Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မိုင္းတုံၿမိဳ႕နယ္ ၀ တပ္ဖြဲ႕ႏွင့္ ျဖစ္ပြားေသာပစ္ခတ္မွု စရဖ အရာရွိေသဆုံး

$
0
0

စက္တင္ဘာလ ၂၅ ရက္ ၂၀၁၅

သၽွမ္းျပည္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္ မိုင္းတုံၿမိဳ႕နယ္ အတြင္း ေျမယာျပႆနာ အျငင္း ပြား မွုေၾကာင့္ ေတာင္ပိုင္း ၀ တပ္ဖြဲ႕ ႏွင့္ စရဖ တို႔ ပစ္ခတ္မွုတြင္ မိုင္းဆတ္ေဆး႐ုံ၌ အဆိုပါ စရဖ အရာရွိငယ္ ေသဆုံးသြားသည္ဟု သိရသည္။

၂၀၁၅ စက္တင္ဘာ ၂၃ ရက္ေန႔ မိုင္းတုံၿမိဳ႕ေတာင္ဘက္ နားေကာင္းမူးေက်း ရြာတြင္ ၿခံေၿမ ေရာင္းဝယ္မွုျပႆနာ ေၾကာင့္ စရဖ အရာရွိငယ္ ညီညီေအာင္ (ညီညီထြန္း) ဆိုသူ ႏွင့္ ၀ တပ္ဖြဲ႕ ဝင္တို႔ အျငင္းပြားၿပီး ပစ္ခတ္မွုျဖစ္ပြား ခဲ့သည္။ အဆိုပါ ညတြင္ ပင္ မိုင္းဆတ္သို႔ ပို႔ေဆာင္ကု၏။

ဝမ္းဗိုက္တြင္ဒဏ္ရာျပင္းထန္စြာရွိသည့္အတြက္ မိုင္းဆတ္ေဆး႐ုံ၌ပင္ စက္တင္ ဘာ၂၄ ရက္ေန႔က ေသဆုံးသြားသည္ဟု နီးစပ္သည့္ အသိုင္း အဝိုင္းကေျပာသည္။

“အဲဒီေျမေနရာက စိုင္း --- ဆိုသူက ဝယ္ယူတယ္။ တ႐ုတ္လူမ်ိဳးေတြ ဆီကေန။ အဲဒီဝယ္ထား တဲ့သူက ျပင္ဆင္ဖို႔ သြား လုပ္ ေတာ့၊ ၀ တပ္ဖြဲ႕ ဝင္ ေတြကလာတားတာ။ သူတို႔ ပိုင္ဆိုင္တဲ့ အိမ္ၿခံေျမကြက္ျဖစ္တယ္။ ဝိုင္းဝန္းေျဖရွင္းေပးဖို႔ လာတဲ့ စရဖ က ၾကားဝင္ေျပာရာကေန တဘက္တခြန္းေျပာတယ္။ စကားက လဲ သိပ္မေပါက္ေတာ့ ပစ္ခတ္မွုျဖစ္ၾကတာ” - ဟု နားေကာင္းမူးေဒသခံ ရပ္မိရပ္ဖတဦး က ေျပာသည္။

သီးျခားအတည္ျပဳခ်က္မရေသးသည့္သတင္းအရ အဆိုပါ ပစ္ခတ္ခံရသည့္ ၀ အရာရွိငယ္ လည္း ယမန္ေန႔က ပင္ေသဆုံး သြားသည္ဟုဆိုသည္။

ယခုျဖစ္ပြားသည့္ ကိစၥသည္ ကိုယ္ေရးကိုယ္တာကိစၥသာျဖစ္ေၾကာင္း၊ ၀ ျပည္ေသြးစည္းညီညြတ္ ေရးတပ္မေတာ္ ႏွင့္ မသက္ဆိုင္ေၾကာင္း ၀ အရာရွိ တဦးကေျပာသည္။

သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese
...............................................

စက်တင်ဘာလ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း မြေယာပြဿနာ အငြင်း ပွား မှုကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့ နှင့် စရဖ တို့ ပစ်ခတ်မှုတွင် မိုင်းဆတ်ဆေးရုံ၌ အဆိုပါ စရဖ အရာရှိငယ် သေဆုံးသွားသည်ဟု သိရသည်။

၂၀၁၅ စက်တင်ဘာ ၂၃ ရက်နေ့ မိုင်းတုံမြို့တောင်ဘက် နားကောင်းမူးကျေး ရွာတွင် ခြံမြေ ရောင်းဝယ်မှုပြဿနာ ကြောင့် စရဖ အရာရှိငယ် ညီညီအောင် (ညီညီထွန်း) ဆိုသူ နှင့် ၀ တပ်ဖွဲ့ ဝင်တို့ အငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ပွား ခဲ့သည်။ အဆိုပါ ညတွင် ပင် မိုင်းဆတ်သို့ ပို့ဆောင်ကု၏။

ဝမ်းဗိုက်တွင်ဒဏ်ရာပြင်းထန်စွာရှိသည့်အတွက် မိုင်းဆတ်ဆေးရုံ၌ပင် စက်တင် ဘာ၂၄ ရက်နေ့က သေဆုံးသွားသည်ဟု နီးစပ်သည့် အသိုင်း အဝိုင်းကပြောသည်။

“အဲဒီမြေနေရာက စိုင်း --- ဆိုသူက ဝယ်ယူတယ်။ တရုတ်လူမျိုးတွေ ဆီကနေ။ အဲဒီဝယ်ထား တဲ့သူက ပြင်ဆင်ဖို့ သွား လုပ် တော့၊ ၀ တပ်ဖွဲ့ ဝင် တွေကလာတားတာ။ သူတို့ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေကွက်ဖြစ်တယ်။ ဝိုင်းဝန်းဖြေရှင်းပေးဖို့ လာတဲ့ စရဖ က ကြားဝင်ပြောရာကနေ တဘက်တခွန်းပြောတယ်။ စကားက လဲ သိပ်မပေါက်တော့ ပစ်ခတ်မှုဖြစ်ကြတာ” - ဟု နားကောင်းမူးဒေသခံ ရပ်မိရပ်ဖတဦး က ပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ ပစ်ခတ်ခံရသည့် ၀ အရာရှိငယ် လည်း ယမန်နေ့က ပင်သေဆုံး သွားသည်ဟုဆိုသည်။

ယခုဖြစ်ပွားသည့် ကိစ္စသည် ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်ကြောင်း၊ ၀ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် နှင့် မသက်ဆိုင်ကြောင်း ၀ အရာရှိ တဦးကပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>