန်လှုပ်ရှားနေရပေမဲ့ ဆွေမျိုးတွေထက်တောင် ပိုနေနီးသေးတဲ့အိမ်နီးနားချင်းတွေက အားကိုရာပါပဲ…


ပုံ – ကျမတို့ တိုက်လှေကားမှအပြင်သို့မြင်ကွင်း…ဘုန်းကြီးအတု အားတွေ့တဲ့နေရာ အင်မတန်မှောင်ပါတယ် … ဖုန်းမီးနဲ့ရိုက်လို့လင်းနေတာပါ…

တိုက် -253 က မြေး အဖွားနှစ်ယောက်ကို သတ်သွားတဲ့ကလည်း ဆယ်စုနှစ်မရှိသေးပါဘူး ဒီအနားတဝိုက်ပဲ လူဆိုးဝင်ပေါက်တွေကို ဖြတ်လမ်းလို အသုံးမပြုစေချင်တော့ပါဘူး…အားလုံးသတိရှိကြပါ…

Chit Abal (လေးစားမှုဖြင့် ခရက်ဒစ်)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>