ဧရာဝတီတိုင်း ဓနုဖြူမြို့ နယ် နန်းတော်ကုန်း အုပ်စု မြင်းစု ရွာ ရှိ နှစ် ပေါင်း ၁၃၀ ခန့်  က သွန်းလောင်းပူဇော် ခဲ့သော ရှေ့ ဟောင်းကြေးဆင်းတု ဘုရား ၂ ဆူ အား ၁၈-၇-၂၀၁၅ (စနေနေ့ ) ည တွင် ခေါင်းဖြတ် ခိုးယူ မှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ဘုရားခိုးယူမှုကို ဒေသခံတွေက ဓနုဖြူမြို့ နယ် မြို့  နယ် ရဲစခန်းတွင် တိုင်ကြားထားပြီး၊ ဘာသာ သာသနာ စောင့်ရှောက် သူများ ၀ိုင်းဝန်း ကူညီ ဖေါ်ထုပ်ပေးပါရန် ပန်ကြားထားပါသည်။
အဆိုပါ ဒေသမှာ ယခင် က လည်း ရှေ့ ဟောင်းဘုရားတွေ ခိုးယူမှု ၃ ကြိမ် ခန့်  ဖြစ်ပွားခဲ့ ကြောင်း သိရပါသည်။
သစ်ထူးလွင်