Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သားအမိနှစ်ဦး မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံး

$
0
0
ဓါတ်ပုံ -  Naing Linn Aung (FB) 

ဓါတ်ပုံ -  Naing Linn Aung (FB) 

  မြိုင်မြို့နယ်၊ ဖောင်းကွဲအုပ်စု၊ တဲပင်ကျေးရွာမှ ဦးမောင်ရီ၊ ဒေါ်ဝင်းနှင့်သမီးဖြစ်သူ မဖြိုးအိစံတို့ ယာမြေအတွင် နှမ်းစိုက်ပျိုးနေစဉ် မိုးကြိုးပစ်ရာ ဒေါ်ဝင်းနှင့်သမီး ဖြစ်သူမဖြိုးအိစံ {၂၀၁၄ပညာသင်နှစ်တွင် နှစ်ဘာသာဂုဏ်ထူးနှင့် အောင်မြင်သူ) မှာ နေရာတွင် သေဆုံးသွားသဖြင့် မြိုင်အသင်းမှသွားရောက် ကောက်ယူခဲ့ပါသည်။ ၁၆၊၉၊၂၀၁၅ ညနေ၁း၃၀နာရီ / သတင်း - ဓါတ်ပုံ -  Naing Linn Aung (FB)

ဓါတ်ပုံ -  Naing Linn Aung (FB) 

ဓါတ်ပုံ -  Naing Linn Aung (FB) 

အဆိုပါ မိုးကြိုးပစ်ခံရမှု သတင်းနှင့် ပါတ်သတ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ (၂)ဦးသေဆုံး

 နေပြည်တော်၊ စက်တင်ဘာ ၁၇

 ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ တည်ပင်ကျေးရွာတွင် မိုးကြိုးထိမှန်၍ လူ(၂)ဦးသေဆုံးကြောင်း သတင်းအရ မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ အဆိုပါကျေးရွာနေ ဒေါ်ဝင်း(၄၀)နှစ်နှင့် သမီးဖြစ်သူ မဖြိုးအိစံ(၁၉)နှစ်တို့ဖြစ်ပြီး ၎င်းတို့(၂)ဦးသည် ကျေးရွာအရှေ့မြောက်ဘက်ရှိ ယာခင်းအတွင်း နွားကျောင်းနေရာက မိုးရွာလာသဖြင့် ရှားပင်အောက်၌ မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မြိုင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>