သရုပ်ဆောင် ပိုင်ဇေရဲထွန်းက သူနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်ဂုဏ်သိက္ခာကျဆင်းစေရန်
ရေးသားဖော်ပြခဲ့မှုအတွက် အဒေါ်ဖြစ်သူကို ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
ပိုင်ဇေရဲထွန်းအဒေါ်ကအောက်ပါအတိုင်းရေးသားခဲ့တယ်လို့ တိုင်ကြားထားပါတယ်။
ပို င်ဇေ ရဲထွန်းရဲ့ အဒေါ်ကခုလိုရေးထားတာဖတ်ရပါတယ်။
“ဘဏ်လောက က သြဇာသြတ္တိမအကြီးဆုံး ပုဂ္ဂိုလ်က ပြန်တမ်းဝင်အရာရှိကြီးတဦး၊ တိုင်းပြည်အတွက်အသက်စွန့်ခဲ့သူတဦး၊ ယနေ့ထိကိုယ်ကျိုးစီးပွားအတွက်ဘာရပိုင်ခွင့်မှ မယူသူမို့ အချိန်သတ်မှတ်လတွေထက်အများကြီး အခွင့်အရေးပေးခဲ့ပါတယ်။
ဘဏ် က အတိုးတောင်းတဲ့စာလာလို့သွားပြရင် ခြေ၂ချောင်းအပေါ်ချိတ်အိပ်ယာကအခန့်သားစတိုင်လ်နဲ့ပြော. ဘာပြောမလို့လဲ ဆိုတဲ့ချွေးမကောင်းကြီး။အစကဘာမှမရှိ၊အဝတ်တထည်ကိုယ်တခုသာသာနဲ့..။”
“ပိုင်ေ ဇ ကိုချစ်လို့ လေဆိပ်ရိပ်သာခြံနဲ့အိမ်ရောင်းတာလဲအမွေအနေနဲ့ အကုန်ပေးခဲ့တယ်။ စာချုပ်လွတ်ပေါ်လက်မှတ်ထိုးငွေချေးလို့ တဘက်ကစောင်မြင်ကတ်ပုဒ်မနဲ့ သိန်းရာဂဏန်းချေးတာ သိန်း၂ထောင်ပြင်ရေးတယ်။
မရ မ်း ကုန်းတရားရုံးကတရားစွဲတောင်းမယ်ဆ်ုတော့အဖေဖြစ်သူ က ညတွင်းခြင်း သိန်း၂ထောင်သွား ပေးခဲ့တဲ့ကျေးဇူးကို စောင်ကန်းမ က လစဉ် စားစရိတ်ထောက်ရတာ ဂုဏ်ဖေါ်နေတာအံ့တယ်။ နိုင်ငံခြားခရီးစဉ်မကလို့တာဝတိံသာတက်တက်ရတနာဆိုင်မကလို ရှော့ပင်းမောလ်ကြီးဖွင့်ဖွင့်မိဘ အိမ် ယူပေါင်တာတော့ရွေးပေးခဲ့အုံး…လို့။ ”
အဒေါ်ဖြစ်သူက သူ့အကိုဦးရဲထွန်းကိုယ်တိုင်အကူအညီတောင်းခဲ့တယ်လို့ဆိုပါတယ်