အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ မဲဆြယ္စည္း႐ံုးေရးမွာ အသံုးျပဳတဲ့ သေကၤတတခု။ (ဓာတ္ပံု- NLD) |
ရန္ကုန္တုိင္းေဒသႀကီး ကိုကိုးကၽြန္းၿမိဳ႕နယ္မွာ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီကို ကိုယ္စားျပဳ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ ခရီးစဥ္အခက္အခဲေၾကာင့္ အခုခ်ိန္ထိ အဲဒီကို သြားလို႔မရေသးဘဲ ျဖစ္ေနပါတယ္။ ဒီအေျခအေန အျပည့္အစုံကို ကိုရန္ႏုိင္က တင္ျပထားပါတယ္။
ေရြးေကာက္ပဲြမဲဆြယ္စည္း႐ုံးမႈေတြကို စက္တင္ဘာ ၈ ရက္ေန႔က စတင္ခြင့္ျပဳလိုက္ေပမဲ့ ရန္ကုန္တုိင္းေဒသႀကီး ကိုကိုးကၽြန္းၿမိဳ႕နယ္မွာ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီကို ကိုယ္စားျပဳ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္းေတြအေနနဲ႔ မဲဆြယ္စည္း႐ုံးေရးေတြ မလုပ္ႏုိင္ေသးဘဲ ျဖစ္ေနပါတယ္။ ကိုကိုးကၽြန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးက ကိုကိုးကၽြန္းကို လိုက္ပါမယ့္သူနဲ႔ ပစၥည္းစာရင္းေတြေပးဖို႔ စက္တင္ဘာ ၁၄ ရက္ေန႔က ေတာင္းလို႔ေပးခဲ့ေပမဲ့ သေဘၤာမထြက္ျဖစ္တာေၾကာင့္ မဲဆြယ္စည္း႐ုံးေရးေတြ မလုပ္ႏုိင္ေသးဘူးလို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦး၀င္းမင္းက ေျပာပါတယ္။
“၁၈ ရက္ေန႔ မနက္ ၆ နာရီ အေရာက္လာဖို႔ က်ေနာ့္ကို ေျပာပါတယ္။ အဲဒီအတြက္ ဗိုလ္တေထာင္ ဆိပ္ကမ္းကို အဲဒီေန႔ ၆ နာရီ အေရာက္သြားပါတယ္။ ဒါေပမဲ့ အဲဒီေန႔ မနက္ ၁၀ နာရီ ၄၅ ေလာက္မွာ ေထြအုပ္႐ံုးက ၀န္ထမ္းေတြက ဒီေန႔ သေဘၤာမထြက္ျဖစ္ဘူး။ သေဘၤာထြက္မယ့္ေန႔ကို က်ေနာ္တို႔ကို အေၾကာင္းၾကားပါ့မယ္လို႔ ေျပာတယ္။ အဲဒီအတြက္ က်ေနာ္တို႔က ျပန္လာခဲ့ရပါတယ္။ အခုလည္း က်ေနာ္တို႔ ဖုန္းဆက္ၿပီး စံုစမ္းပါတယ္။ အခုထိ သေဘၤာထြက္မယ့္ရက္ကို က်ေနာ္တို႔ မသိရွိရေသးပါဘူး။ ၂၀ ရက္ေန႔ ၁၀ နာရီခြဲေလာက္မွာ သူတို႔ အေၾကာင္းၾကားပါတယ္။ အဲဒီသေဘၤာ မထြက္ျဖစ္ေတာ့ဘူး။ အဲဒီပစၥည္းေတြကို ျပန္လာသယ္ရမယ္လို႔ က်ေနာ္တို႔ကို အေၾကာင္းၾကားပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ၂၀ ရက္ေန႔ ေန႔ခင္း ၁၁ နာရီေလာက္မွာ က်ေနာ္တို႔ သြားေစာင့္ပါတယ္။ ပစၥည္းေတြ ေရာက္မလာေသးပါဘူး။ ၂၀ ရက္ေန႔ ညေန ၆ နာရီေလာက္မွာ သူတို႔ သေဘၤာေလးနဲ႔ ပစၥည္းေတြ ျပန္သယ္လာေပးပါတယ္။ ဒါနဲ႔ ပစၥည္းေတြကို က်ေနာ္တို႔ ႐ံုးကို ျပန္သယ္လာပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က ၂၀ ရက္ေန႔အထိ သြားခြင့္ မရေသးပါဘူး။”
ကပၸလီပင္လယ္အတြင္းမွာရွိတဲ့ ကိုကိုးကၽြန္းၿမိဳ႕နယ္ကို တပ္မေတာ္ေရ စစ္သေဘၤာေတြနဲ႔ တပ္မေတာ္အင္ဂ်င္နီယာတပ္ရဲ႕ ေဆာက္လုပ္ေရးပစၥည္းတင္ သေဘၤာ ၂ မ်ိဳးပဲ ေရလမ္းကေန အခုခ်ိန္မွာ သြားေရာက္ေနတာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။ ဒီကေန႔ အဂၤါေန႔မွာ ကိုကိုးကၽြန္းကို သြားေရာက္မယ့္ ေလယာဥ္ခရီးစဥ္မွာ လိုက္ပါမယ့္ လူစာရင္းကို ေတာင္းခဲ့ေပမဲ့လည္း လိုက္ပါႏုိင္ခဲ့ျခင္းမရွိဘဲ ၊ ျပည္ခုိင္ၿဖိဳးပါတီက ၀င္ေရာက္အေရြးခံမယ့္ သူေတြပဲ ပါသြားခဲ့တယ္လု႔ိ အခုလို ေျပာပါတယ္။
“က်ေနာ္တို႔ ဒီေန႔ ၂၂ ရက္ေန႔ အဂၤါေန႔ထြက္မယ့္ ေလယာဥ္တစီး ရွိပါတယ္။ အဲဒီ ေလယာဥ္နဲ႔ ၃ ေယာက္ လိုက္ခြင့္ရမယ္ဆိုၿပီးေတာ့ ကိုကိုးကၽြန္း အေထြေထြ႐ံုးကေန က်ေနာ့္ကို အေၾကာင္းၾကားပါတယ္။ အဲေတာ့ ၂၁ ရက္ေန႔ ႐ံုးဖြင့္ရက္ေန႔မွာ သူတို႔ဆီကို လိုက္မယ့္ လူစာရင္း လာေပးပါလို႔ အေၾကာင္းၾကားတဲ့အတြက္ က်ေနာ္ ၂၁ ရက္ေန႔က လိုက္ပါမယ့္သူ ၃ ဦးရဲ႕ စာရင္းနဲ႔ မွတ္ပံုတင္နံပါတ္ကို က်ေနာ္တို႔ သြားၿပီး အေၾကာင္းၾကားပါတယ္။ ၂၁ ရက္ေန႔ ညေန ၄ နာရီေလာက္မွာ သူတို႔ အေၾကာင္းျပန္ပါတယ္။ လိုက္ပါခြင့္မရဘူးလို႔ သိရပါတယ္။ ၂၂ ရက္ေန႔ မနက္ ၇ နာရီမွာ ေလယာဥ္ ထြက္သြားပါၿပီ။
ေမး။ ။ လိုက္ပါခြင့္ မရတာကေကာ ဘာေၾကာင့္လို႔ေျပာလဲ။
ေျဖ။ ။ က်ေနာ္တို႔ေမးတာေပါ့ ဘာေၾကာင့္မို႔ က်ေနာ္တို႔ကို မေပးဘူးလဲဆိုတာ မသိရပါဘူး။ လက္ရွိ အဲဒီေလယာဥ္မွာေတာ့ ဒီ ကိုကိုးကၽြန္းၿမိဳ႕နယ္မွာ ႀကံ႕ခိုင္ေရးပါတီကေန ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ဦးသူရသက္ရွည္ သူ႔ရဲ႕ လူတေယာက္ လိုက္ပါသြားတယ္လို႔ က်ေနာ္တို႔ သိရတယ္။”
ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ႏုိင္ငံေရးပါတီေတြရဲ႕ သေဘာတူထားခ်က္ေတြမွာေတာ့ ေ၀းလံေခါင္ဖ်ားတဲ့ ေဒသေတြနဲ႔ သြားလာေရးခက္ခဲတဲ့ ေနရာေတြအတြက္ တပ္မေတာ္ေရယာဥ္ေတြ၊ တပ္မေတာ္ေလယာဥ္ေတြနဲ႔ ေဆာင္ရြက္ေပးမယ္ဆုိတဲ့ အခ်က္ပါ၀င္တယ္လို႔ သူက ေျပာပါတယ္။ အခုလို မဲဆြယ္စည္း႐ုံးေရး အခက္အခဲေတြေၾကာင့္ လာမယ့္ ေရြးေကာက္ပဲြ တရားမွ်တမႈကိုပါ ထိခုိက္ႏုိင္တယ္လို႔ သူကေျပာပါတယ္။
“တရားမွ်တတဲ႔ ေရြးေကာက္ပြဲျဖစ္ေစခ်င္တယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ သြားေရးလာေရး အခက္အခဲျဖစ္ေနတဲ့ ေဒသေတြမွာ သက္ဆိုင္ရာ အာဏာရအစိုးရအဖြဲ႔ေတြ ေရြးေကာက္ပြဲ ေကာ္မရွင္ေတြအေနနဲ႔ ကူညီေဆာင္ရြက္ေပးေစခ်င္ပါတယ္။ အခုလို သူတို႔အေနနဲ႔ မေဆာင္ရြက္ေပးခဲ့ဘူး။ တရားမွ်တတဲ့ ေရြးေကာက္ပြဲ မျဖစ္လာႏိုင္ဘူးလို႔ သံုးသပ္ပါတယ္။”
အခုလို ကိုကိုးကၽြန္းေဒသမွာ အရပ္သားကုိယ္စားလွယ္ေတြ မဲဆြယ္စည္း႐ုံးေရးအတြက္ အခက္အခဲေတြ ျဖစ္ေနသလိုပဲ၊ ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းက တပ္နယ္ေျမထဲမွာ မဲဆြယ္စည္း႐ုံးမႈေတြ လုပ္ေဆာင္လို႔ ရ မရဆုိတာ အခုခ်ိန္ထိ မသိရေသးဘူးလို႔ ေဇယ်ာသီရိၿမိဳ႕နယ္မွာ NLD ပါတီကို ကိုယ္စားျပဳ ၀င္အေရြးခံမယ့္ ကိုယ္စားလွယ္ေလာင္း ေဒၚခင္မ်ိဳးသြင္ က ေျပာပါတယ္ခင္ဗ်ာ။
ကုိရန္ႏုိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................................................................................................................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အသုံးပြုတဲ့ သင်္ကေတတခု။ (ဓာတ်ပုံ- NLD)
လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်ဆောင်နေတာမှာ အရပ်သားကိုယ်စားလှယ်တချို့ကတော့ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ခရီးစဉ်အခက်အခဲကြောင့် အခုချိန်ထိ အဲဒီကို သွားလို့မရသေးဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာ ၈ ရက်နေ့က စတင်ခွင့်ပြုလိုက်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ကိုကိုးကျွန်းကို လိုက်ပါမယ့်သူနဲ့ ပစ္စည်းစာရင်းတွေပေးဖို့ စက်တင်ဘာ ၁၄ ရက်နေ့က တောင်းလို့ပေးခဲ့ပေမဲ့ သင်္ဘောမထွက်ဖြစ်တာကြောင့် မဲဆွယ်စည်းရုံးရေးတွေ မလုပ်နိုင်သေးဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
“၁၈ ရက်နေ့ မနက် ၆ နာရီ အရောက်လာဖို့ ကျနော့်ကို ပြောပါတယ်။ အဲဒီအတွက် ဗိုလ်တထောင် ဆိပ်ကမ်းကို အဲဒီနေ့ ၆ နာရီ အရောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီနေ့ မနက် ၁၀ နာရီ ၄၅ လောက်မှာ ထွေအုပ်ရုံးက ၀န်ထမ်းတွေက ဒီနေ့ သင်္ဘောမထွက်ဖြစ်ဘူး။ သင်္ဘောထွက်မယ့်နေ့ကို ကျနော်တို့ကို အကြောင်းကြားပါ့မယ်လို့ ပြောတယ်။ အဲဒီအတွက် ကျနော်တို့က ပြန်လာခဲ့ရပါတယ်။ အခုလည်း ကျနော်တို့ ဖုန်းဆက်ပြီး စုံစမ်းပါတယ်။ အခုထိ သင်္ဘောထွက်မယ့်ရက်ကို ကျနော်တို့ မသိရှိရသေးပါဘူး။ ၂၀ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ သူတို့ အကြောင်းကြားပါတယ်။ အဲဒီသင်္ဘော မထွက်ဖြစ်တော့ဘူး။ အဲဒီပစ္စည်းတွေကို ပြန်လာသယ်ရမယ်လို့ ကျနော်တို့ကို အကြောင်းကြားပါတယ်။ ဒါကြောင့် ကျနော်တို့ ၂၀ ရက်နေ့ နေ့ခင်း ၁၁ နာရီလောက်မှာ ကျနော်တို့ သွားစောင့်ပါတယ်။ ပစ္စည်းတွေ ရောက်မလာသေးပါဘူး။ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်မှာ သူတို့ သင်္ဘောလေးနဲ့ ပစ္စည်းတွေ ပြန်သယ်လာပေးပါတယ်။ ဒါနဲ့ ပစ္စည်းတွေကို ကျနော်တို့ ရုံးကို ပြန်သယ်လာပါတယ်။ ဒါကြောင့် ကျနော်တို့က ၂၀ ရက်နေ့အထိ သွားခွင့် မရသေးပါဘူး။”
ကပ္ပလီပင်လယ်အတွင်းမှာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ကို တပ်မတော်ရေ စစ်သင်္ဘောတွေနဲ့ တပ်မတော်အင်ဂျင်နီယာတပ်ရဲ့ ဆောက်လုပ်ရေးပစ္စည်းတင် သင်္ဘော ၂ မျိုးပဲ ရေလမ်းကနေ အခုချိန်မှာ သွားရောက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာ ကိုကိုးကျွန်းကို သွားရောက်မယ့် လေယာဉ်ခရီးစဉ်မှာ လိုက်ပါမယ့် လူစာရင်းကို တောင်းခဲ့ပေမဲ့လည်း လိုက်ပါနိုင်ခဲ့ခြင်းမရှိဘဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်အရွေးခံမယ့် သူတွေပဲ ပါသွားခဲ့တယ်လို့ အခုလို ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ ၂၂ ရက်နေ့ အင်္ဂါနေ့ထွက်မယ့် လေယာဉ်တစီး ရှိပါတယ်။ အဲဒီ လေယာဉ်နဲ့ ၃ ယောက် လိုက်ခွင့်ရမယ်ဆိုပြီးတော့ ကိုကိုးကျွန်း အထွေထွေရုံးကနေ ကျနော့်ကို အကြောင်းကြားပါတယ်။ အဲတော့ ၂၁ ရက်နေ့ ရုံးဖွင့်ရက်နေ့မှာ သူတို့ဆီကို လိုက်မယ့် လူစာရင်း လာပေးပါလို့ အကြောင်းကြားတဲ့အတွက် ကျနော် ၂၁ ရက်နေ့က လိုက်ပါမယ့်သူ ၃ ဦးရဲ့ စာရင်းနဲ့ မှတ်ပုံတင်နံပါတ်ကို ကျနော်တို့ သွားပြီး အကြောင်းကြားပါတယ်။ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သူတို့ အကြောင်းပြန်ပါတယ်။ လိုက်ပါခွင့်မရဘူးလို့ သိရပါတယ်။ ၂၂ ရက်နေ့ မနက် ရ နာရီမှာ လေယာဉ် ထွက်သွားပါပြီ။
မေး။ ။ လိုက်ပါခွင့် မရတာကကော ဘာကြောင့်လို့ပြောလဲ။
ဖြေ။ ။ ကျနော်တို့မေးတာပေါ့ ဘာကြောင့်မို့ ကျနော်တို့ကို မပေးဘူးလဲဆိုတာ မသိရပါဘူး။ လက်ရှိ အဲဒီလေယာဉ်မှာတော့ ဒီ ကိုကိုးကျွန်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးသူရသက်ရှည် သူ့ရဲ့ လူတယောက် လိုက်ပါသွားတယ်လို့ ကျနော်တို့ သိရတယ်။”
ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောတူထားချက်တွေမှာတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေနဲ့ သွားလာရေးခက်ခဲတဲ့ နေရာတွေအတွက် တပ်မတော်ရေယာဉ်တွေ၊ တပ်မတော်လေယာဉ်တွေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်ပါ၀င်တယ်လို့ သူက ပြောပါတယ်။ အခုလို မဲဆွယ်စည်းရုံးရေး အခက်အခဲတွေကြောင့် လာမယ့် ရွေးကောက်ပွဲ တရားမျှတမှုကိုပါ ထိခိုက်နိုင်တယ်လို့ သူကပြောပါတယ်။
“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ဆိုရင်တော့ ကျနော်တို့ သွားရေးလာရေး အခက်အခဲဖြစ်နေတဲ့ ဒေသတွေမှာ သက်ဆိုင်ရာ အာဏာရအစိုးရအဖွဲ့တွေ ရွေးကောက်ပွဲ ကော်မရှင်တွေအနေနဲ့ ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။ အခုလို သူတို့အနေနဲ့ မဆောင်ရွက်ပေးခဲ့ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်လာနိုင်ဘူးလို့ သုံးသပ်ပါတယ်။”
အခုလို ကိုကိုးကျွန်းဒေသမှာ အရပ်သားကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ဖြစ်နေသလိုပဲ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းက တပ်နယ်မြေထဲမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်လို့ ရ မရဆိုတာ အခုချိန်ထိ မသိရသေးဘူးလို့ ဇေယျာသီရိမြို့နယ်မှာ NLD ပါတီကို ကိုယ်စားပြု ၀င်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင် က ပြောပါတယ်ခင်ဗျာ။
ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com