Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ယီမင္ဟူသီဗလီ အမ်ိဳးသမီးဟန္ေဆာင္ကာ အေသခံဗံုးခြဲ အနည္းဆံုး ၁၀ ဦးထက္မနည္း ေသဆံုး

$
0
0

 ဆာနား စက္တင္ဘာ ၂၅

 အိုင္အက္စ္အေသခံ ဗံုးခြဲတုိက္ ခိုက္သူတစ္ဦးက ၾကာသပေတးေန႔ တြင္ ယီမင္ဟူသီတို႔၏ ဗလီတစ္ခု အတြင္း အမ်ဳိးသမီးကဲ့သို႔ ဟန္ေဆာင္ ကာ အေသခံဗံုးခြဲတုိက္ခိုက္ခဲ့ရာ ဝတ္ျပဳဆုေတာင္းသူ ၁ဝ ဦးထက္ မနည္း ေသဆံုးသြားခဲ့ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာသည္။

အာရပ္ညြန္႔ေပါင္းတပ္ဖဲြ႕မွ စစ္ ေလယာဥ္မ်ားသည္ ဟာဂ်ားျပည္နယ္ ေနအိမ္တစ္လံုးရွိ ဟူသီတုိ႔အား ေလေၾကာင္းမွတိုက္ခိုက္ရာ ကေလး ေလးဦး အပါအဝင္ တစ္မိသားစု တည္းမွ မိသားစုဝင္ေျခာက္ဦး ေသဆံုးသြားေၾကာင္း၊ အျခားႏွစ္ဦး ဒဏ္ရာရရွိသြားေၾကာင္း ယီမင္ ေျမာက္ပိုင္းေဒသခံမ်ားက ေျပာ သည္။

ဆာနားၿမိဳ႕ေဟာင္းအျပင္ဘက္ အယ္လ္ဘာလီလီဗလီတုိက္ခိုက္မႈ အတြင္း လူေပါင္းမ်ားစြာေသဆံုးျခင္း သို႔မဟုတ္ ဒဏ္ရာရျခင္းမ်ားရွိခဲ့ ေၾကာင္း ယီမင္အိုင္အက္စ္ဌာနခြဲက ေျပာသည္။
ယင္းတုိက္ခိုက္မႈေၾကာင့္ အျခား ၃၆ ဦး ဒဏ္ရာရရွိသြားခဲ့ေၾကာင္း ေဆးအဖဲြ႕က ေျပာသည္။ ဟူသီ ဝက္ဘ္ဆုိက္၌ ေသဆံုးသူ အနည္းဆံုး ၁ဝ ဦးရွိသည္ဟု ဆိုသည္။ ထိုအေတာ အတြင္း အာရပ္မီဒီယာက အနည္းဆံုး ၂၅ ဦး ေသဆံုးခဲ့သည္ဟု ဆုိသည္။

အီရန္မဟာမိတ္ ဟူသီအုပ္စုမ်ား က လြန္ခဲ့ေသာႏွစ္က ဆာနားၿမိဳ႕ကို သိမ္းပိုက္ထားၿပီး သမၼတမန္ဆာဟာ ဒီကို ေဆာ္ဒီအာေရဗ်ႏုိင္ငံသို႔ ထြက္ ေျပးေစခဲ့သည္။
မတ္လကတည္းက အေနာက္ အုပ္စု မဟာမိတ္ေဆာ္ဒီက အာရပ္ ညြန္႔ေပါင္းအဖဲြ႕ကို ဦးေဆာင္ကာ သမၼတဟာဒီ အာဏာျပန္ရေရး အတြက္ ဟူသီတို႔အား ယင္းတုိ႔၏ ေျမာက္ပိုင္းခံတပ္ဆီသို႔ ျပန္လည္ တိုက္ထုတ္လ်က္ရွိသည္။

အုိင္အက္စ္တို႔က စစ္ဆင္ေရး မ်ားခ်ဲ႕ထြင္ကာ တုိက္ခိုက္ေနသည့္ ပဋိပကၡအတြင္း လူေပါင္း၄၅ဝဝေက်ာ္ ေသဆံုးခဲ့ၿပီျဖစ္သည္။

(႐ိုက္တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.........................................................................................................................



 ဆာနား စက်တင်ဘာ ၂၅

 အိုင်အက်စ်အသေခံ ဗုံးခွဲတိုက် ခိုက်သူတစ်ဦးက ကြာသပတေးနေ့ တွင် ယီမင်ဟူသီတို့၏ ဗလီတစ်ခု အတွင်း အမျိုးသမီးကဲ့သို့ ဟန်ဆောင် ကာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဝတ်ပြုဆုတောင်းသူ ၁ဝ ဦးထက် မနည်း သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

အာရပ်ညွန့်ပေါင်းတပ်ဖွဲ့မှ စစ် လေယာဉ်များသည် ဟာဂျားပြည်နယ် နေအိမ်တစ်လုံးရှိ ဟူသီတို့အား လေကြောင်းမှတိုက်ခိုက်ရာ ကလေး လေးဦး အပါအဝင် တစ်မိသားစု တည်းမှ မိသားစုဝင်ခြောက်ဦး သေဆုံးသွားကြောင်း၊ အခြားနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ယီမင် မြောက်ပိုင်းဒေသခံများက ပြော သည်။

ဆာနားမြို့ဟောင်းအပြင်ဘက် အယ်လ်ဘာလီလီဗလီတိုက်ခိုက်မှု အတွင်း လူပေါင်းများစွာသေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများရှိခဲ့ ကြောင်း ယီမင်အိုင်အက်စ်ဌာနခွဲက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် အခြား ၃၆ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဆေးအဖွဲ့က ပြောသည်။ ဟူသီ ဝက်ဘ်ဆိုက်၌ သေဆုံးသူ အနည်းဆုံး ၁ဝ ဦးရှိသည်ဟု ဆိုသည်။ ထိုအတော အတွင်း အာရပ်မီဒီယာက အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အီရန်မဟာမိတ် ဟူသီအုပ်စုများ က လွန်ခဲ့သောနှစ်က ဆာနားမြို့ကို သိမ်းပိုက်ထားပြီး သမ္မတမန်ဆာဟာ ဒီကို ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက် ပြေးစေခဲ့သည်။
မတ်လကတည်းက အနောက် အုပ်စု မဟာမိတ်ဆော်ဒီက အာရပ် ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ကာ သမ္မတဟာဒီ အာဏာပြန်ရရေး အတွက် ဟူသီတို့အား ယင်းတို့၏ မြောက်ပိုင်းခံတပ်ဆီသို့ ပြန်လည် တိုက်ထုတ်လျက်ရှိသည်။

အိုင်အက်စ်တို့က စစ်ဆင်ရေး များချဲ့ထွင်ကာ တိုက်ခိုက်နေသည့် ပဋိပက္ခအတွင်း လူပေါင်း၄၅ဝဝကျော် သေဆုံးခဲ့ပြီဖြစ်သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>