Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အေမရိကန္ဗီဇာကံစမ္းမဲ ေလွ်ာက္လႊာ လက္ခံေတာ့မည္

$
0
0
အေမရိကန္ ျပည္ေထာင္စုတြင္ အျမဲတမ္း ေနထိုင္အလုပ္လုပ္ခြင့္ျပဳသည့္ ဗီဇာကို ႏွစ္စဥ္ လူ ၅၀,၀၀၀ အား ကံစမ္းမဲ စနစ္ျဖင့္ ေ႐ြးခ်ယ္ေသာ DV အစီအစဥ္အတြက္ ေလွ်ာက္လႊာမ်ားကို ေအာက္တိုဘာ ၁ ရက္ေန႔မွ ႏိုဝင္ဘာ ၂ ရက္အထိ လက္ခံေတာ့မည္ ျဖစ္ပါသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ ေအာက္တိုဘာ ၁ ရက္၊ ၾကာသပေတးေန႔၊ အေမရိကန္ အေရွ႕ပိုင္းစံေတာ္ခ်ိန္ မြန္းတည့္ ၁၂ နာရီ (ျမန္မာစံေတာ္ခ်ိန္ ည ၁၀း၃၀ နာရီ) မွ စတင္၍ အင္တာနက္ျဖင့္ ေလွ်ာက္လႊာတင္သြင္းရမည္ ျဖစ္သည္။ ေလွ်ာက္လႊာပိတ္ခ်ိန္မွာ ႏိုဝင္ဘာ ၂ ရက္၊ တနလၤာေန႔ အေမရိကန္ အေရွ႕ပိုင္းစံေတာ္ခ်ိန္ မြန္းတည့္ ၁၂ နာရီ (ျမန္မာစံေတာ္ခ်ိန္ ည ၁၀း၃၀ နာရီ) တိတိ ျဖစ္၏။

ေလွ်ာက္လႊာတင္သြင္းရန္ အခေၾကးေငြ (လံုးဝ) ေပးစရာမလိုဘဲ အခမဲ့ ျဖစ္သည္။ သို႔ေသာ္၊ မဲေပါက္လွ်င္မူ သက္ဆိုင္ရာ ဗီဇာေၾကးမ်ား ေပးသြင္းရပါမည္။

ယခုႏွစ္ ကံထူးစြာ ဗီဇာမဲေပါက္သူမ်ားသည္ ၂၀၁၇ ခုႏွစ္တြင္ အေမရိကန္ ျပည္ေထာင္စုသို႔ ေျပာင္းေ႐ႊ႕အေျခခ်ခြင့္ ရရွိမည္ ျဖစ္၍ တရားဝင္အားျဖင့္ DV-2017 ဟု ေခၚဆိုပါသည္။ ဒီဗီ ကံစမ္းမဲ အစီအစဥ္ကို အေမရိကန္အစိုးရက ဥပေဒျပ႒ာန္းၿပီး ၁၉၉၅ ခုႏွစ္မွ စတင္ ျပဳလုပ္ခဲ့ေသာေၾကာင့္ ယခု ၂၀၁၅ ခုႏွစ္တြင္ ႏွစ္ ၂၀ တိုင္ခဲ့ၿပီ ျဖစ္သည္။

ယင္းအစီအစဥ္တြင္ အေမရိကားသို႔ ေျပာင္းေ႐ႊ႕အေျခခ်သူ မ်ားျပားေသာ တ႐ုတ္၊ အိႏၵိယစသည့္ ႏိုင္ငံမ်ားတြင္ ေမြးဖြားသူမ်ား ေလွ်ာက္ထားခြင့္ မရွိေပ။ ျမန္မာႏိုင္ငံတြင္ ေမြးဖြားသူမ်ား ေလွ်ာက္ထားခြင့္ ရွိၿပီး၊ ျမန္မာႏိုင္ငံသားမ်ားႏွင့္ လက္ထပ္ထားေသာ အျခားႏိုင္ငံသူႏိုင္ငံသားမ်ားလည္း အက်ံဳးဝင္ပါသည္။

DV ကံစမ္းမဲတြင္ ေလွ်ာက္ထားရန္ အဓိကအားျဖင့္ ေမြးဖြားရာႏိုင္ငံျဖင့္ ကန္႔သတ္ထားၿပီးေနာက္၊ ပညာအရည္အခ်င္း အထက္တန္းေက်ာင္း ၿပီးဆံုးေအာင္ျမင္သူ သို႔မဟုတ္ အလုပ္အေတြ႕အၾကံဳအားျဖင့္ လြန္ခဲ့ေသာ ၅ ႏွစ္အတြင္း ႏွစ္ႏွစ္သင္တန္းတစ္ခု တက္ဖူးသူ သို႔မဟုတ္ လုပ္ငန္းအေတြ႕အၾကံဳလိုအပ္ေသာ အလုပ္တစ္ခုမွာ ႏွစ္ႏွစ္ၾကာ လုပ္ကိုင္ဖူးသူ ျဖစ္ရမည္ဟု ကန္႔သတ္ထားသည္။

အထက္ပါအခ်က္မ်ားႏွင့္ ကိုက္ညီေသာ ဇနီးခင္ပြန္းမ်ားလည္း သီးျခား ေလွ်ာက္လႊာတစ္ေစာင္ တင္သြင္းႏိုင္ပါသည္။ လူတစ္ဦးလွ်င္ ေလွ်ာက္လႊာ တစ္ေစာင္သာ ကန္႔သတ္ထားၿပီး အပိုေလွ်ာက္ထားေၾကာင္း ေတြ႕ရွိလွ်င္ ပယ္ပစ္မည္ ျဖစ္သည္။ အျခားႏိုင္ငံမ်ားသို႔ ေရာက္ရွိေနေသာ ျမန္မာျပည္ဖြားမ်ားလည္း ေလွ်ာက္ခြင့္ရွိပါသည္။

အေမရိကန္ႏုိင္ငံျခားေရးဌာန DV ကံစမ္းမဲအစီအစဥ္ဆိုင္ရာ အင္တာနက္စာမ်က္ႏွာမွာ ေနာက္ဆံုးတင္ထားသည့္ ကိန္း ဂဏန္းမ်ားအရ ၂၀၁၃ ဘ႑ာႏွစ္အတြင္း ျမန္မာႏုိင္ငံမွ ကံစမ္းမဲ ေလွ်ာက္လႊာေပါင္း ၂၆,၀၆၀ လက္ခံရရွိခဲ့ၿပီး ၎တို႔တြင္ အိမ္ေထာင္ဖက္ႏွင့္ သားသမီးဦးေရ ၁၈,၃၄၇ ဦး ပါဝင္သည္။

ထို႔ေၾကာင့္ ေလွ်ာက္ထားသူ စုစုေပါင္း ၄၄,၄၀၇ ဦး ရွိေၾကာင္း ေဖာ္ျပထားသည္။ ၂၀၁၂ ခုႏွစ္ ကနဦး ကိန္းဂဏန္းမ်ားအရ ျမန္မာႏိုင္ငံမွ ကံစမ္းမဲေပါက္သူေပါင္း ၁၉၇ ဦးရွိၿပီး ၂၀၀၃ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္ ဆယ္ႏွစ္တာကာလအတြင္း ကံစမ္းမဲေပါက္သူ ဦးေရ ၂,၄၉၅ ဦး ရွိခဲ့ေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဌာန၏ DV ကံစမ္းမဲအစီအစဥ္ဆိုင္ရာ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထား၏။

အေမရိကန္ဗီဇာ ကံစမ္းမဲ DV-2017 ႏွင့္ ပတ္သက္၍ အေမရိကန္သံ႐ံုး၏ ပညာေပး ရွင္းလင္းေဟာၾကားပြဲမ်ားကို ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕တြင္ သံုးႀကိမ္ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။ ဒီဗီကံစမ္းမဲ ေလွ်ာက္ထားမႈ အေမရိကန္သံ႐ံုး ရွင္းလင္းေဟာေျပာမည္

အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ ဒီဗီကံစမ္းမဲဆိုင္ရာ ဝက္ဘ္ဆိုက္လိပ္စာမွာ www.dvlottery.state.gov ျဖစ္ပါသည္။ (အမွန္တကယ္ ေလွ်ာက္ထားရမည့္ အြန္လိုင္းေလွ်ာက္လႊာသည္ တရားဝင္လက္ခံမည့္ ေအာက္တိုဘာ ၁ ရက္ေန႔မတိုင္မီ ေတြ႕ရမည္ မဟုတ္ပါ။)
http://kabarthit.com/index.php?option=com_content&view=article&id=764%3A2015-09-21-01-42-37&catid=8%3A2013-10-13-17-09-02&Itemid=214
..........................................
အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်း နေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ဗီဇာကို နှစ်စဉ် လူ ၅၀,၀၀၀ အား ကံစမ်းမဲ စနစ်ဖြင့် ရွေးချယ်သော DV အစီအစဉ်အတွက် လျှောက်လွှာများကို အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၂ ရက်အထိ လက်ခံတော့မည် ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည် အောက်တိုဘာ ၁ ရက်၊ ကြာသပတေးနေ့၊ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီ (မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ) မှ စတင်၍ အင်တာနက်ဖြင့် လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။ လျှောက်လွှာပိတ်ချိန်မှာ နိုဝင်ဘာ ၂ ရက်၊ တနင်္လာနေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီ (မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ) တိတိ ဖြစ်၏။

လျှောက်လွှာတင်သွင်းရန် အခကြေးငွေ (လုံးဝ) ပေးစရာမလိုဘဲ အခမဲ့ ဖြစ်သည်။ သို့သော်၊ မဲပေါက်လျှင်မူ သက်ဆိုင်ရာ ဗီဇာကြေးများ ပေးသွင်းရပါမည်။

ယခုနှစ် ကံထူးစွာ ဗီဇာမဲပေါက်သူများသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခွင့် ရရှိမည် ဖြစ်၍ တရားဝင်အားဖြင့် DV-2017 ဟု ခေါ်ဆိုပါသည်။ ဒီဗီ ကံစမ်းမဲ အစီအစဉ်ကို အမေရိကန်အစိုးရက ဥပဒေပြဋ္ဌာန်းပြီး ၁၉၉၅ ခုနှစ်မှ စတင် ပြုလုပ်ခဲ့သောကြောင့် ယခု ၂၀၁၅ ခုနှစ်တွင် နှစ် ၂၀ တိုင်ခဲ့ပြီ ဖြစ်သည်။

ယင်းအစီအစဉ်တွင် အမေရိကားသို့ ပြောင်းရွှေ့အခြေချသူ များပြားသော တရုတ်၊ အိန္ဒိယစသည့် နိုင်ငံများတွင် မွေးဖွားသူများ လျှောက်ထားခွင့် မရှိပေ။ မြန်မာနိုင်ငံတွင် မွေးဖွားသူများ လျှောက်ထားခွင့် ရှိပြီး၊ မြန်မာနိုင်ငံသားများနှင့် လက်ထပ်ထားသော အခြားနိုင်ငံသူနိုင်ငံသားများလည်း အကျုံးဝင်ပါသည်။

DV ကံစမ်းမဲတွင် လျှောက်ထားရန် အဓိကအားဖြင့် မွေးဖွားရာနိုင်ငံဖြင့် ကန့်သတ်ထားပြီးနောက်၊ ပညာအရည်အချင်း အထက်တန်းကျောင်း ပြီးဆုံးအောင်မြင်သူ သို့မဟုတ် အလုပ်အတွေ့အကြံုအားဖြင့် လွန်ခဲ့သော ၅ နှစ်အတွင်း နှစ်နှစ်သင်တန်းတစ်ခု တက်ဖူးသူ သို့မဟုတ် လုပ်ငန်းအတွေ့အကြံုလိုအပ်သော အလုပ်တစ်ခုမှာ နှစ်နှစ်ကြာ လုပ်ကိုင်ဖူးသူ ဖြစ်ရမည်ဟု ကန့်သတ်ထားသည်။

အထက်ပါအချက်များနှင့် ကိုက်ညီသော ဇနီးခင်ပွန်းများလည်း သီးခြား လျှောက်လွှာတစ်စောင် တင်သွင်းနိုင်ပါသည်။ လူတစ်ဦးလျှင် လျှောက်လွှာ တစ်စောင်သာ ကန့်သတ်ထားပြီး အပိုလျှောက်ထားကြောင်း တွေ့ရှိလျှင် ပယ်ပစ်မည် ဖြစ်သည်။ အခြားနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာပြည်ဖွားများလည်း လျှောက်ခွင့်ရှိပါသည်။

အမေရိကန်နိုင်ငံခြားရေးဌာန DV ကံစမ်းမဲအစီအစဉ်ဆိုင်ရာ အင်တာနက်စာမျက်နှာမှာ နောက်ဆုံးတင်ထားသည့် ကိန်း ဂဏန်းများအရ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ကံစမ်းမဲ လျှောက်လွှာပေါင်း ၂၆,၀၆၀ လက်ခံရရှိခဲ့ပြီး ၎င်းတို့တွင် အိမ်ထောင်ဖက်နှင့် သားသမီးဦးရေ ၁၈,၃၄၇ ဦး ပါဝင်သည်။

ထို့ကြောင့် လျှောက်ထားသူ စုစုပေါင်း ၄၄,၄၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ကနဦး ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှ ကံစမ်းမဲပေါက်သူပေါင်း ၁၉၇ ဦးရှိပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ဆယ်နှစ်တာကာလအတွင်း ကံစမ်းမဲပေါက်သူ ဦးရေ ၂,၄၉၅ ဦး ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ DV ကံစမ်းမဲအစီအစဉ်ဆိုင်ရာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထား၏။

အမေရိကန်ဗီဇာ ကံစမ်းမဲ DV-2017 နှင့် ပတ်သက်၍ အမေရိကန်သံရုံး၏ ပညာပေး ရှင်းလင်းဟောကြားပွဲများကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သုံးကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ဒီဗီကံစမ်းမဲ လျှောက်ထားမှု အမေရိကန်သံရုံး ရှင်းလင်းဟောပြောမည်

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဒီဗီကံစမ်းမဲဆိုင်ရာ ဝက်ဘ်ဆိုက်လိပ်စာမှာ www.dvlottery.state.gov ဖြစ်ပါသည်။ (အမှန်တကယ် လျှောက်ထားရမည့် အွန်လိုင်းလျှောက်လွှာသည် တရားဝင်လက်ခံမည့် အောက်တိုဘာ ၁ ရက်နေ့မတိုင်မီ တွေ့ရမည် မဟုတ်ပါ။)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...