Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကြယ္လြန္သြားသူေတြအတြက္ ရည္ရြယ္တည္ေဆာက္ထားတဲ့ အြန္လိုင္းသုသာန္ Remembr

$
0
0
ကမာၻေပၚကလူေတြဟာ ေသဆံုးၿပီးရင္ ဘ၀ တစ္ခုရွိႏိုင္ေသးသလားဆိုတာကို ႏွစ္ေပါင္းေထာင္ခ်ီ ျငင္းခံုလာခဲ့ၾကပါတယ္။

ဒါေပမယ့္ အင္တာနက္ေပၚမွာေတာ့ မေသဆံုးႏိုင္ျခင္းဆိုတဲ့ Virtual Immortality ဟာ ျဖစ္ႏိုင္ဖို႔လြယ္ကူပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူမႈကြန္ရက္ ေတြဟာ သံုးစြဲသူေသဆံုးသြားေပမယ့္ ထိုသံုးစြဲသူရဲ႕ ပရိုဖိုင္းေတြဟာ မေသဆံုးတဲ့အတြက္ျဖစ္ပါတယ္။

အခုလည္း ေသဆံုးသြားသူေတြအတြက္ က်န္ရစ္သူမိသားစုေတြက အမွတ္တရ တစ္ခု ျပဳလုပ္ေပးႏိုင္မယ့္ လူမႈကြန္ရက္ အသစ္တစ္ခု ထြက္ေပၚလာျပန္ပါတယ္။ ထို လူမႈကြန္ရက္ဟာ ေသဆံုးသြားတဲ့ သူေတြအတြက္ ရည္ရြယ္ၿပီးတည္ေဆာက္ထားတဲ့ အြန္လိုင္း သုသာန္ တစ္ခု ပဲ ျဖစ္ပါတယ္။

ထို ၀က္ဘ္ဆိုက္ကိုေတာ့ Remembr လို႔ေခၚၿပီး က်န္ရစ္သူ မိသားစုေတြအေနနဲ႔ ကြယ္လြန္သြားသူေတြရဲ႕ အုတ္ဂူ အသြင္ မ်ိဳးျဖစ္ႏိုင္မယ့္ ပရိုဖိုင္ေတြကို အမွတ္တရ တည္ေဆာက္ႏိုင္မွာပါ။ ထို၀က္ဘ္ဆိုက္မွာ က်န္ရစ္သူ မိသားစုေတြက ကြယ္လြန္သြားတဲ့သူရဲ႕ ဓါတ္ပံုေတြ ၊ အမွတ္တရ ဗီဒီယို ေတြနဲ႔ ဇာတ္လမ္းေတြကို သူတို႔ရဲ႕ ပရိုဖိုင္းမွာ Upload ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ထိုေသဆံုးသူရဲ႕ အုတ္ဂူ ပရိုဖိုင္းကို အျခား မိတ္ေဆြေတြအား လာေရာက္ ဂါရ၀ ျပဳႏိုင္ေစရန္ Facebook က တစ္ဆင့္လည္း ဖိတ္ၾကားႏိုင္မွာျဖစ္ပါတယ္။ ကြယ္လြန္ကာစ လူတစ္ေယာက္ေယာက္ရဲ႕ အသုဘ အခမ္းအနားကို တက္ေရာက္ဖို႔ အဆင္မေျပတဲ့သူေတြအတြက္လည္း ထို ၀က္ဘ္ဆိုက္က တစ္ဆင့္ ဖိတ္ၾကားၿပီး အသုဘ အခမ္းအနား သဖြယ္ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ထို Remembr ဆိုတဲ့ ၀က္ဘ္ဆိုက္ ကိုေတာ့ ေဟာ္လန္ႏိုင္ငံက ကုမၼဏီ တစ္ခု က ၂၀၁၃ ခုႏွစ္မွာ စတင္တည္ေဆာက္ထားတာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ကမာၻတစ္၀ွမ္းလံုးက လူေတြကလည္း သံုးစြဲေနၾကၿပီျဖစ္တယ္လို႔ သိရပါတယ္။

( Mario )
.........................
ကွယ်လွန်သွားသူတွေအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ အွန်လိုင်းသုသာန် Remembr


ကမ္ဘာပေါ်ကလူတွေဟာ သေဆုံးပြီးရင် ဘဝ တစ်ခုရှိနိုင်သေးသလားဆိုတာကို နှစ်ပေါင်းထောင်ချီ ငြင်းခုံလာခဲ့ကြပါတယ်။

ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ မသေဆုံးနိုင်ခြင်းဆိုတဲ့ Virtual Immortality ဟာ ဖြစ်နိုင်ဖို့လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ရက် တွေဟာ သုံးစွဲသူသေဆုံးသွားပေမယ့် ထိုသုံးစွဲသူရဲ့ ပရိုဖိုင်းတွေဟာ မသေဆုံးတဲ့အတွက်ဖြစ်ပါတယ်။

အခုလည်း သေဆုံးသွားသူတွေအတွက် ကျန်ရစ်သူမိသားစုတွေက အမှတ်တရ တစ်ခု ပြုလုပ်ပေးနိုင်မယ့် လူမှုကွန်ရက် အသစ်တစ်ခု ထွက်ပေါ်လာပြန်ပါတယ်။ ထို လူမှုကွန်ရက်ဟာ သေဆုံးသွားတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ အွန်လိုင်း သုသာန် တစ်ခု ပဲ ဖြစ်ပါတယ်။

ထို ၀က်ဘ်ဆိုက်ကိုတော့ Remembr လို့ခေါ်ပြီး ကျန်ရစ်သူ မိသားစုတွေအနေနဲ့ ကွယ်လွန်သွားသူတွေရဲ့ အုတ်ဂူ အသွင် မျိုးဖြစ်နိုင်မယ့် ပရိုဖိုင်တွေကို အမှတ်တရ တည်ဆောက်နိုင်မှာပါ။ ထိုဝက်ဘ်ဆိုက်မှာ ကျန်ရစ်သူ မိသားစုတွေက ကွယ်လွန်သွားတဲ့သူရဲ့ ဓါတ်ပုံတွေ ၊ အမှတ်တရ ဗီဒီယို တွေနဲ့ ဇာတ်လမ်းတွေကို သူတို့ရဲ့ ပရိုဖိုင်းမှာ Upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုသေဆုံးသူရဲ့ အုတ်ဂူ ပရိုဖိုင်းကို အခြား မိတ်ဆွေတွေအား လာရောက် ဂါရဝ ပြုနိုင်စေရန် Facebook က တစ်ဆင့်လည်း ဖိတ်ကြားနိုင်မှာဖြစ်ပါတယ်။ ကွယ်လွန်ကာစ လူတစ်ယောက်ယောက်ရဲ့ အသုဘ အခမ်းအနားကို တက်ရောက်ဖို့ အဆင်မပြေတဲ့သူတွေအတွက်လည်း ထို ၀က်ဘ်ဆိုက်က တစ်ဆင့် ဖိတ်ကြားပြီး အသုဘ အခမ်းအနား သဖွယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ထို Remembr ဆိုတဲ့ ၀က်ဘ်ဆိုက် ကိုတော့ ဟော်လန်နိုင်ငံက ကုမ္မဏီ တစ်ခု က ၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ထားတာဖြစ်ပြီး အခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေကလည်း သုံးစွဲနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>