မဘသ ဗဟိုဦးေဆာင္ဆရာေတာ္ အရွင္ဝီရသူကို စက္တင္ဘာလ ၁၉ ရက္ေန႔က စစ္ေတြၿမိဳ႕ ဦးဥတၱမခန္းမမွာက်င္းပတဲ့ မ်ိဳးေစာင့္ဥပေဒ ေအာင္ျမင္မႈအထိမ္းအမွတ္ ဂုဏ္ျပဳႀကိဳဆိုပြဲမွာ ေတြ႔ရစဥ္။ Photo:Min Thein Aung/RFA |
ဒီေန႔ စစ္ေတြၿမိဳ႕ ဦးဥတၱမခန္းမမွာက်င္းပတဲ့ မ်ိဳးေစာင့္ဥပေဒ ေအာင္ျမင္မႈအထိမ္းအမွတ္ ဂုဏ္ျပဳႀကိဳဆိုပြဲမွာ ဆရာေတာ္ အရွင္ဝီရသူက မိန္႔ၾကားခဲ့တာပါ။
"ဒီကေန႔ အမ်ိဳးေစာင့္ဥပေဒကို ျပဌာန္းၿပီး ကာကြယ္လိုက္ႏိုင္တာဟာ အတြင္းစည္းလံုၿခံဳေအာင္ စည္း ၄ ထပ္ ထပ္မံၿပီးေတာ့ တင္းတင္းၾကပ္ၾကပ္ ကာရံလိုက္ျခင္းပဲျဖစ္ပါတယ္၊ ဒီအတြက္အေတာ့္ကို လံုၿခံဳစိတ္ခ်ရပါၿပီ သို႔ေသာ္လည္းပဲ ဒါနဲ႔မၿပီးေသးပါဘူး၊ ဦးဇင္းတို႔တေတြ ဆက္လက္ၿပီးေတာ့ ႀကိဳးစားရပါဦးမယ္"
အမ်ိဳးေစာင့္ဥပေဒမွာ ကိုးကြယ္ရာဘာသာ ကူးေျပာင္းျခင္းဆိုင္ရာဥပေဒ၊ လူဦးေရတိုးပြားမႈႏႈန္း ထိန္းညိွျခင္း ဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈဥပေဒ၊ ျမန္မာဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားျခင္းဆိုင္ရာဥပေဒ၊ တစ္လင္တစ္မယားစနစ္ က်င့္သံုးျခင္းဆိုင္ရာဥပေဒ စတဲ့ ဥပေဒ ၄ ရပ္ပါဝင္ၿပီး ၿပီးခဲ့တဲ့ ေမလနဲ႔ ၾသဂုတ္လ အတြင္းက ျပည္ေထာင္စုလႊတ္ေတာ္ကေန အတည္ျပဳ ျပဌာန္းခဲ့တာျဖစ္ပါတယ္။
ဒီအထဲမွာပါဝင္တဲ့ ကိုးကြယ္ရာဘာသာ ကူးေျပာင္းျခင္းဆိုင္ရာဥပေဒဟာ အမ်ိဳးသမီးေတြအတြက္ အခြင့္အေရး အျပည့္အဝရရိွေအာင္ ျပဌာန္းေပးထားတဲ့ ဥပေဒျဖစ္တယ္လို႔လည္း ဆရာေတာ္ ဦးဝီရသူက မိန္႔ပါတယ္။
အမ်ိဳးဘာသာ သာသနာ ထိန္းသိမ္းေစာင့္ေရွာက္ေရးဟာ အစိုးရအေပၚမွာလည္း မူတည္ေနတာေၾကာင့္ လာမယ့္ ႏိုဝင္ဘာလမွာက်င္းပမယ့္ ေရြးေကာက္ပြဲမွာ အမ်ိဳးဘာသာသာနာကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေရြးခ်ယ္ၿပီး မဲေပးႏိုင္ေအာင္ စည္းရံုးသြားၾကဖို႔ အခမ္းအနားကို တက္ေရာက္လာၾကတဲ့ ဆရာေတာ္ႀကီးေတြက မိန္႔ၾကားခဲ့ၾကပါတယ္။
RFA Burmese
http://www.rfa.org/burmese
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
မဘသ ဗဟိုဦးဆောင်ဆရာတော် အရှင်ဝီရသူကို စက်တင်ဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပတဲ့ မျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲမှာ တွေ့ရစဉ်။ Photo:Min Thein Aung/RFA
မြန်မာနိုင်ငံမှာ အမျိုးစောင့် ဥပဒေ ၄ ရပ်ကို ပြဌာန်း လိုက်နိုင် တာကြောင့် အမျိုးဘာသာ သာသနာအတွက် လုံခြုံစိတ်ချရနိုင်ပြီ ဖြစ်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီးရဲ့ ဗဟိုဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြား လိုက်ပါတယ်။
ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပတဲ့ မျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲမှာ ဆရာတော် အရှင်ဝီရသူက မိန့်ကြားခဲ့တာပါ။
"ဒီကနေ့ အမျိုးစောင့်ဥပဒေကို ပြဌာန်းပြီး ကာကွယ်လိုက်နိုင်တာဟာ အတွင်းစည်းလုံခြံုအောင် စည်း ၄ ထပ် ထပ်မံပြီးတော့ တင်းတင်းကြပ်ကြပ် ကာရံလိုက်ခြင်းပဲဖြစ်ပါတယ်၊ ဒီအတွက်အတော့်ကို လုံခြံုစိတ်ချရပါပြီ သို့သော်လည်းပဲ ဒါနဲ့မပြီးသေးပါဘူး၊ ဦးဇင်းတို့တတွေ ဆက်လက်ပြီးတော့ ကြိုးစားရပါဦးမယ်"
အမျိုးစောင့်ဥပဒေမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စတဲ့ ဥပဒေ ၄ ရပ်ပါဝင်ပြီး ပြီးခဲ့တဲ့ မေလနဲ့ သြဂုတ်လ အတွင်းက ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ဒီအထဲမှာပါဝင်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေဟာ အမျိုးသမီးတွေအတွက် အခွင့်အရေး အပြည့်အဝရရှိအောင် ပြဌာန်းပေးထားတဲ့ ဥပဒေဖြစ်တယ်လို့လည်း ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဟာ အစိုးရအပေါ်မှာလည်း မူတည်နေတာကြောင့် လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးဘာသာသာနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီး မဲပေးနိုင်အောင် စည်းရုံးသွားကြဖို့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဆရာတော်ကြီးတွေက မိန့်ကြားခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese