TNLA ရဲ့ ေတာတြင္း စခန္းေတြ ရွိတဲ့ နယ္ေျမ ထဲကို အစိုးရ စစ္တပ္ တပ္မ ၇၇ လက္ေအာက္ခံ တပ္ရင္းေတြ ရဲ့ စစ္ေၾကာင္း ၂ ေၾကာင္း ဝင္ေရာက္။ |
TNLA ရဲ႕ ေတာတြင္း စခန္းေတြ ရွိတဲ့ နယ္ေျမ ထဲကို အစိုးရ စစ္တပ္ တပ္မ ၇၇ လက္ေအာက္ခံ တပ္ရင္းေတြ ရဲ႕ စစ္ေၾကာင္း ၂ ေၾကာင္း ဝင္ေရာက္ လာတာ ကေန ထိေတြ႕ ပစ္ခတ္မႈ ေတြ ျဖစ္လာရတာ လို႔ TNLA အဖြဲ႕ က ေျပာပါတယ္။
TNLA ကေတာ့ သူတို႔ ဘက္ မွာ ထိခိုက္ ဒဏ္ရာ ရသူ မရွိ ဘူး လို႔ ထုတ္ျပန္ ေပမယ့္ ၂ ဘက္တပ္ ေတြရဲ႕ အထိအခိုက္ စာရင္း ကို သီးျခား အတည္ျပဳခ်က္ မရ ေသးပါဘူး။
တိုက္ပြဲေတြ ဟာ ေဒသခံ တအာင္း ပေလာင္႐ြာေတြ အျပင္ ေတာထဲ မွာ ျဖစ္ေနတဲ့ အတြက္ ေလာေလာဆယ္ မွာေတာ့ အရပ္သား ေတြ ထိခိုက္မႈ မရွိေသးေပမယ့္ အသက္ေမြး ဝမ္းေက်ာင္း အလို႔ငွာ ေတာတက္ ရသူေတြ ျဖစ္လို႔ အခက္အခဲ ရွိေနတယ္ ဆိုၿပီး TNLA အဖြဲ႕ရဲ႕ အေထြေထြ အတြင္းေရးမႉး မိုင္ထြန္းေက်ာ္ က ဘီဘီစီ ကို ေျပာပါတယ္။
အစိုးရ နဲ႔ TNLA အၾကား bilateral လို႔ ေခၚတဲ့ ၂ ဖြဲ႕ခ်င္း အပစ္ရပ္ သေဘာတူ မႈ စာခ်ဳပ္ ခ်ဳပ္ရေအာင္ ဆိုၿပီး စက္တင္ဘာ ၁၈ ရက္ ေသာၾကာ ေန႔ ကမွ ျမန္မာ ၿငိမ္းခ်မ္းေရး စင္တာ ကေန တဆင့္ ကမ္းလွမ္း လာခဲ့ ၿပီး ေနာက္ တစ္ရက္ စေနေန႔ မွာပဲ အခုလို တိုက္ပြဲ ေတြ ျဖစ္ ေပၚ လာခဲ့တာပါ။
အစိုးရ ရဲ႕ ၿငိမ္းခ်မ္းေရး ကမ္းလွမ္းမႈ ဟာ အျပသေဘာ မီးစတစ္ဖက္ ေရမႈတ္တဖက္ ျဖစ္ေနတယ္ လို႔ မိုင္ထြန္းေက်ာ္ က ေဝဖန္ လိုက္ၿပီး အစိုးရ ဘက္က တိုက္ပြဲေတြ ဆက္လက္ ေဖာ္ေဆာင္ ေနတဲ့ အတြက္ တအာင္း ပေလာင္ ေဒသ မွာ သာမက တျခား တိုင္းရင္းသား နယ္ေျမ ေတြ မွာ ပါ လတ္တေလာ တိုက္ပြဲ ေတြ ေပၚ ေပါက္ လာတာ ျဖစ္တယ္ လို႔ ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
...................................
TNLA ရဲ့ တောတွင်း စခန်းတွေ ရှိတဲ့ နယ်မြေ ထဲကို အစိုးရ စစ်တပ် တပ်မ ရ၇ လက်အောက်ခံ တပ်ရင်းတွေ ရဲ့ စစ်ကြောင်း ၂ ကြောင်း ဝင်ရောက်။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ် နဲ့ ကျောက်မဲ ဒေသတွေ မှာ တအာင်း ပလောင် လက်နက်ကိုင် တပ် ဖြစ်တဲ့ TNLA နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲတွေ ၂ ရက် မြောက် ဆက်လက် ဖြစ်ပေါ် ခဲ့ ပါတယ်။
TNLA ရဲ့ တောတွင်း စခန်းတွေ ရှိတဲ့ နယ်မြေ ထဲကို အစိုးရ စစ်တပ် တပ်မ ရ၇ လက်အောက်ခံ တပ်ရင်းတွေ ရဲ့ စစ်ကြောင်း ၂ ကြောင်း ဝင်ရောက် လာတာ ကနေ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်လာရတာ လို့ TNLA အဖွဲ့ က ပြောပါတယ်။
TNLA ကတော့ သူတို့ ဘက် မှာ ထိခိုက် ဒဏ်ရာ ရသူ မရှိ ဘူး လို့ ထုတ်ပြန် ပေမယ့် ၂ ဘက်တပ် တွေရဲ့ အထိအခိုက် စာရင်း ကို သီးခြား အတည်ပြုချက် မရ သေးပါဘူး။
တိုက်ပွဲတွေ ဟာ ဒေသခံ တအာင်း ပလောင်ရွာတွေ အပြင် တောထဲ မှာ ဖြစ်နေတဲ့ အတွက် လောလောဆယ် မှာတော့ အရပ်သား တွေ ထိခိုက်မှု မရှိသေးပေမယ့် အသက်မွေး ဝမ်းကျောင်း အလို့ငှာ တောတက် ရသူတွေ ဖြစ်လို့ အခက်အခဲ ရှိနေတယ် ဆိုပြီး TNLA အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်ထွန်းကျော် က ဘီဘီစီ ကို ပြောပါတယ်။
အစိုးရ နဲ့ TNLA အကြား bilateral လို့ ခေါ်တဲ့ ၂ ဖွဲ့ချင်း အပစ်ရပ် သဘောတူ မှု စာချုပ် ချုပ်ရအောင် ဆိုပြီး စက်တင်ဘာ ၁၈ ရက် သောကြာ နေ့ ကမှ မြန်မာ ငြိမ်းချမ်းရေး စင်တာ ကနေ တဆင့် ကမ်းလှမ်း လာခဲ့ ပြီး နောက် တစ်ရက် စနေနေ့ မှာပဲ အခုလို တိုက်ပွဲ တွေ ဖြစ် ပေါ် လာခဲ့တာပါ။
အစိုးရ ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ဟာ အပြသဘော မီးစတစ်ဖက် ရေမှုတ်တဖက် ဖြစ်နေတယ် လို့ မိုင်ထွန်းကျော် က ဝေဖန် လိုက်ပြီး အစိုးရ ဘက်က တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင် နေတဲ့ အတွက် တအာင်း ပလောင် ဒေသ မှာ သာမက တခြား တိုင်းရင်းသား နယ်မြေ တွေ မှာ ပါ လတ်တလော တိုက်ပွဲ တွေ ပေါ် ပေါက် လာတာ ဖြစ်တယ် လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese