Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခရီးသည္တင္ယာဥ္ေျပးဆြဲတာ ရပ္တန္႔ဖို႔ တားဆီး ၿခိမ္းေျခာက္သူေတြကို အမႈဖြင့္

$
0
0
သန္လ်င္ၿမိဳ႕နယ္ ေအာင္မဂၤလာရပ္ကြက္ ၿမိဳ႕မ ကားမွတ္တိုင္မွာ စက္တင္ဘာလ ၁၇ ရက္ေန႔ နံနက္ ၈ နာရီေလာက္က ခရီးသည္တင္ယာဥ္ေတြကို ေျပးဆြဲေနတာ ရပ္တန္႔ဖို႔ တုတ္ေတြ ကိုင္ေဆာင္ၿပီး တားဆီးၿခိမ္းေျခာက္ခဲ့တဲ့ တာဝ-ေမာ္တင္ ေျပးဆြဲေနတဲ့ ေရႊရန္ကုန္ ယာဥ္လိုင္းနဲ႔ ၿငိမ္းခ်မ္းကမာၻ ယာဥ္လိုင္းတို႔မွ ယာဥ္ေနာက္လိုက္ အမ်ိဳးသား ငါးဦးကို အမႈဖြင့္ထားတယ္လို႔ ရန္ကုန္ေတာင္ပိုင္းခရိုင္ ရဲတပ္ဖြဲ႔မွဴးရံုးထံမွ သိရပါတယ္။
“လိုင္းထြက္မယ့္ ကားေတြကို မထြက္ဖို႔ အုပ္စုဖြဲ႔ တုတ္ေတြကိုင္ၿပီး ၿခိမ္းေျခာက္ေနတယ္လို႔ သတင္းရရခ်င္း ရဲတပ္ဖြဲ႔က ခ်က္ခ်င္း အဲ့ဒီ မင္းမဲ႔စရိုက္ဆန္ဆန္ မတရားတားဆီးမႈ က်ဴးလြန္တဲ့သူေတြကို ဖမ္းဆီးဖို႔ အမီသြားခဲ့ေပမယ့္ သူတို႔အဖြဲ႔က ထြက္ေျပးလို႔ ေရႊရန္ကုန္ ယာဥ္လိုင္းက စပယ္ယာတစ္ေယာက္ပဲ မိခဲ့တယ္” လို႔ သန္လ်င္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆိုပါတယ္။
ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ပါ ယာဥ္စည္း ကမ္းေဖာက္ဖ်က္ပါက အရင္ ဒဏ္ေၾကးေငြ က်ပ္ ၁၅၀၀ အစား က်ပ္သံုးေသာင္းအထိ တိုးျမွင့္ သတ္မွတ္လိုက္တာေၾကာင့္ ယာဥ္လိုင္းတခ်ိဳ႕မွ ယာဥ္မ်ား ရပ္နားထားၿပီး ခရီးစဥ္ေျပးဆြဲေနတဲ့ ေမာ္ေတာ္ယာဥ္ေတြကို မေျပးဆြဲဖို႔ တုတ္ေတြ ကိုင္ေဆာင္ကာ အုပ္စုဖြဲ႔ ၿခိမ္းေျခာက္ခဲ့တာ ျဖစ္တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရံုးမွ အႀကီးတန္း အရာရွိတစ္ဦးက ေျပာပါတယ္။
အဲ့ဒီ တာဝ-ေမာ္တင္ ခရီးစဥ္ေျပးဆြဲတဲ့ ယာဥ္ေတြကို တားဆီးၿခိမ္းေျခာက္ခဲ့တဲ့ အဖြဲ႔မွ အသက္ ၄၆ ႏွစ္ ယာဥ္အကူ ဦးေအာင္ေက်ာ္ကို ဖမ္းမိခဲ့ၿပီး သူနဲ႔အတူ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ တျခား ယာဥ္ေနာက္လိုက္ ေလးဦးကို (ပ) ၆၁၃/၁၅၊ ပုဒ္မ ၃၄၁/၂၉၄/၅၀၆/၁၁၄ နဲ႔ အမႈဖြင့္ စံုစမ္းေဆာင္ရြက္ေနတယ္လို႔ သန္လ်င္ၿမိဳ႕မ ရဲစခန္းထံမွ သိရွိရပါတယ္။
The Voice Weekly
သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် မြို့မ ကားမှတ်တိုင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီလောက်က ခရီးသည်တင်ယာဉ်တွေကို ပြေးဆွဲနေတာ ရပ်တန့်ဖို့ တုတ်တွေ ကိုင်ဆောင်ပြီး တားဆီးခြိမ်းခြောက်ခဲ့တဲ့ တာဝ-မော်တင် ပြေးဆွဲနေတဲ့ ရွှေရန်ကုန် ယာဉ်လိုင်းနဲ့ ငြိမ်းချမ်းကမ္ဘာ ယာဉ်လိုင်းတို့မှ ယာဉ်နောက်လိုက် အမျိုးသား ငါးဦးကို အမှုဖွင့်ထားတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။
“လိုင်းထွက်မယ့် ကားတွေကို မထွက်ဖို့ အုပ်စုဖွဲ့ တုတ်တွေကိုင်ပြီး ခြိမ်းခြောက်နေတယ်လို့ သတင်းရရချင်း ရဲတပ်ဖွဲ့က ချက်ချင်း အဲ့ဒီ မင်းမဲ့စရိုက်ဆန်ဆန် မတရားတားဆီးမှု ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးဖို့ အမီသွားခဲ့ပေမယ့် သူတို့အဖွဲ့က ထွက်ပြေးလို့ ရွှေရန်ကုန် ယာဉ်လိုင်းက စပယ်ယာတစ်ယောက်ပဲ မိခဲ့တယ်” လို့ သန်လျင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
မော်တော်ယာဉ် ဥပဒေသစ်ပါ ယာဉ်စည်း ကမ်းဖောက်ဖျက်ပါက အရင် ဒဏ်ကြေးငွေ ကျပ် ၁၅၀၀ အစား ကျပ်သုံးသောင်းအထိ တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ယာဉ်လိုင်းတချို့မှ ယာဉ်များ ရပ်နားထားပြီး ခရီးစဉ်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကို မပြေးဆွဲဖို့ တုတ်တွေ ကိုင်ဆောင်ကာ အုပ်စုဖွဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
အဲ့ဒီ တာဝ-မော်တင် ခရီးစဉ်ပြေးဆွဲတဲ့ ယာဉ်တွေကို တားဆီးခြိမ်းခြောက်ခဲ့တဲ့ အဖွဲ့မှ အသက် ၄၆ နှစ် ယာဉ်အကူ ဦးအောင်ကျော်ကို ဖမ်းမိခဲ့ပြီး သူနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတဲ့ တခြား ယာဉ်နောက်လိုက် လေးဦးကို (ပ) ၆၁၃/၁၅၊ ပုဒ်မ ၃၄၁/၂၉၄/၅၀၆/၁၁၄ နဲ့ အမှုဖွင့် စုံစမ်းဆောင်ရွက်နေတယ်လို့ သန်လျင်မြို့မ ရဲစခန်းထံမှ သိရှိရပါတယ်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...