ႏွစ္ ဘက္ စစ္ေၾကာင္း လႈပ္ရွား မႈ ေတြ ကို အျပန္အလွန္ အသိေပး ညွိႏွိုင္း ေဆာင္ရြက္ရင္ တိုက္ပြဲ ေတြ ျဖစ္ေပၚ လာစရာ မရွိ ဘူး လို႔ RCSS/SSA က ေျပာ။ |
RCSS/SSA အေျခစိုက္ရာ ေဒသ ကို အစိုးရ တပ္ ခလရ ၅၁၆ က အင္အား ၄၀ ေလာက္ ရွိတဲ့ စစ္ေၾကာင္း ဝင္ေရာက္ လာတဲ့ အတြက္ ကူမုမ္နဲ႔ လြိုင္လင္း ၾကား ေတာလမ္း မွာ ထိေတြ႕ ပစ္ခတ္ မႈ ေတြ ျဖစ္ေပၚ ခဲ့တယ္ လို႔ RCSS/SSA က ေျပာပါတယ္။
ေရြးေကာက္ပြဲႀကိဳ ကာလ မွာ အစိုးရတပ္ ဘက္ ကေန နယ္ေျမလံုၿခံဳေရး၊ နယ္ေျမ ရွင္းလင္းေရး ဆိုတဲ့ အေၾကာင္းျပခ်က္ ေတြ နဲ႔ လူမ်ိဳးစု လက္နက္ကိုင္ ေတြ အေျခခ်ရာ ေတာေတာင္ ေတြ ထဲမွာ လိုက္လံ တိုက္ခိုက္ ေနတယ္ ဆိုၿပီး RCSS/SSA ရဲ့ ေျပာခြင့္ရ ဒုတိယ ဗိုလ္မႈးႀကီး စိုင္းမိန္းက ဘီဘီစီ ကို ေျပာပါတယ္။
အစိုးရ စစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လွိုင္ ကေတာ့ စက္တင္ဘာ ၂၁ ရက္ ေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ ေတာ့ တိုင္းရင္းသား ေဒသေတြ မွာ တိုက္ပြဲ ေတြ ေပၚေပါက္ ေနရတာ နဲ႔ ပတ္သက္ၿပီး လူမ်ိဳးစု လက္နက္ကိုင္ ေတြ အေနနဲ႔ သူတို႔ နယ္ေျမ မဟုတ္တဲ့ ေနရာ ေတြ ကို ဝင္လာ တဲ့ အတြက္ တိုက္ပြဲ ျဖစ္ရတာ လို႔ ေျပာခဲ့ ပါတယ္။
အစိုးရ စစ္တပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ရဲ့ အခုလို ေျပာၾကား မႈ အေပၚ ၿမိဳ႕ေပၚ ေနရာေတြ မွာပါ တရားဝင္ ဆက္ဆံေရး ေတြ ဖြင့္လွစ္ ထားတဲ့ RCSS/SSA က ျငင္းပယ္ လိုက္ၿပီး ႏွစ္ ဘက္ စစ္ေၾကာင္း လႈပ္ရွား မႈ ေတြ ကို အျပန္အလွန္ အသိေပး ညွိႏွိုင္း ေဆာင္ရြက္ရင္ တိုက္ပြဲ ေတြ ျဖစ္ေပၚ လာစရာ မရွိ ဘူး လို႔ ေျပာပါတယ္။
ဒါ့အျပင္ အခု ေပၚေပါက္ လာတဲ့ တိုက္ပြဲ ေတြဟာ အစိုးရ ဘက္က စီမံခ်က္ နဲ႔ ေဆာင္ရြက္ ေနတာ ျဖစ္တယ္ လို႔လည္း ဒုဗိုလ္မႈးႀကီး စိုင္းမိန္းက စြပ္စြဲ ေျပာဆိုပါတယ္။
တႏိုင္ငံလံုး အပစ္ရပ္ စာခ်ဳပ္ NCA လက္မွတ္ ထိုး ႏိုင္ဖို႔ ႀကိဳးစား ေနၾက တုန္းမွာပဲ ကခ်င္ ျပည္နယ္ နဲ႔ ရွမ္းျပည္နယ္ ထဲ က ေနရာ တခ်ိဳ႕ မွာ အစိုးရ စစ္တပ္ နဲ႔ ကခ်င္ လက္နက္ကိုင္ KIA၊ ရွမ္းလက္နက္ကိုင္ RCSS/SSA နဲ႔ တအာင္းပေလာင္ လက္နက္ကိုင္ TNLA တို႔ နဲ႔ အၾကား တိုက္ပြဲ ေတြ ျပန္လည္ ျဖစ္ေပၚ လာေနတာ ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese
................................................
နှစ် ဘက် စစ်ကြောင်း လှုပ်ရှား မှု တွေ ကို အပြန်အလှန် အသိပေး ညှိနှိုင်း ဆောင်ရွက်ရင် တိုက်ပွဲ တွေ ဖြစ်ပေါ် လာစရာ မရှိ ဘူး လို့ RCSS/SSA က ပြော။
ရှမ်းပြည်တောင်ပိုင်း နမ်ဆန် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ အကြား အခုရက် ပိုင်း ထဲမှာပဲ တိုက်ပွဲတွေ ဖြစ်ပေါ် လာခဲ့ ပြန်ပါတယ်။
RCSS/SSA အခြေစိုက်ရာ ဒေသ ကို အစိုးရ တပ် ခလရ ၅၁၆ က အင်အား ၄၀ လောက် ရှိတဲ့ စစ်ကြောင်း ဝင်ရောက် လာတဲ့ အတွက် ကူမုမ်နဲ့ လွိုင်လင်း ကြား တောလမ်း မှာ ထိတွေ့ ပစ်ခတ် မှု တွေ ဖြစ်ပေါ် ခဲ့တယ် လို့ RCSS/SSA က ပြောပါတယ်။
ရွေးကောက်ပွဲကြို ကာလ မှာ အစိုးရတပ် ဘက် ကနေ နယ်မြေလုံခြုံရေး၊ နယ်မြေ ရှင်းလင်းရေး ဆိုတဲ့ အကြောင်းပြချက် တွေ နဲ့ လူမျိုးစု လက်နက်ကိုင် တွေ အခြေချရာ တောတောင် တွေ ထဲမှာ လိုက်လံ တိုက်ခိုက် နေတယ် ဆိုပြီး RCSS/SSA ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှုးကြီး စိုင်းမိန်းက ဘီဘီစီ ကို ပြောပါတယ်။
အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကတော့ စက်တင်ဘာ ၂၁ ရက် နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ တော့ တိုင်းရင်းသား ဒေသတွေ မှာ တိုက်ပွဲ တွေ ပေါ်ပေါက် နေရတာ နဲ့ ပတ်သက်ပြီး လူမျိုးစု လက်နက်ကိုင် တွေ အနေနဲ့ သူတို့ နယ်မြေ မဟုတ်တဲ့ နေရာ တွေ ကို ဝင်လာ တဲ့ အတွက် တိုက်ပွဲ ဖြစ်ရတာ လို့ ပြောခဲ့ ပါတယ်။
အစိုးရ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အခုလို ပြောကြား မှု အပေါ် မြို့ပေါ် နေရာတွေ မှာပါ တရားဝင် ဆက်ဆံရေး တွေ ဖွင့်လှစ် ထားတဲ့ RCSS/SSA က ငြင်းပယ် လိုက်ပြီး နှစ် ဘက် စစ်ကြောင်း လှုပ်ရှား မှု တွေ ကို အပြန်အလှန် အသိပေး ညှိနှိုင်း ဆောင်ရွက်ရင် တိုက်ပွဲ တွေ ဖြစ်ပေါ် လာစရာ မရှိ ဘူး လို့ ပြောပါတယ်။
ဒါ့အပြင် အခု ပေါ်ပေါက် လာတဲ့ တိုက်ပွဲ တွေဟာ အစိုးရ ဘက်က စီမံချက် နဲ့ ဆောင်ရွက် နေတာ ဖြစ်တယ် လို့လည်း ဒုဗိုလ်မှုးကြီး စိုင်းမိန်းက စွပ်စွဲ ပြောဆိုပါတယ်။
တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA လက်မှတ် ထိုး နိုင်ဖို့ ကြိုးစား နေကြ တုန်းမှာပဲ ကချင် ပြည်နယ် နဲ့ ရှမ်းပြည်နယ် ထဲ က နေရာ တချို့ မှာ အစိုးရ စစ်တပ် နဲ့ ကချင် လက်နက်ကိုင် KIA၊ ရှမ်းလက်နက်ကိုင် RCSS/SSA နဲ့ တအာင်းပလောင် လက်နက်ကိုင် TNLA တို့ နဲ့ အကြား တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပေါ် လာနေတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese