Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရှာလကာရည်ကို အသားအရေလှပခြင်း၊ ဆံပင်ကောင်းခြင်းတို့အတွက်လည်း အသုံးပြုနိုင်

$
0
0




ရှာလကာရည်က သင့်ကို ၀ိတ်ကျအောင် အများကြီး ကူညီပေးနိုင်တယ်ဆိုတဲ့အကြောင်း ဆောင်းပါးတွေမှာ တော်တော်လေး ဖတ်ခဲ့ရပြီးပြီ ဟုတ်။ ဒီတစ်ခါတော့ ရှာလကာရည်ကပဲ သင့်အသားအရေနဲ့ ဆံပင်အတွက်လည်း အများကြီး အထောက်အကူပြုတယ်ဆိုတာ ထပ်မံပြောပြပေးချင်ပါတယ်။
၁။အသားအရေကို နူးညံစေဖို့ အထောက်အကူပြု
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကို သင်ရေချိုးခါနီး ချိုးမယ့်ရေနွေးနွေးလေးထဲ ၈အောင်စလောက်ရောပြီး ချိုးပေးမေယ်ဆိုရင် သင့်အသားအရေဟာ နူးညံ့သွားပါလိမ့်မယ်။
၂။ တိုနာအဖြစ်လည်း သုံးနိုင်
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကိုပဲ တိုနာအဖြစ်သုံးတဲ့နည်းလေး ပြောပြပေးပါမယ်။ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေနှစ်ခွက်စာလောက်ရောလိုက်ပါ။ အဲ့ဒါကို ဂွမ်းစလေးနဲ့ယူပြီး တိုနာအဖြစ်သုံးလို့ရပါတယ်။ ရေပြန်ဆေးချစရာမလိုပါဘူး။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်အသားအရေက တင်းတင်းရင်းရင်းဖြစ်သွားစေမယ့်အပြင် ချွေးပေါက်တွေလည်း ကျဉ်းသွားမှာပါ။
၃။ဆံပင်တွေ တောက်ပြောင်လှပအောင် စွမ်းဆောင်ပေး
ရေတစ်ခွက်မှာ ရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းစာနဲ့ ရောလိုက်ပါ။ ပြီးသွားတဲ့အခါ ဆံပင်ကို ရေလောင်းချပြီးနောက် အဲ့ဒီအရည်ကို ခေါင်းကို သုတ်လိမ်းလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ရေနဲ့စင်အောင်ဆေးချလိုက်ပြီး ဆံပင်ပျော့ဆေးထပ်သုံးလိုက်ရုံနဲ့ ဆံသားတွေ အရင်ထက်ပိုမိုတောက်ပြောင်လာတာကို သတိထားမိမှာပါ။
၎။နေလောင်ထားတဲ့ အသားအရေအရောင်ကို လျော့ချပေးနိုင်
ရေလေးခွက်နဲ့ ရှာလာကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းစာကို ရောပြီးတဲ့နောက် နေလောင်ခံထားရတဲ့ အသားအရေပေါ်ကို ရေစိုဝတ်လေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။ သူက အသားအရေကို ထိန်းညှိပေးနိုင်တဲ့အတွက် အသားအရေ အရင်ထက် ပိုညီသွားပါလိမ့်မယ်။
၅။ဗောက်ထခြင်းက ကင်းဝေးစေနိုင်
ရေနဲ့ရှာလကာရည်ကို ဆတူရောလိုက်ပါ။ ပြီးတဲ့နောက် ခုနရောထားတဲ့ အရည်နဲ့ ခေါင်းမလျှော်ခင် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ တကယ်လို့ ဆန္ဒရှိသေးရင် ရှန်ပူထဲကိုလည်း ရှာလကာရည်တစ်ဇွန်းထည့်ပြီး လျှော်နိုင်ပါတယ်။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်ဦးခေါင်းမှာ ဗောက်မထအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။
Ref:womenshealthmag.com
 http://www.trend.com.mm/2015/07/13/beauty-7143

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>