Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆီးရီးယားတုိက္ပြဲမ်ားၾကား အိုစမာဘင္လာဒင္၏ လက္ေထာက္တစ္ဦးက်ဆုံး

$
0
0

 ဒမတ္စကတ္ စက္တင္ဘာ ၂ဝ

 ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ ရွီးယိုက္ၿမိဳ႕ႏွစ္ၿမိဳ႕အနီး တုိက္ပြဲ မ်ားျဖစ္ပြားေနစဥ္ ယခင္အယ္ခုိင္ဒါေခါင္းေဆာင္ေဟာင္း အိုစမာ ဘင္ လာဒင္၏လက္ေထာက္တစ္ဦး ေသဆံုးခဲ့ေၾကာင္း ေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႕က စက္တင္ဘာ ၁၉ ရက္က ေဖာ္ျပခဲ့သည္။

အဘူဟာဆန္အယ္လ္တူနီဆီ (အာရပ္အေခၚအားျဖင့္ တူနီးရွန္အဘူ ဟာဆန္) ဟု ေခၚေသာ အာဖဂန္နစၥတန္ရွိ အိုစမာဘင္လာဒင္၏ လက္ေထာက္ တစ္ဦးသည္ ဆီးရီးယားႏိုင္ငံ၏ အေနာက္ေျမာက္ဘက္ ေဒသျဖစ္ေသာ အီဒလစ္ရွိ ရွီးယိုက္ၿမိဳ႕မ်ားျဖစ္သည့္ ကာဖယာႏွင့္ေဖာ္ရာ တို႔တြင္ အယ္ခုိင္ဒါႏွင့္ဆက္စပ္ေသာ စစ္ေသြးၾကြမ်ား တိုက္ပြဲမ်ားျဖစ္ပြား စဥ္တြင္ ေသဆံုးခဲ့ေၾကာင္း ဆီးရီးယားလူ႔အခြင့္အေရးေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႕က ေျပာခဲ့သည္။

တုိက္ပြဲမ်ားသည္ ၂၄ နာရီေက်ာ္ၾကာ အျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း အဂၤလန္ အေျခစိုက္ေလ့လာေရးအဖြဲ႕မ်ားက ေျပာသည္။

အဆိုပါ ၿမိဳ႕မ်ားအနီးတြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေသာေၾကာင့္ အနည္းဆံုး ေသာင္းက်န္းသူ ၁ဝဝ က်ဆံုးခဲ့ေၾကာင္း ေဒသတြင္း ႐ုပ္သံ တစ္ခုက ေဖာ္ျပခဲ့သည္။

ဂ်ီဟတ္အုပ္စုမ်ားသည္ စက္တင္ဘာ ၁၈ ရက္က ယာဥ္ေလးစီး ကို ဗံုးမ်ားခြဲခဲ့ၿပီး လက္နက္ႀကီးက်ည္ဆံ ၂၅၁ ခုျဖင့္ ရွီးယိုက္ၿမိဳ႕မ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာခဲ့သည္။

ဆီးရီးယားတပ္မေတာ္သည္ ေသာင္းက်န္းသူမ်ား ေျခကုပ္ယူ ထားေသာ အီဒလစ္၏ၿမိဳ႕တစ္ခုျဖစ္ေသာ ဘင္းနစ္ရွ္ကိုေလေၾကာင္း တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ရာ ေသာင္းက်န္းသူမ်ားက်ဆံုးခဲ့ေၾကာင္း သိရ သည္။

ယခုလအေစာပိုင္းတြင္ အီဒလစ္ရွိ ေသာင္းက်န္းသူမ်ားက အဘူအယ္လ္ ဒူဟာေလတပ္စခန္းကို သိမ္းပိုက္ခဲ့သည္။ ယင္းသိမ္း ပိုက္မႈတြင္ ဆီးရီးယားစစ္သား ၇၁ ဦး က်ဆံုးခဲ့ေၾကာင္း ေလ့လာ ေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာခဲ့သည္။

ရွီးယိုက္ၿမိဳ႕ႏွစ္ၿမိဳ႕ျဖစ္ေသာ ကာဖယာႏွင့္ေဖာ္ရာတို႔တြင္ ေသာင္း က်န္းသူ တုိက္ခိုက္မႈမ်ားကိုတားဆီးရန္ အစုိးရႏွင့္ ေသာင္းက်န္းသူတပ္ဖြဲ႕ မ်ားအၾကား ညႇိႏႈိင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရွိခဲ့ေပ။

ဆီးရီးယားအက်ပ္အတည္းပဋိပကၡမွာ ေလးႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီ ျဖစ္ၿပီး ေဒသတြင္းအေျခအေနမ်ားမွာလည္း ေအးခ်မ္းတည္ၿငိမ္မႈမရွိ ေၾကာင္း သိရသည္။

(ဆင္ဟြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..................................................

 ဒမတ်စကတ် စက်တင်ဘာ ၂ဝ

 ဆီးရီးယားနိုင်ငံ အနောက်မြောက် ရှီးယိုက်မြို့နှစ်မြို့အနီး တိုက်ပွဲ များဖြစ်ပွားနေစဉ် ယခင်အယ်ခိုင်ဒါခေါင်းဆောင်ဟောင်း အိုစမာ ဘင် လာဒင်၏လက်ထောက်တစ်ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့် လေ့လာရေးအဖွဲ့က စက်တင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။

အဘူဟာဆန်အယ်လ်တူနီဆီ (အာရပ်အခေါ်အားဖြင့် တူနီးရှန်အဘူ ဟာဆန်) ဟု ခေါ်သော အာဖဂန်နစ္စတန်ရှိ အိုစမာဘင်လာဒင်၏ လက်ထောက် တစ်ဦးသည် ဆီးရီးယားနိုင်ငံ၏ အနောက်မြောက်ဘက် ဒေသဖြစ်သော အီဒလစ်ရှိ ရှီးယိုက်မြို့များဖြစ်သည့် ကာဖယာနှင့်ဖော်ရာ တို့တွင် အယ်ခိုင်ဒါနှင့်ဆက်စပ်သော စစ်သွေးကြွများ တိုက်ပွဲများဖြစ်ပွား စဉ်တွင် သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောခဲ့သည်။

တိုက်ပွဲများသည် ၂၄ နာရီကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း အင်္ဂလန် အခြေစိုက်လေ့လာရေးအဖွဲ့များက ပြောသည်။

အဆိုပါ မြို့များအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး သောင်းကျန်းသူ ၁ဝဝ ကျဆုံးခဲ့ကြောင်း ဒေသတွင်း ရုပ်သံ တစ်ခုက ဖော်ပြခဲ့သည်။

ဂျီဟတ်အုပ်စုများသည် စက်တင်ဘာ ၁၈ ရက်က ယာဉ်လေးစီး ကို ဗုံးများခွဲခဲ့ပြီး လက်နက်ကြီးကျည်ဆံ ၂၅၁ ခုဖြင့် ရှီးယိုက်မြို့များကို တိုက်ခိုက်ခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။

ဆီးရီးယားတပ်မတော်သည် သောင်းကျန်းသူများ ခြေကုပ်ယူ ထားသော အီဒလစ်၏မြို့တစ်ခုဖြစ်သော ဘင်းနစ်ရှ်ကိုလေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ သောင်းကျန်းသူများကျဆုံးခဲ့ကြောင်း သိရ သည်။

ယခုလအစောပိုင်းတွင် အီဒလစ်ရှိ သောင်းကျန်းသူများက အဘူအယ်လ် ဒူဟာလေတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ ယင်းသိမ်း ပိုက်မှုတွင် ဆီးရီးယားစစ်သား ရ၁ ဦး ကျဆုံးခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။

ရှီးယိုက်မြို့နှစ်မြို့ဖြစ်သော ကာဖယာနှင့်ဖော်ရာတို့တွင် သောင်း ကျန်းသူ တိုက်ခိုက်မှုများကိုတားဆီးရန် အစိုးရနှင့် သောင်းကျန်းသူတပ်ဖွဲ့ များအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။

ဆီးရီးယားအကျပ်အတည်းပဋိပက္ခမှာ လေးနှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဒေသတွင်းအခြေအနေများမှာလည်း အေးချမ်းတည်ငြိမ်မှုမရှိ ကြောင်း သိရသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>