ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ သတင္းစာရွင္းလင္းပဲြ (စက္တင္ဘာ ၂၁၊ ၂၀၁၅) |
ဒီကေန႔ ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ကခုလိုေျပာၾကားခဲ့တာပါ။ ဖြဲ႔စည္းပံုျပင္ဆင္ေရးမွာ တပ္မေတာ္အေနနဲ႔ဘယ္လိုသေဘာထားသလဲဆိုတာ သူကခုလိုေျပာခဲ့ပါတယ္။
“၅၉ (စ) နဲ႔ပတ္သက္ၿပီး က်ေနာ့သေဘာထားက - ဒါကလည္း ပုဂၢိဳလ္တစ္ေယာက္ကိုရည္ရြယ္တာမဟုတ္ဘူးဆိုတာ က်ေနာ္တုိ႔ ႐ိုး႐ိုးတန္းတန္းပဲ ေျပာခ်င္ပါတယ္။ အနာဂတ္တုိင္းျပည္ကို တာဝန္ယူမယ့္ပုဂၢိဳလ္တစ္ေယာက္ဟာ သံသယကင္းကင္းနဲ႔ သံသယရွင္းရွင္းနဲ႔လုပ္တဲ့သူျဖစ္တာ ပိုေကာင္းပါတယ္- က်ေနာ္တို႔ဒီလိုပဲ ျမင္ပါတယ္။ ၄၃၆ (က) တို႔၊ ၁၀၉ (ခ) တို႔၊ ၁၅၁ (ခ) တို႔ သံုးခ်က္ကေတာ့ တိုင္းျပည္ရဲ႕တည္ၿငိမ္ေအးခ်မ္းေရးကို ကာကြယ္ဖို႔ အမ်ားႀကီးစဥ္းစား…ဒါေတြကို အတည္ျပဳလို႔ရွိရင္ေတာ့ ခုနကေျပာတဲ့ သံုးခ်က္ကို အေျခအေနေတြကို မူတည္ၿပီးေျပာင္းမယ္လို႔ ….က်ေနာ္ ေျပာခဲ့ပါတယ္။ ဒါႀကီးကို တရားေသဆုတ္ကိုင္ၿပီးေတာ့ …. ။”
တပ္မေတာ္အေနနဲ႔ ေရြးေကာက္ပြဲရလဒ္အေပၚမွာ ေကာ္မရွင္အဆံုးျဖတ္ကိုလက္ခံမွာျဖစ္ေၾကာင္း၊ ေရြးေကာက္ပြဲ ရလဒ္တစံုတရာအေပၚမွာ အာဏာျပန္သိမ္းမယ္ဆိုတဲ့အစီစဥ္တပ္မေတာ္မွာ လံုးဝမရွိပါေၾကာင္း၊ ဒီ့အျပင္ တပ္မေတာ္ အေနနဲ႔ တက္လာတဲ့အစိုးရတိုင္းနဲ႔လည္း လက္တြဲလုပ္ေဆာင္မွာ ျဖစ္တယ္လို႔ေျပာလိုက္ပါတယ္။
“က်ေနာ့္အေနနဲ႔လည္း ႀကိဳဆိုပါတယ္။ ဘယ္သူပဲျဖစ္ျဖစ္ပါ၊ တာဝန္ထမ္းေဆာင္ရမယ့္ အမ်ဳိးသားပဲျဖစ္ျဖစ္၊ အမ်ဳိးသမီးပဲျဖစ္ျဖစ္ ႀကိဳဆိုတဲ့အေၾကာင္း ေျပာလိုပါတယ္။ ေနရာေပးဖို႔လည္း အဆင္သင့္ရွိေၾကာင္း က်ေနာ္ေျပာလိုတယ္။ အဲဒီေတာ့ ျဖစ္လည္းျဖစ္ေစခ်င္ပါတယ္။”
လက္ရွိလုပ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ျမန္မာဆိုတဲ့စိတ္နဲ႔ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔လူတိုင္းလက္တြဲ လုပ္ေဆာင္ေပး ေစခ်င္ေၾကာင္းသူကခုလို မွတ္ခ်က္ေပးခဲ့ပါတယ္။
“ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔က …… အကုန္လံုးတုိင္းျပည္ေအးေအးခ်မ္းခ်မ္းျဖစ္ေအာင္ လုပ္ေစခ်င္တဲ့ဆႏၵ တပ္မေတာ္မွာအျပည့္အဝရွိတယ္။ က်ေနာ့္ရဲ႕ ပုဂၢိဳလ္ေရးဆႏၵ ေျပာရလို႔ရွိရင္ ….တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး ….တိုင္းျပည္ဖံြ႔ၿဖိဳးတိုးတက္ေရးကို က်ေနာ္လိုလားပါတယ္။ တပ္မေတာ္ရဲ႕ဆႏၵကလည္း ဒီအတုိင္းပါပဲ။ တုိင္းရင္းသားလက္နက္ကိုင္ ျပႆနာေတြက ၿပီးခဲ့တဲ့လြတ္လပ္ေရးမရခင္ ကာလေတြတုန္းက ကိုလိုနီျဖစ္ခဲ့တဲ့အေျခအေနမွာ ေပၚထားတဲ့ သံသယေတြရဲ႕ ေနာက္ဆက္တဲြျဖစ္လာတာေတြျဖစ္ပါတယ္။ က်ေနာ္တို႔ လည္း ႀကိဳးစားၿပီး ရွင္းျပပါတယ္။ ေျပလည္တဲ့ဟာေတြရွိတယ္၊ မေျပလည္တဲ့ဟာေတြရွိတယ္။”
ကိုယ္လိုခ်င္တဲ့အခြင့္အေရးအေပၚညိႇႏိႈင္းယူႏိုင္ေၾကာင္း၊ တဖက္သက္အျမင္ေတြနဲ႔ လုပ္ေဆာင္မႈေတြေၾကာင့္ တိုင္းျပည္ အေနနဲ႔ ေရွ႕မတိုးႏိုင္ဘဲ ထင္သေလာက္ခရီးမေပါက္ဘဲျဖစ္ေနတာေတြရွိေၾကာင္းေျပာဆိုလိုက္ပါတယ္။ ဘာသာေရးကို ခုတံုးလုပ္ျပႆနာမျဖစ္ဖို႔လည္း သူက သတိေပးလိုက္ပါတယ္။ လက္ရွိမွာ သံုးစြဲေနတဲ့ တပ္ပိုင္းဆိုင္ရာ အသံုးအႏႈန္း၊ တပ္မေတာ္ဆိုတဲ့ စကားရပ္အေပၚသူကခုလိုေျပာျပခဲ့ပါတယ္။
“ႏိုင္ငံတႏုိင္ငံမွာ တပ္မေတာ္ဆိုတာ တရပ္ပဲရွိိပါတယ္။ ဘယ္မွာမွ….ဘယ္တုန္းကမွ စင္ၿပိဳင္တပ္မေတာ္ဆိုတာမရွိဘူး။ ဒီအတြက္ေၾကာင့္ တပ္မေတာ္ရဲ႕အသံုးအႏႈန္းဟာ တပ္မေတာ္အတြက္ပဲျဖစ္ေစခ်င္ပါတယ္။ တခ်ဳိ႕ေတြက မသက္ဆိုင္တဲ့အဖြဲ႔အစည္းေတြမွာ သြားၿပီးသံုးႏႈန္းေနတာရွိသလိုဘဲ တဘက္ကလည္း က်ေနာ္တို႔တပ္မေတာ္ရဲ႕ဂုဏ္ရဲ႕အသံုးေတြ မွားယြင္းေနတာေတြကို က်ေနာ္တို႔ ေတြ႔ပါတယ္။ ရည္ရြယ္ခ်က္ရွိခ်င္မွလည္း ရွိမွာပါ။ က်ေနာ္တို႔အေနနဲ႔ ရည္ရြယ္ခ်က္ရွိ္လို႔ မေျပာဘူး။ ဒါေလးေတြက ကိုယ့္ႏိုင္ငံရဲ႕ dignity ဂုဏ္သိကၡာအရ၊ တပ္မေတာ္ရဲ႕သိကၡာအရ ဒါေလးေတြကို မွန္မွန္ကန္ကန္ သံုးမယ္ဆိုရင္ေကာင္းပါတယ္။ ဥပမာအားျဖင့္ စစ္တပ္ဆိုတဲ့အသံုးမ်ဳိး၊ တပ္မေတာ္ဆိုတဲ့အသံုးမ်ဳိးနဲ႔ ထူးျခားတဲ့ဝိေသသျပဳခ်င္တယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔က တပ္မေတာ္လုိ႔ သံုးၾကပါတယ္။ သိမ္ေမြ႔တဲ့အသံုးအႏႈန္းျဖစ္ပါတယ္။ စစ္တပ္ဆိုတာမ်ဳိးက နည္းနည္းေလး ျပင္းထန္တဲ့အသံုးအႏႈန္းမ်ဳိးျဖစ္တယ္လို႔ ယူဆပါတယ္။”
ဒါ့အျပင္ မၾကာေသးခင္ကသြားေရာက္လာခဲ့တဲ့ အစၥေရးႏိုင္ငံခရီးစဥ္နဲ႔ပတ္သက္ၿပီး သူကခုလိုေျပာဆိုလိုက္ပါေသးတယ္။
“သူတို႔ႏုိင္ငံေတြကေနၿပီးေတာ့ က်ေနာ္တို႔တပ္မေတာ္သြားေနတဲ့ stand …..နဲ႔ပတ္သက္ၿပီး သူတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္လို႔ရတဲ့ နယ္ပယ္ေတြေပါ့ဗ်ာ- သူတို႔….လုပ္ႏုိင္တဲ့နယ္ေျမေတြ ရွိပါတယ္။ ေနာက္ တပ္မေတာ္ပိုင္းဆိုင္ရာ ေလ့က်င့္ေရး။ စစ္….နဲ႔ပတ္သက္တဲ့ ေလ့က်င့္ေရးေတြ ရွိပါတယ္။ ဒါေလးေတြလည္း ေလ့က်င့္ေပးဖို႔၊ ေလ့က်င့္ ေရးပူးေပါင္းေဆာင္ရြက္ဖို႔ ေဆြးေႏြးခဲ့တာေတြ ရွိပါတယ္။”
လာမယ့္ေရြးေကာက္ပြဲမွာတပ္မေတာ္ဘက္ကေနတင္ေျမာက္မယ့္ ဒုတိယသမၼတေလာင္းနဲ႔ပတ္သက္ၿပီးေရြးခ်ယ္ရ ေသးျခင္းမရွိ ေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္ကေျပာဆိုခဲ့ပါတယ္။
ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
........................
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၂၁၊ ၂၀၁၅)
တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပြဋ္ဌာန်းချက် အတိုင်းသာ လုပ်ဆောင်လိုတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတရေးအတွက် တပ်မတော်အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်ပြီးအာဏာပြန်သိမ်းဖို့ တပ်မတော်မှာ လုံးဝအစီစဉ် မရှိကြောင်းလည်း ပြောဆို လိုက်ပါတယ်။ ဒီသတင်းကို ဗီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ ထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ကခုလိုပြောကြားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ဘယ်လိုသဘောထားသလဲဆိုတာ သူကခုလိုပြောခဲ့ပါတယ်။
“၅၉ (စ) နဲ့ပတ်သက်ပြီး ကျနော့သဘောထားက - ဒါကလည်း ပုဂ္ဂိုလ်တစ်ယောက်ကိုရည်ရွယ်တာမဟုတ်ဘူးဆိုတာ ကျနော်တို့ ရိုးရိုးတန်းတန်းပဲ ပြောချင်ပါတယ်။ အနာဂတ်တိုင်းပြည်ကို တာဝန်ယူမယ့်ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသယကင်းကင်းနဲ့ သံသယရှင်းရှင်းနဲ့လုပ်တဲ့သူဖြစ်တာ ပိုကောင်းပါတယ်- ကျနော်တို့ဒီလိုပဲ မြင်ပါတယ်။ ၄၃၆ (က) တို့၊ ၁၀၉ (ခ) တို့၊ ၁၅၁ (ခ) တို့ သုံးချက်ကတော့ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ဖို့ အများကြီးစဉ်းစား…ဒါတွေကို အတည်ပြုလို့ရှိရင်တော့ ခုနကပြောတဲ့ သုံးချက်ကို အခြေအနေတွေကို မူတည်ပြီးပြောင်းမယ်လို့ ….ကျနော် ပြောခဲ့ပါတယ်။ ဒါကြီးကို တရားသေဆုတ်ကိုင်ပြီးတော့ …. ။”
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ ကော်မရှင်အဆုံးဖြတ်ကိုလက်ခံမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တစုံတရာအပေါ်မှာ အာဏာပြန်သိမ်းမယ်ဆိုတဲ့အစီစဉ်တပ်မတော်မှာ လုံးဝမရှိပါကြောင်း၊ ဒီ့အပြင် တပ်မတော် အနေနဲ့ တက်လာတဲ့အစိုးရတိုင်းနဲ့လည်း လက်တွဲလုပ်ဆောင်မှာ ဖြစ်တယ်လို့ပြောလိုက်ပါတယ်။
“ကျနော့်အနေနဲ့လည်း ကြိုဆိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ တာဝန်ထမ်းဆောင်ရမယ့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကြိုဆိုတဲ့အကြောင်း ပြောလိုပါတယ်။ နေရာပေးဖို့လည်း အဆင်သင့်ရှိကြောင်း ကျနော်ပြောလိုတယ်။ အဲဒီတော့ ဖြစ်လည်းဖြစ်စေချင်ပါတယ်။”
လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မြန်မာဆိုတဲ့စိတ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့လူတိုင်းလက်တွဲ လုပ်ဆောင်ပေး စေချင်ကြောင်းသူကခုလို မှတ်ချက်ပေးခဲ့ပါတယ်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်တို့က …… အကုန်လုံးတိုင်းပြည်အေးအေးချမ်းချမ်းဖြစ်အောင် လုပ်စေချင်တဲ့ဆန္ဒ တပ်မတော်မှာအပြည့်အဝရှိတယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒ ပြောရလို့ရှိရင် ….တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ….တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်လိုလားပါတယ်။ တပ်မတော်ရဲ့ဆန္ဒကလည်း ဒီအတိုင်းပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာတွေက ပြီးခဲ့တဲ့လွတ်လပ်ရေးမရခင် ကာလတွေတုန်းက ကိုလိုနီဖြစ်ခဲ့တဲ့အခြေအနေမှာ ပေါ်ထားတဲ့ သံသယတွေရဲ့ နောက်ဆက်တွဲဖြစ်လာတာတွေဖြစ်ပါတယ်။ ကျနော်တို့ လည်း ကြိုးစားပြီး ရှင်းပြပါတယ်။ ပြေလည်တဲ့ဟာတွေရှိတယ်၊ မပြေလည်တဲ့ဟာတွေရှိတယ်။”
ကိုယ်လိုချင်တဲ့အခွင့်အရေးအပေါ်ညှိနှိုင်းယူနိုင်ကြောင်း၊ တဖက်သက်အမြင်တွေနဲ့ လုပ်ဆောင်မှုတွေကြောင့် တိုင်းပြည် အနေနဲ့ ရှေ့မတိုးနိုင်ဘဲ ထင်သလောက်ခရီးမပေါက်ဘဲဖြစ်နေတာတွေရှိကြောင်းပြောဆိုလိုက်ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြဿနာမဖြစ်ဖို့လည်း သူက သတိပေးလိုက်ပါတယ်။ လက်ရှိမှာ သုံးစွဲနေတဲ့ တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်း၊ တပ်မတော်ဆိုတဲ့ စကားရပ်အပေါ်သူကခုလိုပြောပြခဲ့ပါတယ်။
“နိုင်ငံတနိုင်ငံမှာ တပ်မတော်ဆိုတာ တရပ်ပဲရှိိပါတယ်။ ဘယ်မှာမှ….ဘယ်တုန်းကမှ စင်ပြိုင်တပ်မတော်ဆိုတာမရှိဘူး။ ဒီအတွက်ကြောင့် တပ်မတော်ရဲ့အသုံးအနှုန်းဟာ တပ်မတော်အတွက်ပဲဖြစ်စေချင်ပါတယ်။ တချို့တွေက မသက်ဆိုင်တဲ့အဖွဲ့အစည်းတွေမှာ သွားပြီးသုံးနှုန်းနေတာရှိသလိုဘဲ တဘက်ကလည်း ကျနော်တို့တပ်မတော်ရဲ့ဂုဏ်ရဲ့အသုံးတွေ မှားယွင်းနေတာတွေကို ကျနော်တို့ တွေ့ပါတယ်။ ရည်ရွယ်ချက်ရှိချင်မှလည်း ရှိမှာပါ။ ကျနော်တို့အနေနဲ့ ရည်ရွယ်ချက်ရှိ်လို့ မပြောဘူး။ ဒါလေးတွေက ကိုယ့်နိုင်ငံရဲ့ dignity ဂုဏ်သိက္ခာအရ၊ တပ်မတော်ရဲ့သိက္ခာအရ ဒါလေးတွေကို မှန်မှန်ကန်ကန် သုံးမယ်ဆိုရင်ကောင်းပါတယ်။ ဥပမာအားဖြင့် စစ်တပ်ဆိုတဲ့အသုံးမျိုး၊ တပ်မတော်ဆိုတဲ့အသုံးမျိုးနဲ့ ထူးခြားတဲ့ဝိသေသပြုချင်တယ်ဆိုလို့ရှိရင် ကျနော်တို့က တပ်မတော်လို့ သုံးကြပါတယ်။ သိမ်မွေ့တဲ့အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်ဆိုတာမျိုးက နည်းနည်းလေး ပြင်းထန်တဲ့အသုံးအနှုန်းမျိုးဖြစ်တယ်လို့ ယူဆပါတယ်။”
ဒါ့အပြင် မကြာသေးခင်ကသွားရောက်လာခဲ့တဲ့ အစ္စရေးနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး သူကခုလိုပြောဆိုလိုက်ပါသေးတယ်။
“သူတို့နိုင်ငံတွေကနေပြီးတော့ ကျနော်တို့တပ်မတော်သွားနေတဲ့ stand …..နဲ့ပတ်သက်ပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ နယ်ပယ်တွေပေါ့ဗျာ- သူတို့….လုပ်နိုင်တဲ့နယ်မြေတွေ ရှိပါတယ်။ နောက် တပ်မတော်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး။ စစ်….နဲ့ပတ်သက်တဲ့ လေ့ကျင့်ရေးတွေ ရှိပါတယ်။ ဒါလေးတွေလည်း လေ့ကျင့်ပေးဖို့၊ လေ့ကျင့် ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။”
လာမယ့်ရွေးကောက်ပွဲမှာတပ်မတော်ဘက်ကနေတင်မြောက်မယ့် ဒုတိယသမ္မတလောင်းနဲ့ပတ်သက်ပြီးရွေးချယ်ရ သေးခြင်းမရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ်ကပြောဆိုခဲ့ပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/