Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကုလညီလာခံ ပထမဆံုး ျမန္မာကုိယ္စားျပဳ အထူးသံ ခ်စ္သုေဝ တက္ေရာက္

$
0
0


ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္ေနတဲ့ Handwashing Ambassador ေဒါက္တာ ခ်စ္သုေ၀။
ျမန္မာႏိုင္ငံ အပါအ၀င္ ဖံြၿဖိဳးဆဲႏိုင္ငံေတြက ကေလးနဲ႔ မိခင္ေတြအတြက္ က်န္းမာေရး ကာကြယ္ေစာင့္ေရွာက္မယ့္ လုပ္ငန္းေတြမွာ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းရဲ႕ ကူညီေထာက္ပံ့မႈေတြဟာ အလြန္အေရးပါတယ္လို႔ ကုလသမဂၢ အေထြေထြ ညီလာခံကို တက္ေရာက္ေနတဲ့ နာမည္ေက်ာ္ ျမန္မာအႏုပညာရွင္ ခ်စ္သုေ၀က ေျပာဆိုလိုက္ပါတယ္။ နယူးေယာက္ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ညီလာခံကို "ကေလးတေယာက္ ငါးႏွစ္ေရာက္ဖို႔ ဒို႔ေတြကူညီစို႔"အစီအစဥ္ရဲ႕ လက္ေဆးမႈ ကိုေထာက္ခံအားေပးတဲ့ အထူးသံ Handwashing Ambassador အေနနဲ႔ ခ်စ္သုေ၀ဟာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ပထမဆံုးအႀကိမ္ တက္ေရာက္ေနတာပါ။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစံုေျပာျပမွာပါ။

အႀကိမ္ (၇၀) ေျမာက္ က်င္းပေနတဲ့ ကုလသမဂၢ အေထြေထြညီလာခံကေန ဖံြၿဖိဳး တိုးတက္ဆဲႏိုင္ငံေတြနဲ႔ ပတ္သက္လို႔ ေထာက္ပံ့ကူညီေဆာင္ရြက္မယ့္ လုပ္ငန္း စဥ္ေတြ ကို ခ်မွတ္မွာျဖစ္တာေၾကာင့္ ႏိုင္ငံေရး၊ လူမွဳေရး၊ က်န္းမာေရး၊ ပညာေရးစတဲ့ က႑ေပါင္းစံုမွာ ပါဝင္လွဳပ္ရွားေနၾကတဲ့ အစိုးရမဟုတ္တဲ့ NGO အဖဲြ႔အစည္း ကိုယ္စားလွယ္ ေတြလည္း တက္ေရာက္ေနၾကတာပါ။

SDGs လို႔ေခၚတဲ့ ကုလသမဂၢရဲ႕ ေရရွည္ခံမယ့္ ဖံြ႔ၿဖိဳးတိုးတက္ေရးရည္မွန္းခ်က္ (၁၇) ခ်က္ထဲ ပါ၀င္တဲ့ က်န္းမာေရးဆိုင္ရာ အခ်က္မွာ တကိုယ္ေရ သန္႔စင္မွဳကိစၥ ပါ၀င္ႏိုင္ေရး နဲ႔ အဲဒီ့အတြက္ ပညာေပး လွဳံေဆာ္မွဳေတြမွာ ကုလသမဂၢ အေထြေထြ ညီလာခံကေန ဆံုးျဖတ္ခ်က္ခ်ၿပီး ကူညီပံပိုးေပးႏိုင္ဖို႔ သူ႔အေနနဲ႔ ျမန္မာႏိုင္ငံ ကိုယ္စားျပဳပီး ေဆာင္ရြက္ေနေၾကာင္း နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ အေထြေထြ ညီလာခံကို တက္ေရာက္ေနတဲ့ ခ်စ္သုေ၀ကေျပာပါတယ္။

"Sustainable Development Goals (SDGs) မွာ ပါဝင္ႏုိင္ၿပီ ဆိုလို႔ရွိရင္ အဓိက အဲ့ဒီ့အတြက္ လာႀကိဳးစားၾကတာပါ။ တကယ္လို႔သာ Sustainable Development Goals နံပတ္အဆင့္မွာ hygiene indicator ပါသြားၿပီဆိိုလို႔ရွိရင္ သမီးတို႔လို Developing Countries ေတြက Goal အရ အလုပ္လုပ္ေနၾကရတဲ့ ႏိုင္ငံေတြ အတြက္ အရမ္းအဆင္ေျပသြားၿပီ။ အဲ့ဒီ့ႏုိင္ငံက ျပည္သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈက အရမ္းအဆင္ေျပသြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ သမီးတို႔ က်န္းမာေရးဝန္ႀကီးဌာနကလည္း လုပ္ေတာ့မယ္။ တကယ္လို႔သာ UN က Sustainable Development Goals (SDGs) ကို အတည္ျဖစ္ၿပီးေတာ့ Hygiene Indicator ပါသြားၿပီဆိိုတာနဲ႔ Water assessment ေတြ Handwashing with Soap အေရးႀကီးျခင္းေတြဟာ က်န္းမာေရးဝန္ႀကီးဌာနကလည္း လုပ္ေတာ့မယ္။ NGO ေတြကလည္း ဝင္လာၿပီး Support လုပ္ေတာ့မယ္ အဲ့ဒီ့အခါမွာ သမီးတို႔ အတူပူးေပါင္းၿပီးေတာ့ ကေလးအေသအေပ်ာက္ႏႈန္းကို ေလ်ာ့ခ်ႏုိင္မယ္။ အဲ့ဒီ့အတြက္ သမီး အဓိက လာတာပါ။"

ဒီကေန႔ နယူးေယာက္ၿမိဳ႕မွာ က်င္းပမယ့္ Global Citizen Festival ဆိုတဲ့ ကမၻာလံုးဆိုင္ရာႏိုင္ငံသား ပဲြေတာ္မွာလည္း ျမန္မာအႏုပညာရွင္တဦးအေနနဲ႔ ပါ၀င္ေဆာင္ရြက္မယ့္ အစီအစဥ္ေတြကို ခ်စ္သုေ၀က အခုလိုေျပာပါတယ္။

"International Celebrities ထဲက ဆိုလို႔ရွိရင္ အမ်ားႀကီး လာၾကမွာပါ။ ၿပီးေတာ့ performance လုပ္မယ့္သူေတြက Beyonce၊ Ed Sheeran သူတို႔ေတြ လာၾကမွာပါ။  အဲ့ဒီ့ပြဲက VIP ဧရိယာမွာ သမီးတို႔ေတြက ပါဝင္တဲ့ ႏုိင္ငံတကာ အႏုပညာရွင္ေတြ၊ ေပၚလစီခ်မွတ္တဲ့သူေတြကို သမီးတို႔ရဲ႕ အလုပ္ျဖစ္တဲ့ Handwashing with Soap က သိပ္အေရးႀကီးေၾကာင္း ကို ေျပာၾကရမယ္။ ေျပာၾကၿပီးေတာ့ သူတို႔ကေန တဆင့္ ကမာၻေပၚမွာ ရွိတဲ့ ပရိတ္သတ္ေတြရဲ႕ အားကို ယူမွာပါ။"

ဒါအျပင္ အေထြေထြညီလာခံကို တက္ေရာက္လာတဲ့ ႏိုင္ငံတကာေခါင္းေဆာင္ေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ကမၻာေက်ာ္ အႏုပညာရွင္ေတြနဲ႔ေတြ႔ဆံုၿပီး ျမန္မာႏိုင္ငံ အတြက္ လိုအပ္ေနတဲ့ က်န္းမာေရး ကာကြယ္ေစာင့္ေရွာက္ေရးဆိုင္ရာ ကိစၥရပ္ေတြ ကို လည္း သူ႔အေနနဲ႔ ေျပာဆိုေဆြးေႏြးႏိုင္ခဲ့တယ္လို႔ ဆရာ၀န္ တဦးလည္းျဖစ္တဲ့ ခ်စ္သုေဝကေျပာပါတယ္။

"ဒါ ပထမဦးဆံုး ျမန္မာျပည္က World Stage မွာ Represent လုပ္ရတာပဲ။ အဲ့ဒီ့ေတာ့ ကမာၻ႔အဆင့္မွာ Social Work လုပ္ေပးေနတဲ့ Celebrities ေတြ လည္းရွိတယ္ဆိုတာ သူတို႔သိသြားတယ္။ ဘယ္ေလာက္အထိ လုပ္ေဆာင္ႏုိင္သလဲ ဆိုတဲ့ သမီးတို႔ရဲ႕ Mission ေတြအေၾကာင္းလည္း သူတို႔သိသြားတယ္။ ၿပီးေတာ့ ေနာက္တခုက ဒီလိုပြဲေတြမွာ ေတြ႔ရေသာ အစံုစံုေသာ ေပၚလစီ ခ်မွတ္တဲ့သူေတြ ႏိုင္ငံ့ေခါင္းေဆာင္ေတြကေန တဆင့္ သမီးတို႔ လိုအပ္ေနတဲ့အရာေလးေတြကို သမီးေျပာျပခြင့္ရလာတယ္။

သမၼတေဟာင္း ကလင္တန္နဲ႔ ခ်စ္သုေဝ

ဥပမာအားျဖင့္ ဆိုပါစို႔ မေန႔ညကဆိုလို႔ရွိရင္ ကလင္တန္နဲ႔ ႏုတ္ဆက္ႏုိင္တယ္ ကလင္တန္ကို သမီးတို႔ Mission  သမီး Mission ေလးအေၾကာင္း သမီးေျပာျပလိုက္ႏုိင္တယ္။ ကလင္တန္ကလည္း အသိအမွတ္ျပဳလုိက္တယ္။ အဲ့ေတာ့ ျမန္မာျပည္အတြက္ တခုခု လုပ္ရမွာပါလားဆိုတာ အနည္းဆံုးေတာ့ ေခါင္းထဲ ေရာက္သြားမွာပါပဲ။"

ခ်စ္သုေ၀ကိုယ္တိုင္ ဦးေဆာင္လွဳပ္ရွားေနတဲ့ ကေလးနဲ႕မိခင္ေတြရဲ႕ လက္ကိုစင္ၾကယ္စြာေဆးေၾကာျခင္းအားျဖင့္ကူးစက္ေရာဂါကာကြယ္ႏိုင္တယ္ဆိုတဲ့ အစီအစဥ္ကို Lifebuoy ဆပ္ျပာကုမၸဏီက အကူအညီေပးေနတာျဖစ္ပါတယ္။ ဒီအစီအစဥ္ကို မႏွစ္ကစတင္အေကာင္အထည္ေဖၚခဲ့ၿပီး ရန္ကုန္ၿမိဳ႕ကေက်ာင္းသူေက်ာင္းသား ငါးသိန္းအထိ က်န္းမာေရးပညာေပးႏိုင္ခဲ့တယ္လို႕ ခ်စ္သုေ၀က ဗီြအိုေအကို ေျပာသြားပါတယ္ရွင္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

,,..............................................................................................................................................

 ကုလညီလာခံ ပထမဆုံး မြန်မာကိုယ်စားပြု အထူးသံ ချစ်သုဝေ တက်ရောက်

ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ Handwashing Ambassador ဒေါက်တာ ချစ်သုဝေ။
မြန်မာနိုင်ငံ အပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေက ကလေးနဲ့ မိခင်တွေအတွက် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မယ့် လုပ်ငန်းတွေမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှုတွေဟာ အလွန်အရေးပါတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ နာမည်ကျော် မြန်မာအနုပညာရှင် ချစ်သုဝေက ပြောဆိုလိုက်ပါတယ်။ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ညီလာခံကို "ကလေးတယောက် ငါးနှစ်ရောက်ဖို့ ဒို့တွေကူညီစို့"အစီအစဉ်ရဲ့ လက်ဆေးမှု ကိုထောက်ခံအားပေးတဲ့ အထူးသံ Handwashing Ambassador အနေနဲ့ ချစ်သုဝေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံးအကြိမ် တက်ရောက်နေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

အကြိမ် (၇၀) မြောက် ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဖွံဖြိုး တိုးတက်ဆဲနိုင်ငံတွေနဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီဆောင်ရွက်မယ့် လုပ်ငန်း စဉ်တွေ ကို ချမှတ်မှာဖြစ်တာကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ကိုယ်စားလှယ် တွေလည်း တက်ရောက်နေကြတာပါ။

SDGs လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ခံမယ့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၇) ချက်ထဲ ပါ၀င်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်မှာ တကိုယ်ရေ သန့်စင်မှုကိစ္စ ပါ၀င်နိုင်ရေး နဲ့ အဲဒီ့အတွက် ပညာပေး လှုံဆော်မှုတွေမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ဆုံးဖြတ်ချက်ချပြီး ကူညီပံပိုးပေးနိုင်ဖို့ သူ့အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပီး ဆောင်ရွက်နေကြောင်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ ချစ်သုဝေကပြောပါတယ်။

"Sustainable Development Goals (SDGs) မှာ ပါဝင်နိုင်ပြီ ဆိုလို့ရှိရင် အဓိက အဲ့ဒီ့အတွက် လာကြိုးစားကြတာပါ။ တကယ်လို့သာ Sustainable Development Goals နံပတ်အဆင့်မှာ hygiene indicator ပါသွားပြီဆိိုလို့ရှိရင် သမီးတို့လို Developing Countries တွေက Goal အရ အလုပ်လုပ်နေကြရတဲ့ နိုင်ငံတွေ အတွက် အရမ်းအဆင်ပြေသွားပြီ။ အဲ့ဒီ့နိုင်ငံက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအဆင်ပြေသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း လုပ်တော့မယ်။ တကယ်လို့သာ UN က Sustainable Development Goals (SDGs) ကို အတည်ဖြစ်ပြီးတော့ Hygiene Indicator ပါသွားပြီဆိိုတာနဲ့ Water assessment တွေ Handwashing with Soap အရေးကြီးခြင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနကလည်း လုပ်တော့မယ်။ NGO တွေကလည်း ဝင်လာပြီး Support လုပ်တော့မယ် အဲ့ဒီ့အခါမှာ သမီးတို့ အတူပူးပေါင်းပြီးတော့ ကလေးအသေအပျောက်နှုန်းကို လျော့ချနိုင်မယ်။ အဲ့ဒီ့အတွက် သမီး အဓိက လာတာပါ။"

ဒီကနေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Global Citizen Festival ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသား ပွဲတော်မှာလည်း မြန်မာအနုပညာရှင်တဦးအနေနဲ့ ပါ၀င်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ချစ်သုဝေက အခုလိုပြောပါတယ်။

"International Celebrities ထဲက ဆိုလို့ရှိရင် အများကြီး လာကြမှာပါ။ ပြီးတော့ performance လုပ်မယ့်သူတွေက Beyonce၊ Ed Sheeran သူတို့တွေ လာကြမှာပါ။  အဲ့ဒီ့ပွဲက VIP ဧရိယာမှာ သမီးတို့တွေက ပါဝင်တဲ့ နိုင်ငံတကာ အနုပညာရှင်တွေ၊ ပေါ်လစီချမှတ်တဲ့သူတွေကို သမီးတို့ရဲ့ အလုပ်ဖြစ်တဲ့ Handwashing with Soap က သိပ်အရေးကြီးကြောင်း ကို ပြောကြရမယ်။ ပြောကြပြီးတော့ သူတို့ကနေ တဆင့် ကမ္ဘာပေါ်မှာ ရှိတဲ့ ပရိတ်သတ်တွေရဲ့ အားကို ယူမှာပါ။"

ဒါအပြင် အထွေထွေညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကို လည်း သူ့အနေနဲ့ ပြောဆိုဆွေးနွေးနိုင်ခဲ့တယ်လို့ ဆရာဝန် တဦးလည်းဖြစ်တဲ့ ချစ်သုဝေကပြောပါတယ်။

"ဒါ ပထမဦးဆုံး မြန်မာပြည်က World Stage မှာ Represent လုပ်ရတာပဲ။ အဲ့ဒီ့တော့ ကမ္ဘာ့အဆင့်မှာ Social Work လုပ်ပေးနေတဲ့ Celebrities တွေ လည်းရှိတယ်ဆိုတာ သူတို့သိသွားတယ်။ ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ ဆိုတဲ့ သမီးတို့ရဲ့ Mission တွေအကြောင်းလည်း သူတို့သိသွားတယ်။ ပြီးတော့ နောက်တခုက ဒီလိုပွဲတွေမှာ တွေ့ရသော အစုံစုံသော ပေါ်လစီ ချမှတ်တဲ့သူတွေ နိုင်ငံ့ခေါင်းဆောင်တွေကနေ တဆင့် သမီးတို့ လိုအပ်နေတဲ့အရာလေးတွေကို သမီးပြောပြခွင့်ရလာတယ်။

သမ္မတဟောင်း ကလင်တန်နဲ့ ချစ်သုဝေ

ဥပမာအားဖြင့် ဆိုပါစို့ မနေ့ညကဆိုလို့ရှိရင် ကလင်တန်နဲ့ နုတ်ဆက်နိုင်တယ် ကလင်တန်ကို သမီးတို့ Mission  သမီး Mission လေးအကြောင်း သမီးပြောပြလိုက်နိုင်တယ်။ ကလင်တန်ကလည်း အသိအမှတ်ပြုလိုက်တယ်။ အဲ့တော့ မြန်မာပြည်အတွက် တခုခု လုပ်ရမှာပါလားဆိုတာ အနည်းဆုံးတော့ ခေါင်းထဲ ရောက်သွားမှာပါပဲ။"

ချစ်သုဝေကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေတဲ့ ကလေးနဲ့မိခင်တွေရဲ့ လက်ကိုစင်ကြယ်စွာဆေးကြောခြင်းအားဖြင့်ကူးစက်ရောဂါကာကွယ်နိုင်တယ်ဆိုတဲ့ အစီအစဉ်ကို Lifebuoy ဆပ်ပြာကုမ္ပဏီက အကူအညီပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မနှစ်ကစတင်အကောင်အထည်ဖေါ်ခဲ့ပြီး ရန်ကုန်မြို့ကကျောင်းသူကျောင်းသား ငါးသိန်းအထိ ကျန်းမာရေးပညာပေးနိုင်ခဲ့တယ်လို့ ချစ်သုဝေက ဗွီအိုအေကို ပြောသွားပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...