Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အမ္းျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက သစ္သားတုတ္ျဖင့္ ရိုက္၍ ဒုျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေခါင္းတြင္ ၂၂ ခ်က္ ခ်ဳပ္ရ

$
0
0

 ရန္ကုန္၊ စက္တင္ဘာ ၂၇

 ရခိုင္ျပည္နယ္ အမ္းျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေစာလင္းေက်ာ္က ႏွစ္တစ္လက္မ သစ္သားတုတ္ျဖင့္ ရိုက္မႈေၾကာင့္ ဒုအုပ္ခ်ဳပ္ေရးမွဴး စည္သူျမင့္ (၃၀) ႏွစ္တြင္ ဦးေခါင္းတြင္ ဒဏ္ရာ ျပင္းထန္စြာ ရရွိသြားျပီး ေဆးရံုတင္လိုက္ရကာ ၂၂ ခ်က္ ခ်ဳပ္လိုက္ရသည္ဟု ဒု ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက နိရဥၥရာ သတင္းဌာနသို႕ ေျပာသည္။

“ သူ႕ကို ရံုးအကူ တစ္ေယာက္ရဲ႕ ဂ်ဴတီကို က်ေနာ္က ဒီလ ၂၁ ရက္ေန႕ နံနက္ ၁၀ ခန္႕မွာ တင္ျပလိုက္တယ္။ အဲဒါကို တင္ျပရမလားဆိုျပီး ရိုက္တာပါ။ ႏွစ္တစ္လက္မ သစ္သားတံုးနဲ႕ ရိုက္ပါတာပါ။ ဦးေခါင္းကို ခုႏွစ္ခ်က္ ရိုက္ပါတယ္။ ၂၂ တန္ (ခ်က္) ခ်ဳပ္ ရပါတယ္” ဟု ျမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမွဴး စည္သူျမင့္က ေျပာသည္။

အထက္ကို တိုင္ၾကားထားမႈမ်ားမရွိေသာ္လည္း ရဲကို တိုင္ၾကားထားေၾကာင္း၊ သုိ႕ေသာ္ ယခုအခ်ိန္ထိ အမႈမဖြင့္ရေသးဟု သိရွိရေၾကာင္း သူက ဆက္လက္ ေျပာၾကားသည္။

“ ရဲစခန္းကို တိုင္ၾကားထားပါတယ္။ ရဲက ႏွစ္ၾကိမ္ေလာက္ေတာ့ လာသြားပါတယ္။ တိုင္ခ်က္ဖြင့္ထားပါတယ္။ အခုထိ အမႈမဖြင့္ရေသးဘူးလို႕ သိရပါတယ္။ ခုလို ရံုးခ်ိန္း အတြင္းမွာ က်ေနာ္ကို ရိုက္တာဟာ လူမဆံစြာ ႏိုင္လိုမင္းထက္ လုပ္တယ္လို႕ ယူဆပါတယ္” ဟု စည္သူျမင့္ ဆက္လက္ ေျပာဆိုသည္။

ေက်ာက္ျဖဴ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက တစ္ၾကိမ္လာေရာက္ ခဲ့ျပီး ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေစာလင္းေက်ာ္ အေနျဖင့္ လာေရာက္ၾကည့္ရွဳ႕ျခင္း မရွိသည္သာမက ေတာင္းပန္ျခင္းလည္း ျပဳလုပ္မႈ မရွိေၾကာင္း သိရသည္။

“ ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးေတာ့ လာၾကည့္ ပါတယ္။ ေနေကာင္းေအာင္ ေနပါ လို႕ ေျပာသြားပါတယ္။ ဘယ္လို ေျဖရွင္းေပးမယ္ ဆိုတာေတာ့ ေျပာဆို သြားတာ မရွိဘူး။ လက္ရွိကေတာ့ က်ေနာ္က ေခါင္းေတြ ကိုက္တယ္။ ေခါင္းလည္းမူးပါတယ္” ဟု စည္သူျမင့္ က ေျပာဆိုသည္။

အဆိုပါ အမႈ ကိစၥႏွင့္ ပတ္သက္ျပီး အမ္းျမိဳ႕နယ္ ရဲစခန္းသုိ႕ ဆက္သြယ္ေမးျမန္းရာ တာ၀န္က် ဒုရဲအုပ္ ေသာင္းလႊင္ ယခုလို ေျပာသည္။

“ အမႈဖြင့္ထားပါတယ္။ အေရးယူရမွာေပါ့။ ဥပေဒအရ အေရးယူရမွာေပါ့။ အမႈဖြင့္ထားျပီးပါျပီ။ အခု ဌာနဆိုင္ရာက အေရးယူထားျပီ။ က်ေနာ္တို႕က ဥပေဒအရ အေရယူရမွာေပါ့။ ဌာနဆိုင္ရာက အခု ခံုရံုးေတြဖြဲ႕ျပီး စစ္ေဆးျပီး အထက္ကို အစီရင္ခံစာပို႕လိုက္ျပီးလို႕လည္း သိရပါတယ္။ ကၽြန္ေတာ္တို႕ဘက္က အေရးယူဖို႕ဆိုတာကလည္း ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရး ဆိုတာကဗ်ာ၊ က်ေနာ္တို႕ ဌာနၾကီး တစ္ခု ဆိုေတာ့ ၀န္ထမ္းတစ္ေယာက္ကို အေရးယူဖုိ႕ဆိုတာကေတာ့ အထက္လူၾကီးေတြက ေဖ်ာင္းဖ်မလား။ ဒါလည္းေတြလည္း ရွိေသးတာေပါ့ဗ်ာ။ ဒီေကာင္ေလးကေတာ့ ထြက္မယ္ဘဲ ေျပာေနေတာ့ အမႈဖြင့္ ေပးလိုက္ပါတယ္” ဟု ျမိဳ႕နယ္ ရဲမွဴး ေသာင္းလႊင္က နိရဥၥရာက ေမးျမန္းစဥ္ စက္တင္ဘာလ ၂၇ ရက္ေန႔က ျပန္လည္ ေျဖၾကား ေျပာဆိုသည္။

အရိုက္ခံရသူ ဒုျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး စည္သူျမင့္၏ မိခင္မွာ စစ္ေတြတြင္ မိသားစုႏွင့္ ေနထိုင္သူ ျဖစ္ျပီး သားျဖစ္သူကို ေစာင့္ေရွာက္ရန္ အမ္းျမိဳ႕ ေဆးရံုသို႕ ေရာက္ရွိေနစဥ္ စက္တင္ဘာလ ၂၆ ရက္ေန႕က နိရဥၥရာက ေမးျမန္းရာ “ ကၽြန္မတို႕ တရား ဥပေဒေၾကာင္း အရဘဲ ရင္ဆိုင္သြားမွာ ျဖစ္ပါတယ္။ ဥပေဒေၾကာင္းအရ အမွန္တရား ကို ေဖာ္ထုတ္ၾကဖို႕ ေျပာလိုပါတယ္။ အခုက ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမွ လုပ္တယ္ ဆိုေတာ့ ဘယ္သူမွ မေျပာရဲၾကဘူးလို႕ သိရပါတယ္” ဟု ဆိုသည္။

၎ျပင္ မိခင္ ျဖစ္သူက သူသားေခါင္းတြင္ ၂၂ ခ်က္ ခ်ဳပ္ထားရေၾကာင္း၊ ဦးေခါင္းအတြင္းပိုင္းကို ထိခိုက္မႈမ်ားရွိေနမလားဟု သံသယ ျဖစ္ေနသျဖင့္ လာမည့္ အဂၤါေန႕တြင္ စစ္ေတြ ေဆးရံုသုိ႕ ယူေဆာင္ရန္ စီစဥ္ေနေၾကာင္း ေျပာျပသည္။

အရိုက္ခံရသူ ဒုအုပ္ခ်ဳပ္ေရးမွဴး စည္သူျမင့္မွာ အမ္းျမိဳ႕မွာ တာ၀န္ က်သည္မွာ (၂) လခန္႕ သာ ရွိေသးသည္ဟု သိရသည္။ သူ႕ကို ယခုအခါ အမ္းျမိဳ႕နယ္ ျပည္သူ႕ ေဆးရံု သံဃာေဆာင္တြင္ ထားရွိသည္ဟု သိရသည္။

( အမ္းျမိဳ႕ျပည္သူေဆးရံုတြင္ တင္ထားရေသာ ဒုျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကို ဦးေခါင္းဒဏ္ရာမ်ားကို ပတ္တီးစည္းျပီး ေတြ႕ရစဥ္။ စက္တင္ဘာလ ၂၆ ရက္ေန႕က ေဆးရံုတင္ထားစဥ္ နိရဥၥရာက ရိုက္ယူခဲ့ေသာ ဓာတ္ပံု ျဖစ္ပါသည္။)

Arakan State
https://www.facebook.com/NarinjaraNews
.........................

 ရန်ကုန်၊ စက်တင်ဘာ ၂၇

 ရခိုင်ပြည်နယ် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလင်းကျော်က နှစ်တစ်လက်မ သစ်သားတုတ်ဖြင့် ရိုက်မှုကြောင့် ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့် (၃၀) နှစ်တွင် ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်လိုက်ရကာ ၂၂ ချက် ချုပ်လိုက်ရသည်ဟု ဒု မြို့နယ် အုပ်ချုပ်ရေးမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူ့ကို ရုံးအကူ တစ်ယောက်ရဲ့ ဂျူတီကို ကျနော်က ဒီလ ၂၁ ရက်နေ့ နံနက် ၁၀ ခန့်မှာ တင်ပြလိုက်တယ်။ အဲဒါကို တင်ပြရမလားဆိုပြီး ရိုက်တာပါ။ နှစ်တစ်လက်မ သစ်သားတုံးနဲ့ ရိုက်ပါတာပါ။ ဦးခေါင်းကို ခုနှစ်ချက် ရိုက်ပါတယ်။ ၂၂ တန် (ချက်) ချုပ် ရပါတယ်” ဟု မြို့နယ် ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့်က ပြောသည်။

အထက်ကို တိုင်ကြားထားမှုများမရှိသော်လည်း ရဲကို တိုင်ကြားထားကြောင်း၊ သို့သော် ယခုအချိန်ထိ အမှုမဖွင့်ရသေးဟု သိရှိရကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ရဲစခန်းကို တိုင်ကြားထားပါတယ်။ ရဲက နှစ်ကြိမ်လောက်တော့ လာသွားပါတယ်။ တိုင်ချက်ဖွင့်ထားပါတယ်။ အခုထိ အမှုမဖွင့်ရသေးဘူးလို့ သိရပါတယ်။ ခုလို ရုံးချိန်း အတွင်းမှာ ကျနော်ကို ရိုက်တာဟာ လူမဆံစွာ နိုင်လိုမင်းထက် လုပ်တယ်လို့ ယူဆပါတယ်” ဟု စည်သူမြင့် ဆက်လက် ပြောဆိုသည်။

ကျောက်ဖြူ ခရိုင်အုပ်ချုပ်ရေးမှူးက တစ်ကြိမ်လာရောက် ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလင်းကျော် အနေဖြင့် လာရောက်ကြည့်ရှု့ခြင်း မရှိသည်သာမက တောင်းပန်ခြင်းလည်း ပြုလုပ်မှု မရှိကြောင်း သိရသည်။

“ ခရိုင် အုပ်ချုပ်ရေးမှူးတော့ လာကြည့် ပါတယ်။ နေကောင်းအောင် နေပါ လို့ ပြောသွားပါတယ်။ ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာတော့ ပြောဆို သွားတာ မရှိဘူး။ လက်ရှိကတော့ ကျနော်က ခေါင်းတွေ ကိုက်တယ်။ ခေါင်းလည်းမူးပါတယ်” ဟု စည်သူမြင့် က ပြောဆိုသည်။

အဆိုပါ အမှု ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဒုရဲအုပ် သောင်းလွှင် ယခုလို ပြောသည်။

“ အမှုဖွင့်ထားပါတယ်။ အရေးယူရမှာပေါ့။ ဥပဒေအရ အရေးယူရမှာပေါ့။ အမှုဖွင့်ထားပြီးပါပြီ။ အခု ဌာနဆိုင်ရာက အရေးယူထားပြီ။ ကျနော်တို့က ဥပဒေအရ အရေယူရမှာပေါ့။ ဌာနဆိုင်ရာက အခု ခုံရုံးတွေဖွဲ့ပြီး စစ်ဆေးပြီး အထက်ကို အစီရင်ခံစာပို့လိုက်ပြီးလို့လည်း သိရပါတယ်။ ကျွန်တော်တို့ဘက်က အရေးယူဖို့ဆိုတာကလည်း မြို့နယ် အုပ်ချုပ်ရေး ဆိုတာကဗျာ၊ ကျနော်တို့ ဌာနကြီး တစ်ခု ဆိုတော့ ၀န်ထမ်းတစ်ယောက်ကို အရေးယူဖို့ဆိုတာကတော့ အထက်လူကြီးတွေက ဖျောင်းဖျမလား။ ဒါလည်းတွေလည်း ရှိသေးတာပေါ့ဗျာ။ ဒီကောင်လေးကတော့ ထွက်မယ်ဘဲ ပြောနေတော့ အမှုဖွင့် ပေးလိုက်ပါတယ်” ဟု မြို့နယ် ရဲမှူး သောင်းလွှင်က နိရဥ္စရာက မေးမြန်းစဉ် စက်တင်ဘာလ ၂၇ ရက်နေ့က ပြန်လည် ဖြေကြား ပြောဆိုသည်။

အရိုက်ခံရသူ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး စည်သူမြင့်၏ မိခင်မှာ စစ်တွေတွင် မိသားစုနှင့် နေထိုင်သူ ဖြစ်ပြီး သားဖြစ်သူကို စောင့်ရှောက်ရန် အမ်းမြို့ ဆေးရုံသို့ ရောက်ရှိနေစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က နိရဥ္စရာက မေးမြန်းရာ “ ကျွန်မတို့ တရား ဥပဒေကြောင်း အရဘဲ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ အမှန်တရား ကို ဖော်ထုတ်ကြဖို့ ပြောလိုပါတယ်။ အခုက မြို့နယ် အုပ်ချုပ်ရေးမှူးမှ လုပ်တယ် ဆိုတော့ ဘယ်သူမှ မပြောရဲကြဘူးလို့ သိရပါတယ်” ဟု ဆိုသည်။

၎င်းပြင် မိခင် ဖြစ်သူက သူသားခေါင်းတွင် ၂၂ ချက် ချုပ်ထားရကြောင်း၊ ဦးခေါင်းအတွင်းပိုင်းကို ထိခိုက်မှုများရှိနေမလားဟု သံသယ ဖြစ်နေသဖြင့် လာမည့် အင်္ဂါနေ့တွင် စစ်တွေ ဆေးရုံသို့ ယူဆောင်ရန် စီစဉ်နေကြောင်း ပြောပြသည်။

အရိုက်ခံရသူ ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့်မှာ အမ်းမြို့မှာ တာဝန် ကျသည်မှာ (၂) လခန့် သာ ရှိသေးသည်ဟု သိရသည်။ သူ့ကို ယခုအခါ အမ်းမြို့နယ် ပြည်သူ့ ဆေးရုံ သံဃာဆောင်တွင် ထားရှိသည်ဟု သိရသည်။

( အမ်းမြို့ပြည်သူဆေးရုံတွင် တင်ထားရသော ဒုမြို့နယ် အုပ်ချုပ်ရေးမှူးကို ဦးခေါင်းဒဏ်ရာများကို ပတ်တီးစည်းပြီး တွေ့ရစဉ်။ စက်တင်ဘာလ ၂၆ ရက်နေ့က ဆေးရုံတင်ထားစဉ် နိရဥ္စရာက ရိုက်ယူခဲ့သော ဓာတ်ပုံ ဖြစ်ပါသည်။)

Arakan State
https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>