Quantcast
Viewing all articles
Browse latest Browse all 13796

ေျခေထာက္ႏွစ္ဖက္လုံးဆုံးရွဳံးျပီးေနာက္ ေရကူးခ်န္ပီယံျဖစ္လာတဲ့ တရုတ္ႏိုင္ငံက ‘ဘတ္စကတ္ေဘာေကာင္မေလး’


Image may be NSFW.
Clik here to view.
ယာဥ္မေတာ္တဆမွဳမွာ ေျခေထာက္ႏွစ္ဖက္လုံးဆုံးရွဳံးခဲ့ရသည့္တုိင္ သူမရဲ့ အနာဂတ္ကို ပုံေဖာ္ဖန္တီးေနတဲ့ တရုတ္ျပည္က ကေလးမေလးတေယာက္ရဲ့ဇာတ္လမ္းဟာ တစ္ကမၻာလုံးက မသန္မစြမ္းလူေတြရဲ့ စိတ္ဓာတ္ကိုတြန္းအားေပးႏိုင္တဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္လာပါတယ္။
တရုတ္ႏိုင္ငံအေနာက္ေတာင္ပုိင္း၊ Yunnan စီရင္စု၊ Qian Hongyan ဆိုသူကေလးမေလးတစ္ေယာက္ ဘတ္စကတ္ေဘာ ေဘာလုံးတစ္လုံး အကူအညီနဲ ့သြားလာေနတဲ့ပုံကို ဓာတ္ပုံရိုက္ကူးခဲ့ျပီးေနာက္မွာ ဒီသတင္းဟာ ၂၀၀၅ ခုႏွစ္ရဲ့ ေခါင္းၾကီးသတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ ဒီေန ့မွာေတာ့၊ အဆုိပါကေလးမေလးဟာ မသန္မစြမ္းအိုလံပစ္မွာ ေရႊတံဆိပ္ယူမယ့္ အိပ္မက္ေတြနဲ ့ ေရကူးခ်န္ပီယံ တစ္ေယာက္ျဖစ္လာပါျပီ။
၂၀၀၉ ခုႏွစ္မွာ၊ ရည္မွန္းခ်က္ၾကီးတဲ့မသန္မစြမ္းေကာင္မေလးဟာ တရုတ္ႏိုင္ငံမသန္မစြမ္းအားကစား ေရကူးျပိဳင္ပြဲရဲ့ ႏိုင္ငံခ်န္ပီယံျဖစ္ခဲ့ျပီး လြန္ခဲ့တဲ့ စက္တင္ဘာလမွာ သူမဟာ Yunnan စီရင္စုမသန္မစြမ္း အားကစားျပိဳင္ပြဲမွာ ေနာက္ထပ္ေရႊတံဆိပ္တစ္ခု ထပ္မံဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အသက္ေလးႏွစ္အရြယ္ ၂၀၀၀ ခုႏွစ္မွာ ျပင္းထန္တဲ့မေတာ္တဆမွဳေၾကာင့္ အသက္ဆုံးရွဳံးလုနီးပါး ျဖစ္ခဲ့ရျပီး Qian Hongyan ဟာ ေျခေထာက္ႏွစ္ဖက္လုံးျဖတ္ေတာက္ခဲ့ရပါတယ္။
သူမရဲ့မိသားစုဟာ အရမ္းဆင္းရဲျပီး Qian Hongyan တစ္ေယာက္ ေျခေထာက္ႏွစ္ဖက္လုံး ျပတ္ေတာက္ျပီးေနာက္မွာ၊ သူမရဲ့အဘုိးက သူမရဲ့ကိုယ္ေအာက္ပုိင္းမွာ ဘတ္စကတ္ေဘာ ေဘာလုံးအေဟာင္း တစ္လုံးကို ျဖတ္ခ်ဳပ္ေပးခဲ့တယ္လို ့သိရပါတယ္။ ကေလးမေလးဟာ သစ္သားလက္ကိုင္ျပားကို အားျပဳျပီး သူမရဲ့ လက္ႏွစ္ဖက္နဲ ့ပဲ လမ္းေလွ်ာက္တတ္ေအာင္ ၾကိဳးစားခဲ့ရတယ္လုိ ့ဆုိပါတယ္။  ဘတ္စကတ္ေဘာက သူမအတြက္ ဟန္ခ်က္ထိန္းဖုိ ့အေထာက္အကူေပးျပီး သူမ ပင္ပန္းလုိ ့နားခ်င္တဲ့အခါမွာလည္း ခုံတစ္ခုလုိ အေထာက္အကူျပဳေပးပါတယ္။
ဒီလုိပုံစံေၾကာင့္ ေဒသခံေတြၾကားမွာ ‘ဘတ္စကတ္ေဘာေကာင္မေလး’ အျဖစ္ နာမည္တြင္ခဲ့ျပီး ၂၀၀၅ ခုႏွစ္မွာ သူမအေၾကာင္း ႏိုင္ငံတကာမီဒီယာေတြမွာ ပါခဲ့ျပီးေနာက္ အေထာက္အပံ့ အကူအညီေတြရရွိခဲ့ကာ မုိင္ေပါင္း ၁၆၀၀ ေ၀းတဲ့ ေဘဂ်င္းျမိဳ ့မွာ ပထမဆုံး ေျခတုတပ္ဆင္ခြင့္ရခဲ့ပါတယ္။ လွွဴဒါန္းမွဳေတြေၾကာင့္၊ Qian Hongyan ဟာ မူလတန္းေက်ာင္းကို ျပီးေျမာက္ေအာင္ တတ္ႏိုင္ခဲ့ျပီး အသက္ ၁၁ ႏွစ္ေနာက္ပုိင္းမွာေတာ့ သူမရဲ့ ပညာေရးကို မိသားစုက ေထာက္ပံ့ဖုိ ့ေငြလုံလုံေလာက္ေလာက္မရွိလုိ ့တစ္ပုိင္းတစ္စရပ္နားခဲ့ရပါတယ္။
ဒါေပမယ့္ Qian Hongyan ဟာ စိတ္ဓာတ္မက်ဘဲ ေဒသတြင္းက မသန္မစြမ္းေရကူးအဖြဲ ့South of the Cloud ကို ၀င္ေရာက္ကာ ေရကူးသင္ခဲ့တာျဖစ္ပါတယ္။ ေရကူးခါစမွာပဲ အခက္အခဲေတြ အမ်ားၾကီးၾကဳံခဲ့ ရေပမယ့္ အခုအခါမွာ သူမဟာ ႏိုင္ငံျပိဳင္ပြဲေတြမွာ ေရႊတံဆိပ္အမ်ားအျပားရရွိထားျပီး ၂၀၁၂ ခုႏွစ္ လန္ဒန္ မသန္မစြမ္းအုိလံပစ္မွာ ေၾကးတံဆိပ္ရရွိခဲ့ေၾကာင္း သိရပါတယ္။
Ref: Dailymail

http://www.trend.com.mm/2015/09/24/news-7738
.........................................................................................................................

ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးပြီးနောက် ရေကူးချန်ပီယံဖြစ်လာတဲ့ တရုတ်နိုင်ငံက ‘ဘတ်စကတ်ဘောကောင်မလေး’

ye wint

ယာဉ်မတော်တဆမှုမှာ ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ရသည့်တိုင် သူမရဲ့ အနာဂတ်ကို ပုံဖော်ဖန်တီးနေတဲ့ တရုတ်ပြည်က ကလေးမလေးတယောက်ရဲ့ဇာတ်လမ်းဟာ တစ်ကမ္ဘာလုံးက မသန်မစွမ်းလူတွေရဲ့ စိတ်ဓာတ်ကိုတွန်းအားပေးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာပါတယ်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Yunnan စီရင်စု၊ Qian Hongyan ဆိုသူကလေးမလေးတစ်ယောက် ဘတ်စကတ်ဘော ဘောလုံးတစ်လုံး အကူအညီနဲ ့သွားလာနေတဲ့ပုံကို ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက်မှာ ဒီသတင်းဟာ ၂၀၀၅ ခုနှစ်ရဲ့ ခေါင်းကြီးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီနေ ့မှာတော့၊ အဆိုပါကလေးမလေးဟာ မသန်မစွမ်းအိုလံပစ်မှာ ရွှေတံဆိပ်ယူမယ့် အိပ်မက်တွေနဲ ့ ရေကူးချန်ပီယံ တစ်ယောက်ဖြစ်လာပါပြီ။

၂၀၀၉ ခုနှစ်မှာ၊ ရည်မှန်းချက်ကြီးတဲ့မသန်မစွမ်းကောင်မလေးဟာ တရုတ်နိုင်ငံမသန်မစွမ်းအားကစား ရေကူးပြိုင်ပွဲရဲ့ နိုင်ငံချန်ပီယံဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ စက်တင်ဘာလမှာ သူမဟာ Yunnan စီရင်စုမသန်မစွမ်း အားကစားပြိုင်ပွဲမှာ နောက်ထပ်ရွှေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက်လေးနှစ်အရွယ် ၂၀၀၀ ခုနှစ်မှာ ပြင်းထန်တဲ့မတော်တဆမှုကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး Qian Hongyan ဟာ ခြေထောက်နှစ်ဖက်လုံးဖြတ်တောက်ခဲ့ရပါတယ်။

သူမရဲ့မိသားစုဟာ အရမ်းဆင်းရဲပြီး Qian Hongyan တစ်ယောက် ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်ပြီးနောက်မှာ၊ သူမရဲ့အဘိုးက သူမရဲ့ကိုယ်အောက်ပိုင်းမှာ ဘတ်စကတ်ဘော ဘောလုံးအဟောင်း တစ်လုံးကို ဖြတ်ချုပ်ပေးခဲ့တယ်လို ့သိရပါတယ်။ ကလေးမလေးဟာ သစ်သားလက်ကိုင်ပြားကို အားပြုပြီး သူမရဲ့ လက်နှစ်ဖက်နဲ ့ပဲ လမ်းလျှောက်တတ်အောင် ကြိုးစားခဲ့ရတယ်လို ့ဆိုပါတယ်။  ဘတ်စကတ်ဘောက သူမအတွက် ဟန်ချက်ထိန်းဖို ့အထောက်အကူပေးပြီး သူမ ပင်ပန်းလို ့နားချင်တဲ့အခါမှာလည်း ခုံတစ်ခုလို အထောက်အကူပြုပေးပါတယ်။

ဒီလိုပုံစံကြောင့် ဒေသခံတွေကြားမှာ ‘ဘတ်စကတ်ဘောကောင်မလေး’ အဖြစ် နာမည်တွင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ သူမအကြောင်း နိုင်ငံတကာမီဒီယာတွေမှာ ပါခဲ့ပြီးနောက် အထောက်အပံ့ အကူအညီတွေရရှိခဲ့ကာ မိုင်ပေါင်း ၁၆၀၀ ဝေးတဲ့ ဘေဂျင်းမြို ့မှာ ပထမဆုံး ခြေတုတပ်ဆင်ခွင့်ရခဲ့ပါတယ်။ လှှူဒါန်းမှုတွေကြောင့်၊ Qian Hongyan ဟာ မူလတန်းကျောင်းကို ပြီးမြောက်အောင် တတ်နိုင်ခဲ့ပြီး အသက် ၁၁ နှစ်နောက်ပိုင်းမှာတော့ သူမရဲ့ ပညာရေးကို မိသားစုက ထောက်ပံ့ဖို ့ငွေလုံလုံလောက်လောက်မရှိလို ့တစ်ပိုင်းတစ်စရပ်နားခဲ့ရပါတယ်။

ဒါပေမယ့် Qian Hongyan ဟာ စိတ်ဓာတ်မကျဘဲ ဒေသတွင်းက မသန်မစွမ်းရေကူးအဖွဲ ့South of the Cloud ကို ၀င်ရောက်ကာ ရေကူးသင်ခဲ့တာဖြစ်ပါတယ်။ ရေကူးခါစမှာပဲ အခက်အခဲတွေ အများကြီးကြုံခဲ့ ရပေမယ့် အခုအခါမှာ သူမဟာ နိုင်ငံပြိုင်ပွဲတွေမှာ ရွှေတံဆိပ်အများအပြားရရှိထားပြီး ၂၀၁၂ ခုနှစ် လန်ဒန် မသန်မစွမ်းအိုလံပစ်မှာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။

Ref: Dailymail

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>