Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေရြးေကာက္ပြဲအၿပီး အေျခခံ ဥပေဒျပင္ဆင္ေရး ႀကိဳးပမ္းမယ္ လုိ႔ ျပည္ခုိင္ၿဖိဳးပါတီ ေျပာ

$
0
0
 ေနျပည္ေတာ္ေကာင္စီနယ္ေျမ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္ကေန ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္ခုိင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္း ၉ ဦးကို စက္တင္ဘာလ ၂၈ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Win Naung Toe/RFA
 လာမယ့္ေရြးေကာက္ပဲြအၿပီး ေပၚေပါက္လာမယ့္ လႊတ္ေတာ္သက္တမ္း ၅ႏွစ္အတြင္းမွာ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရးကို ျပည္ေထာင္စု ႀကံံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက ေဆာင္ရြက္သြားမယ္လို႔ ပါတီရဲ့အေထြေထြအတြင္းေရးမွဴး ဦးတင္ႏုိင္သိန္းက ဒီေန႔ ေျပာၾကားလိုက္ပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ ၿမိဳ႕နယ္ ၈ၿမိဳ႕နယ္ကေန ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္ခုိင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္း ၉ ဦးနဲ႔ ပါတီ၀င္ေတြ ေတြ႔ဆံုပဲြမွာ ဦးတင္ႏုိင္သိန္းက ေျပာခဲ့တာျဖစ္ပါတယ္။

"လာမယ့္ ၅ ႏွစ္အတြင္းမွာ တိုင္းရင္းသားေတြရဲ႕ ဆႏၵအေပၚ မူတည္ၿပီးေတာ့ က်ေနာ္တို႔ ဖြဲ႕စည္းပံု အေျခခံဥပေဒ မွာ ဖက္ဒရယ္မူအတြက္ကို လိုအပ္မယ့္ ဥပေဒအခ်က္အလက္ေတြကို ျဖည့္စြက္ျပင္ဆင္ဖို႔ လိုအပ္ပါတယ္၊ ဒီမိုကေရစီရွင္သန္ ဖြံ႕ၿဖိဳးရင့္က်က္ခိုင္မာေရးအတြက္ လိုအပ္မယ့္ ဥပေဒအခ်က္အလက္ေတြ ျဖည့္စြက္ျပင္ဆင္ သြားရမွာ ျဖစ္ပါတယ္၊ ဒါေၾကာင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒဟာ လာမယ့္ ၅ ႏွစ္အတြင္းမွာ ျပင္ဆင္ေရးကို တိုင္းရင္းသား အဖြဲ႕အစည္းမ်ဳိးစံု အစိုးရ၊ ျပည္သူအားလံုးနဲ႔ က်ေနာ္တို႔ ညိွႏိႈင္းတိုင္ပင္ၿပီးေတာ့မွ ေဆာင္ရြက္ သြားရမွာျဖစ္ပါတယ္"

ဒါ႔အျပင္ သမၼတဦးသိန္းစိန္လက္ထက္ ၅ ႏွစ္တာကာလအတြင္းမွာ ျပဳျပင္ေျပာင္းလဲေရး လုပ္ေဆာင္မႈေတြဟာ အားရစရာမရွိဘူးဆုိၿပီး ေျပာဆုိေ၀ဖန္ေနၾကတာဟာ လက္ေတြ႔မက်ေၾကာင္းနဲဲ႔ အစိုးရသက္တမ္းအတြင္း မွာ ေက်းလက္ေဒသေတြမွာ  ဆုိင္ကယ္ေတြန႔ဲ႔ လက္ကုိင္ဖုန္းေတြ ကုိင္ေဆာင္သုံးစြဲေနၾကၿပီျဖစ္ေၾကာင္းလည္း လက္ရိွအစိုးရရဲ႕ ေအာင္ျမင္မႈအျဖစ္ ေျပာခဲ့ပါတယ္။

ေနျပည္ေတာ္ေကာင္စီ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္က မဲဆႏၵနယ္ ၁၀ခုမွာ ျပည္ခိုင္ၿဖိဳးပါတီကေန အၿငိမ္းစားဗိုလ္ခ်ဳပ္ ႀကီးေဟာင္း ဦးလွေဌး၀င္း၊ အၿငိမ္းစားဗိုလ္ခ်ဳပ္ေဟာင္း ဦးေ၀လြင္၊ ဆက္သြယ္ေရး၀န္ၾကီးေဟာင္း ဦးျမတ္ဟိန္း၊ ဦးေမာင္ဦး၊ ႏုိင္ငံျခားေရး၀န္ၾကီးဌာန ဒုတိယ၀န္ႀကီး ဦးဇင္ေယာ္၊ လယ္ယာစိုက္ပ်ဳိးေရးနဲ႔ ဆည္ေျမာင္း၀န္ႀကီးေဟာင္း ဦးျမင့္လႈိင္ စတဲ့ ထိပ္တန္းအစိုးရနဲ႔ တပ္မေတာ္ဘက္က ကူးေျပာင္းလာတဲ့ ပုဂၢိဳလ္ေတြ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

ဒီကေန႔ ေတြ႔ဆံုပဲြကို ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္စံေအာင္ရပ္ကြက္မွာ က်င္းပခဲ့တာျဖစ္ၿပီး လူ ၃၀၀၀ နီးပါး တက္ေရာက္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........................

 နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၉ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Win Naung Toe/RFA
 လာမယ့်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်သက်တမ်း ၅နှစ်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၉ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဦးတင်နိုင်သိန်းက ပြောခဲ့တာဖြစ်ပါတယ်။

"လာမယ့် ၅ နှစ်အတွင်းမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ဖက်ဒရယ်မူအတွက်ကို လိုအပ်မယ့် ဥပဒေအချက်အလက်တွေကို ဖြည့်စွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်၊ ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးရင့်ကျက်ခိုင်မာရေးအတွက် လိုအပ်မယ့် ဥပဒေအချက်အလက်တွေ ဖြည့်စွက်ပြင်ဆင် သွားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လာမယ့် ၅ နှစ်အတွင်းမှာ ပြင်ဆင်ရေးကို တိုင်းရင်းသား အဖွဲ့အစည်းမျိုးစုံ အစိုးရ၊ ပြည်သူအားလုံးနဲ့ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်"

ဒါ့အပြင် သမ္မတဦးသိန်းစိန်လက်ထက် ၅ နှစ်တာကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေဟာ အားရစရာမရှိဘူးဆိုပြီး ပြောဆိုဝေဖန်နေကြတာဟာ လက်တွေ့မကျကြောင်းနဲဲ့ အစိုးရသက်တမ်းအတွင်း မှာ ကျေးလက်ဒေသတွေမှာ  ဆိုင်ကယ်တွေနဲ့့ လက်ကိုင်ဖုန်းတွေ ကိုင်ဆောင်သုံးစွဲနေကြပြီဖြစ်ကြောင်းလည်း လက်ရှိအစိုးရရဲ့ အောင်မြင်မှုအဖြစ် ပြောခဲ့ပါတယ်။

နေပြည်တော်ကောင်စီ မြို့နယ် ၈ မြို့နယ်က မဲဆန္ဒနယ် ၁၀ခုမှာ ပြည်ခိုင်ဖြိုးပါတီကနေ အငြိမ်းစားဗိုလ်ချုပ် ကြီးဟောင်း ဦးလှဌေးဝင်း၊ အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ဦးမောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင် စတဲ့ ထိပ်တန်းအစိုးရနဲ့ တပ်မတော်ဘက်က ကူးပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်မှာ ကျင်းပခဲ့တာဖြစ်ပြီး လူ ၃၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>