Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျပည္ပက ႀကိဳတင္မဲေပးမယ့္သူ သံုးေသာင္းေက်ာ္ရွိ

$
0
0
 ေနျပည္ေတာ္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရုံးမွာ ဇူလိုင္လ ၂ ရက္ေန႔က ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးတင္ေအးနဲ႔ ႏိုင္ငံေရးပါတီ ၆၅ ပါတီတို႔ ေတြ႔ဆံုစဥ္ Photo: Myo Thant Khaing/RFA
လာမယ့္ ႏုိ၀င္ဘာလ ၈ရက္ေန႔ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးဖို႔ သံရံုး ၄၄ ရံုးကတဆင့္ ျပည္ေထာင္ စုေရြးေကာက္ပဲြေကာ္မရွင္ထံ ေလွ်ာက္ထားတဲ့ ျမန္မာႏုိင္ငံသား သံုးေသာင္းေက်ာ္ရွိတယ္လို႔ ေကာ္မရွင္တာ၀န္ ရွိသူေတြက ေျပာပါတယ္။

ႏုိင္ငံေပါင္း ၃၇ ႏုိင္ငံမွာရွိတဲ့ သံရံုးေတြက ေပးပို႔ထားတဲ့အေရအတြက္ျဖစ္ၿပီး ျမန္မာႏုိင္ငံထဲက ၿမိဳ႕နယ္ေပါင္း ၃၀၇ ၿမိဳ႕နယ္ကလူေတြျဖစ္တယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ ညႊန္ၾကားေရးမွဴး ဦးစိုင္းေက်ာ္သူက ေျပာ ပါတယ္။

"ႏိုင္ငံေပါင္း ၃၇ ႏိုင္ငံ၊ သံရံုးေပါင္း ၄၄ ရံုးက ေရာက္ရွိလာတာျဖစ္ပါတယ္၊ ျမန္မာႏိုင္ငံအတြင္းမွာကေတာ့ ၃ဝ၇ ၿမိဳ႕နယ္က မဲဆႏၵရွင္ေတြစာရင္းျဖစ္ပါတယ္၊ ဒီလ ၂ဝ ရက္ေန႔အထိ ေနာက္အက်ဆံုးေပးပို႔ပါဆိုၿပီးေတာ့ MOFA ကိုေျပာထားတာဗ်၊ အဲ့ MOFA က ၂၄၊ ၂၅ အထိလာေနေသးတယ္၊ လာေနေသးတဲ့အခါက်ေတာ့ က်ေနာ္တို႔က အေရအတြက္နည္းရင္ေတာ့ ျပႆနာမရွိဘူး၊ မ်ားရင္ေတာ့ လုပ္ရကိုင္ရခက္တယ္၊ က်ေနာ္တို႔ ေနာက္ဆံုးလက္ခံ တာကေတာ့ ၂ဝ ရက္ေန႔အထိပဲ လက္ခံတယ္"

လက္ရွိရရွိထားတဲ့ အေရအတြက္ဟာ အစိုးရခြင့္ျပဳခ်က္နဲ႔ ျပည္ပကို တရား၀င္ေရာက္ရွိေနသူေတြျဖစ္ၿပီး သူတုိ႔ေတြဆီ ကို သံရံုးေတြကေနတဆင့္ ေကာ္မရွင္က ႀကိဳတင္မဲလက္မွတ္ေတြကို လာမယ့္ေအာက္တုိဘာလ ၁၀ရက္ေန႔မတုိင္ ခင္ ေပးပို႔မွာျဖစ္တယ္လို႔ သိရပါတယ္။

သံရံုးအသီးသီးက ျပန္လည္လက္ခံရရွိထားတဲ့ ႀကိဳတင္မဲလက္မွတ္ေတြကို ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ ထံ ေအာက္တုိဘာလကုန္ ေနာက္ဆံုးထား ျပန္လည္ေပးပို႔ရမွာျဖစ္ၿပီး အဲဒီႀကိဳတင္မဲလက္မွတ္ေတြကို သက္ဆုိင္ ရာ ေရြးေကာက္ပဲြေကာ္မရွင္ အဖဲြ႔ခဲြေတြကတဆင့္ မဲရံုအသီးသီးထံ ႏုိဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြေန႔မွာ မဲရံုပိတ္ခ်ိန္ ညေန ၄ နာရီ မတုိင္ခင္ ေပးပို႔ရမွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........................................

 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ် Photo: Myo Thant Khaing/RFA
လာမယ့် နို၀င်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ သံရုံး ၄၄ ရုံးကတဆင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိတယ်လို့ ကော်မရှင်တာဝန် ရှိသူတွေက ပြောပါတယ်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှာရှိတဲ့ သံရုံးတွေက ပေးပို့ထားတဲ့အရေအတွက်ဖြစ်ပြီး မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၃၀၇ မြို့နယ်ကလူတွေဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြော ပါတယ်။

"နိုင်ငံပေါင်း ၃၇ နိုင်ငံ၊ သံရုံးပေါင်း ၄၄ ရုံးက ရောက်ရှိလာတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံအတွင်းမှာကတော့ ၃ဝ၇ မြို့နယ်က မဲဆန္ဒရှင်တွေစာရင်းဖြစ်ပါတယ်၊ ဒီလ ၂ဝ ရက်နေ့အထိ နောက်အကျဆုံးပေးပို့ပါဆိုပြီးတော့ MOFA ကိုပြောထားတာဗျ၊ အဲ့ MOFA က ၂၄၊ ၂၅ အထိလာနေသေးတယ်၊ လာနေသေးတဲ့အခါကျတော့ ကျနော်တို့က အရေအတွက်နည်းရင်တော့ ပြဿနာမရှိဘူး၊ များရင်တော့ လုပ်ရကိုင်ရခက်တယ်၊ ကျနော်တို့ နောက်ဆုံးလက်ခံ တာကတော့ ၂ဝ ရက်နေ့အထိပဲ လက်ခံတယ်"

လက်ရှိရရှိထားတဲ့ အရေအတွက်ဟာ အစိုးရခွင့်ပြုချက်နဲ့ ပြည်ပကို တရားဝင်ရောက်ရှိနေသူတွေဖြစ်ပြီး သူတို့တွေဆီ ကို သံရုံးတွေကနေတဆင့် ကော်မရှင်က ကြိုတင်မဲလက်မှတ်တွေကို လာမယ့်အောက်တိုဘာလ ၁၀ရက်နေ့မတိုင် ခင် ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

သံရုံးအသီးသီးက ပြန်လည်လက်ခံရရှိထားတဲ့ ကြိုတင်မဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံ အောက်တိုဘာလကုန် နောက်ဆုံးထား ပြန်လည်ပေးပို့ရမှာဖြစ်ပြီး အဲဒီကြိုတင်မဲလက်မှတ်တွေကို သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကတဆင့် မဲရုံအသီးသီးထံ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲရုံပိတ်ချိန် ညနေ ၄ နာရီ မတိုင်ခင် ပေးပို့ရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ျမန္ေအာင္ၿမိဳ႕နယ္ အင္ပင္- ကေနာင္လမ္း ေရတိုက္စား ပ်က္စီး


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


တားျမစ္ထားတဲ႔ သီခ်င္းေလးေတြ...


တာခ်ီလိတ္တပ္နယ္ မိသားစုမ်ားမွ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ရင္ျပင္၌...


ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ နတ္ရြာစံျခင္း


ဟံသာ၀တီ ႏွင့္ ေရႊဘုိ အားျပိဳင္ေသာ စစ္ပြဲမ်ား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


အရွက္ႀကီးေသာ မိဖုရားႏွင့္ က်ီစားသန္ေသာ ဘုရင္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


TTA Oreo Gapp Installer


စုိးလြင္ (၂၁၁) (၀မ္ခ) ● သူပုန္တို႔ရဲ႕ဌာနခ်ဳပ္ မာနယ္ပေလာကို ကာကြယ္စို႔


အင္ဂ်င္နီယာဆိုင္ရာစာအုပ္မ်ား (၁၁ အုပ္)


တာခ်ီလိတ္ၿမိဳ႕ အားေခရြာထဲ၌ က်ပ္သိန္းေပါင္း ၁၄၅ သိန္းခန္႔ တန္ဖိုးရွိသည့္...


မေကြးတုိင္းအတြင္း တကၠသိုလ္ဝင္စာေမးပြဲေျဖခြင့္တင္သူ ယခုႏွစ္တြင္ (၆,၀၀၀)ေက်ာ္...


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


သာယာ၀တီမင္း၏ ေနာက္ကြယ္မွ ရာဇ၀င္သမိုင္းဆုိးမ်ား


တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇ နီး...


တာေနာယကၡ


မေနာမယအိမ္ၿခံေျမေရာင္းနည္း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>