နိုဝင်ဘာရွေးကောက်ပွဲကြီး နီးကပ်လာလို့ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ စတင် အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှားနေချိန်မှာ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ခဲ့တဲ့အကြောင်း သမ္မတရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မနေ့က ဗွီဒီယို ထုတ်ပြန်ထားပါတယ်။ ကုန်ဆုံးခါနီးဖြစ်တဲ့ သမ္မတသက်တမ်းအတွင်း အခုလို လုပ်ဆောင်မှုအပေါ် တုံ့ပြန်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာတာကို မအင်ကြင်းနိုင် က စုစည်းတင်ပြထားပါတယ်။
မနေ့က သမ္မတရုံးရဲ့ Facebook ကနေ ထုတ်ပြန်တဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ အရင်အစိုးရတွေက ပိတ်ထားတဲ့ နိုင်ငံတခါးကို ဖွင့်လှစ်ခဲ့ပြီး လွတ်လပ်ခွင့်တွေ ပေးခဲ့တယ်လို့ ပြောထားပါတယ်။၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်အနေနဲ့ စာပေလွတ်လပ်ခွင့်၊ အင်တာနက်လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတာတွေကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
အများစုကတော့ သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရခါစအချိန်မှာ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့ လုပ်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုကြပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်စပြီး အခြေအနေတွေဟာ နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ သုံးသပ်နေကြတာပါ။ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကလည်း -
“ဗွီဒီယိုထဲမှာတော့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းထူထောင်ခွင့်ရပြီး၊ လွတ်လပ်စွာ တောင်းဆိုဆန္ဒပြခွင့်တွေ သမ္မတ ဦးသိန်းစိန်က ခွင့်ပြုခဲ့တယ်လို့ ပြောထားပါတယ်။ ကျနော်တို့မြင်ရတာကတော့ ဆန္ဒပြမှုတွေ များလာလေ ဖမ်းဆီးထောင်ချခံရလေ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ဖမ်းဆီး စွဲချက်တွေတင်ပြီးတော့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေအနေနဲ့ မလုပ်ကြဖို့ အများပြည်သူသိအောင် သမ္မတဦးသိန်းစိန်အနေနဲ့ တရားဝင် တားမြစ် ထုတ်ဖော် ပြောဆိုတာမျိုးလည်း မရှိပါဘူး။ ဒါ့အပြင် ဒီလို ဖမ်းဆီးထောင်ချတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတရုံးက တာဝန်ရှိသူတွေကလည်း ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အခြေအနေတွေ ကောင်းနေပေမဲ့ တနှစ်ကျော်လောက်က စပြီးတော့ အခြေအနေတွေ ပြန်ဆိုးလာခဲ့ပါတယ်။ အဆိုးဘက်သွားနေတဲ့ အခြေအနေတွေကို ရပ်တန့်ဖို့အတွက် နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိပါတယ်။”
မန္တလေးမြို့ခံသတင်းထောက် ကိုစန်းယုကျော်ရဲ့ အမြင်ကတော့ -
“မီဒီယာလွတ်လပ်ခွင့်ပေးတယ်ဆိုတာ ဆင်ဆာတခုတည်း ပယ်ဖျက်ပေးလိုက်တာကို လွတ်လပ်ခွင့်ပေးတယ်လို့ ထင်နေပုံရတယ်ဗျ။ တကယ်လည်း ဆင်ဆာမရှိတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ လွတ်လပ်ခွင့်ဆိုတာ ဒီထက် အစပေါင်းများစွာ လိုတယ်လေဗျာ။ ဥပမာ - သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်တာတွေ မရှိရဘူး။ ပြီးတော့ သတင်းအချက်အလက်တွေကို အစိုးရတွေက မီဒီယာတွေကို လိုအပ်သလို ပေးနိုင်ရမယ်လေ။ ဒါပေမဲ့ အခုလက်ရှိ သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ ခုနကပြောတဲ့ ဒီအချက် ၂ ချက်က ကျန်တာတွေကို မပြောတော့ဘူး။ အဲဒီအချက် ၂ ချက်က ရှိနေသေးတဲ့အတွက် မီဒီယာလွတ်လပ်ခွင့် ဖြေလျှော့ပေးတယ်ဆိုတဲ့ အသုံးအနှုန်းကတော့ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ပဲ ကျနော်ကတော့ ထင်တယ်ဗျ။”
မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွတ်ကလည်း
“တိုင်းပြည်အပြောင်းအလဲအတွက် သူက တတ်စွမ်းသမျှ လုပ်ရမယ်လို့ ခံယူထားပုံတော့ ပေါ်ပါတယ်။ အဲတော့ သူစွမ်းသလောက် သူ နားလည်နိုင်သလောက် သူလုပ်ပေးတာပေါ့ဗျာ။ ကျနော်တို့ တဘက်ကကျတော့ ဒီလို အခွင့်အရေးတွေကို ကျနော်တို့တွေက ထောင်ကျခံပြီး တိုက်ယူခဲ့တဲ့ လူတွေဘက်က နားလည်မှုကကျတော့ ပုံစံတမျိုးဖြစ်နိုင်ပါတယ်။ အဲတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာက အဲဒီနားလည်မှုတွေကို ညှိနှိုင်းပြီး အလုပ်လုပ်သွားနိုင်ရင်တော့ အကောင်းဆုံးအဖြေ ထွက်လာမှာပါ။”
ရန်ကုန်မြို့ခံ ငြိမ်းချမ်းရေးလှုပ်ရှားနေသူ ကိုလူမော်ကတော့ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေကြောင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ခဲ့ရတယ်လို့ မြင်ပါတယ်။
“သူကတော့ စစ်တပ်က ပုဂ္ဂိုလ်ပေါ့နော်။ စစ်တပ်က ပုဂ္ဂိုလ်ဆိုရင်တော့ ဒီလို အတွေ့အကြုံမျိုးတွေကို ပေးတဲ့နေရာမှာတော့ ပွင့်လင်းလာတယ်လို့ သူ့ဘက်က ခံစားရတဲ့ ခံစားချက်ပေါ့နော်။ ဒါ ကျနော်တို့ဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုအခြေအနေဖြစ်ဖို့အတွက် ဒီမိုကရေစီ အင်အားစုတွေ နှစ်နဲ့ချီပြီး အများကြီး ခံစားခဲ့ကြရတာလေ။ ကျနော်တို့ဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီ နိုင်ငံတနိုင်ငံကို ထူထောင်တော့မယ်ဆိုရင်တော့ ဒီလောက် အခွင့်အရေးတွေတော့ အများကြီး ပေးရမှာပေါ့။ အဲတော့ ဒီလိုပေါ့ ပြုပြင်ပြောင်းလဲရေးတခုကို လုပ်ကြတဲ့နေရာမှာ ငါတယောက်တည်း ကောင်းလို့ဆိုတာမျိုး မဟုတ်ဘူးပေါ့နော်။”
အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုဗသက်အောင်ကလည်း မြန်မာပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဖိနှိပ်မှု အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ ပြောပါတယ်။
“ပြည်သူတွေကို ထိန်းချုပ်ပြီးတော့ တခြားသော အတိုက်အခံတွေကိုလည်း ဒီလိုပဲပေါ့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို လိုချင်တဲ့ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ သတင်းစာနယ်ဇင်းသမားတွေပေါ့ဗျာ အားလုံး အကုန်လုံးကို သူက အကန့်အသတ်တွေနဲ့ပဲ သူတို့တွေရဲ့ လက်အောက်ကပဲ သူတို့က အကန့်အသတ်နဲ့ ပေးပြီးတော့ လွတ်လပ်ခွင့် ပေးသယောင်ယောင်လုပ်ထားတဲ့ နည်းစနစ်ပါပဲဗျာ။”
ဒီအတောအတွင်းမှာပဲ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေမှာလည်း NLD အနေနဲ့ ရွေးကောက်ပွဲအနိုင်ရရင် အဂတိကင်းစင်တဲ့ အစိုးရဖွဲ့စည်းမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးဖြစ်လာအောင်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံတဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်အောင် ဆောင်ရွက်မယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
.................................
နိုဝင္ဘာရြေးကောက္ပဲကြီး နီးကပ္လာလို့ ၀င်ရောက်ယွဉ်ပြိုင္မယ့် နိုင်ငံရေးပါတီတြေ စတင် အပြိုင်အဆိုင် မဲဆြယ္လှုပ်ရွားနေခိန္မွာ သမ္မတ ဦးသိန်းစိန္က သူ့အစိုးရလက္ထက်အတြင်ျးမန္မာနိုင်ငံမွာ ဒီမိုကေရစီနဲ့ လူ့အခြင့်အေရးတြေ တိုးတက္ခဲ့တဲ့အေကြာင်း သမ္မတရုံးရဲ့ လူမှုကြန်ယက္စာမ်က်နွာမွာ မေန့က ဗီဒြီယို ထုတ်ျပန္ထားပါတယ်။ ကုန္ဆုံးခါနီျးဖစ္တဲ့ သမ္မတသက္တမ်းအတြင်း အခုလို လုပ်ဆောင္မှုအေပါ် တုံျ့ပန္ခ်က်တြေ အမိုးမိုးထြက်ပေါ်လာတာကို မအင်ကြင်းနိုင် က စုစည်းတင်ျပထားပါတယ်။
မေန့က သမ္မတရုံးရဲ့ Facebook ကေန ထုတ်ျပန္တဲ့ ဗီဒြီယိုမွတ္တမ်းထဲမွာတော့ သမ္မတ ဦးသိန်းစိန်ေအနနဲ့ အရင်အစိုးရေတြက ပိတ္ထားတဲ့ နိုင်ငံတခါးကို ဖြင့်လွစ္ခဲ့ပြီး လြတ္လပ္ခြင့်တြေ ပေးခဲ့တယ္လို့ျေပာထားပါတယ်။၂၀၁၀ ရြေးကောက္ပဲအြပြီး သမ္မတျဖစ္လာတဲ့ ဦးသိန်းစိန်ေအနနဲ့ စာပေလြတ္လပ္ခြင့်၊ အင္တာနက္လြတ္လပ္ခြင့်၊ သတင်းမီဒီယာလြတ္လပ္ခြင့်၊ လြတ္လပ္စြာ ဆန္ဒထုတ်ဖော်ခြင့် စတာတြေကို ခြင့်ျပုခဲ့တယ္လို့ ဆိုပါတယ်။
အမ်ားစုကေတာ့ သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရခါစအခိန္မျွာပျုပင်ျေပာင်းလဲရေးတြေ အရွိန်အဟုန္နဲ့ လုပ္ခဲ့တယ္ဆိုတာကို အသိအမွတ်ျပုကြေပမဲ့ လြန္ခဲ့တဲ့ ၂ နွစ်လောက္စပြီး အျေခအေနေတြဟာ နောက်ျပန္ဆုတ်ြသားခဲ့တယ္လို့ သုံးသပ်နေကြတာပါ။ နယူးယောက်ေအျခစိုက် HRW လူ့အခြင့်အေရး စောင့်ကြည့်ရေးအဖြဲ့ကြီးရဲ့ အာရွေရးရာတာဝန္ခံ Brad Adams ကလည်း -
“ဗြီဒီယိုထဲမွာတော့ အလုပ်သမားသမဂ္ဂတြေ ဖြဲ့စည်းထူထောင္ခြင့်ရပြီး၊ လြတ္လပ္စြာ တောင်းဆိုဆန္ဒျပခြင့်တြေ သမ္မတ ဦးသိန်းစိန္က ခြင့်ျပုခဲ့တယ္လို့ျေပာထားပါတယ်။ က်န္တောိျု့မင်ရတာကေတာ့ ဆန္ဒျပမှုတြေ မ်ားလာလေ ဖမ်းဆီးထောင္ခ်ခံရေလျဖစ္ပါတယ်။ ဆန္ဒျပသူတြေကို ဖမ်းဆီး စြဲခ်က်တြေတင်ပြီးတော့ ထောင္ဒဏ်တြေ ခ်မွတ္ခဲ့တာပါ။ အဲဒျီဖစ်ရပ်တြေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တြေအေနနဲ့ မလုပ်ကြဖို့ အမ်ာျးပည်သူသိအောင် သမ္မတဦးသိန်းစိန်ေအနနဲ့ တရားဝင် တာျးမစ် ထုတ်ဖော်ျေပာဆိုတာမိုးလည်း မရွိပါဘူး။ ဒါ့အျပင် ဒီလို ဖမ်းဆီးထောင္ခ်တာတြေနဲ့ ပတ်သက္တဲ့ မေးခြန်းတြေကိုလည်း နိုင်ငျံခားရေးဝန်ကြီးနဲ့ သမ္မတရုံးက တာဝန်ရွိသူတြေကလည်း ကာကြယ်ျေပာဆိုခဲ့ကြပါတယ်။ လြန္ခဲ့တဲ့ ၃ နွစ်လောက္က အျေခအေနေတြ ကောင်းနေပမဲ့ တနွစ်ကော််လောက္က စပြီးတော့ အျေခအေနေတျြပန္ဆိုးလာခဲ့ပါတယ်။ အဆိုးဘက်ြသားနေတဲ့ အျေခအေနေတြကို ရပ္တန့်ဖို့အတြက် နိုင်ငံခေါင်းဆောင်ျဖစ္တဲ့ သမ္မတ ဦးသိန်းစိန္မွာ တာဝန်ရွိပါတယ်။”
မန္တလေးမြို့ခံသတင်းထောက် ကိုစန်းယုကော််ရဲ့ အျမင္ကေတာ့ -
“မီဒီယာလြတ္လပ္ခြင့်ပေးတယ္ဆိုတာ ဆင္ဆာတခုတည်း ပယ္ဖ်က်ပေးလိုက္တာကို လြတ္လပ္ခြင့်ပေးတယ္လို့ ထင်နေပုံရတယ္ဗ်။ တကယ္လည်း ဆင္ဆာမရွိတာကို က်န္တောို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ လြတ္လပ္ခြင့်ဆိုတာ ဒီထက် အစေပါင်းမ်ားစြာ လိုတယ်လေဗ်ာ။ ဥပမာ - သတင်းသမားတြေကို ဖမ်းဆီးခ်ုပ်နွောင္တာတြေ မရွိရဘူး။ ပြီးတော့ သတင်းအခ်က်အလက်တြေကို အစိုးရေတြက မီဒီယာတြေကို လိုအပ်သလို ပေးနိုင်ရမယ်လေ။ ဒါပေမဲ့ အခုလက်ရွိ သမ္မတ ဦးသိန်းစိန္လက္ထက္မွာတော့ ခုနကျေပာတဲ့ ဒီအခ်က် ၂ ခ်က္က က်န္တာတြေကို မျေပာတော့ဘူး။ အဲဒီအခ်က် ၂ ခ်က္က ရွိနေသးတဲ့အတြက် မီဒီယာလြတ္လပ္ခြင့်ျေဖေလွ်ာ့ပေးတယ္ဆိုတဲ့ အသုံးအနှုန်းကေတာ့ ကြီးကြီးက်ယ္က်ယ်ျေပာတယ္လို့ပဲ က်နော်ကေတာ့ ထင္တယ္ဗ်။”
ျမန္မာအမိုးသားကြန္ဂရက္ပါတီ ဥက္ကဌ ဦးကောင်ျးမင့်ထြတ္ကလည်း
“တိုင်ျးပည်ေအျပာင်းအလဲအတြက် သူက တတ္စြမ်းသမွ် လုပ်ရမယ္လို့ ခံယူထားပုံတော့ ပေါ်ပါတယ်။ အဲတော့ သူစြမ်းသေလာက် သူ နားလည်နိုင်ေသလာက် သူလုပ်ပေးတာပေါ့ဗ်ာ။ က်န္တောို့ တဘက္ကက်တော့ ဒီလို အခြင့်အေရးတြေကို က်န္တောို့တြေက ထောင္က်ခံပြီး တိုက်ယူခဲ့တဲ့ လူတြေဘက္က နားလည္မှုကက်တော့ ပုံစံတမိုျးဖစ်နိုင္ပါတယ်။ အဲတော့ က်န္တောို့ တိုင်ျးပည်ရျဲ့ပဿနာက အဲဒီနားလည္မှုတြေကို ညှိနှိုင်းပြီး အလုပ္လုပ်ြသားနိုင်ရင်တော့ အေကာင်းဆုံးအျေဖ ထြက္လာမွာပါ။”
ရန္ကုန်မြို့ခံ ငြိမ်းခ်မ်းရေးလှုပ်ရွားနေသူ ကိုလူမော်ကေတာ့ ဒီမိုကေရစီရေး လှုပ်ရွားနေကြသူတြေကြာင့် သမ္မတ ဦးသိန်းစိန်ေအနနျဲ့ပျုပင်ျေပာင်းလဲရေးတြေကို လုပ္ခဲ့ရတယ္လိျု့မင္ပါတယ်။
“သူကေတာ့ စစ္တပ္က ပုဂ္ဂိုလ်ပေါ့နော်။ စစ္တပ္က ပုဂ္ဂိုလ္ဆိုရင်တော့ ဒီလို အေတြ့အကြုံမိုးတြေကို ပေးတဲ့နေရာမွာတော့ ပြင့်လင်းလာတယ္လို့ သူ့ဘက္က ခံစားရတဲ့ ခံစားခ်က်ပေါ့နော်။ ဒါ က်န္တောို့ဘက္ကျပန်ကြည့်မယ္ဆိုရင်တော့ ဒီလိုအျေခအေနျဖစ္ဖို့အတြက် ဒီမိုကေရစီ အင်အားစုတြေ နွစ္နဲ့ခ်ီပြီး အမ်ားကြီး ခံစားခဲ့ကြရတာလေ။ က်န္တောို့ဘက္ကျပန်ကြည့်မယ္ဆိုရင္လည်း ဒီမိုကေရစီ နိုင်ငံတနိုင်ငံကို ထူထောင်တော့မယ္ဆိုရင်တော့ ဒီလောက် အခြင့်အေရးတြေတာ့ အမ်ားကြီး ပေးရမွာပေါ့။ အဲတော့ ဒီလိုပေျါ့ပျုပင်ျေပာင်းလဲရေးတခုကို လုပ်ကြတဲ့နေရာမွာ ငါတေယာက္တည်း ကောင်းလို့ဆိုတာမိုး မဟုတ္ဘူးပေါ့နော်။”
အလားတူ ၈၈ မိုးဆက် ကော်င်းသားခေါင်းဆောင်ဟောင်း တဦျးဖစ္တဲ့ ကိုဗသက်အောင္ကလည်ျးမန္မျာပည်သူတြေအေနနဲ့ လက်ရွိအျေခအေနမွာ ဖိနွိပ္မှု အကန့်အသတ်တြေနဲ့ ရင္ဆိုင်နေရဆဲပဲလို့ျေပာပါတယ်။
“ျပည်သူတြေကို ထိန်းခ်ုပ်ပြီးတော့ တျခားသော အတိုက်အခံတြေကိုလည်း ဒီလိုပဲပေါ့ တိုင်ျးပည်ရျဲ့ပျုပင်ျေပာင်းလဲရေးကို လိုခ်င္တဲ့ နိုင်ငံရေးသမားတြေ၊ ပညာရွင်တြေ၊ သတင်းစာနယ္ဇင်းသမားတြေပါ့ဗ်ာ အားလုံး အကုန္လုံးကို သူက အကန့်အသတ်တြေနဲ့ပဲ သူတို့တြေရဲ့ လက်အောက္ကပဲ သူတို့က အကန့်အသတ္နဲ့ ပေးပြီးတော့ လြတ္လပ္ခြင့် ပေးသေယာင်ယောင္လုပ္ထားတဲ့ နည်းစနစ္ပါပဲဗ်ာ။”
ဒီအေတာအတြင်းမွာပဲ အတိုက်အခံပါတီကြီျးဖစ္တဲ့ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် NLD ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည်ရဲ့ ရြေးကောက္ပြဲ မဲဆြယ္စည်းရုံးရေး ဟေျာေပာပဲတြေမွာလည်း NLD အေနနဲ့ ရြေးကောက္ပဲအြနိုင်ရရင် အဂတိကင်းစင္တဲ့ အစိုးရဖြဲ့စည်းမျွာဖစ်ပြီျးမန္မာနိုင်ငံမျွာပျုပင်ျေပာင်းလဲရေးတြေ အျမန္ဆုံျးဖစ္လာအောင္နဲ့ တိုင်းရင်းသားအခြင့်အေရးတြေကို အာမခံတျဲ့ပည်ထောင္စုစနစ် ပေါ်ပေါက်အောင် ဆောင်ြရက္မယ္လို့ ကတိပေးျေပာဆိုခဲ့ပါတယ်။
အင်ကြင်းနိုင် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com