မြောက်ကိုရီးယား နိုင်ငံတ၀န်း ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ဇူလိုင် ၁၉ ရက်နေ့က စတင်ကျင်းပခဲ့ကြပါတယ်။
နိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ပေးပို့ခဲ့တဲ့ ဗွီဒီယိုမှာ ပြုံယမ်းဒေသခံတွေ မဲပေးတဲ့ပုံတွေကို တွေ့မြင်ရပြီး ရိုက်တာသတင်းဌာနကတော့ သီးခြား အတည်ပြုချက် မရယူနိုင်ပါဘူး။
ဒီရွေးကောက်ပွဲတွေကို ၄ နှစ် ၁ ကြိမ်ကျင်းပပြီး အခုနှစ်မှာတော့ မဲပေးခွင့်ရှိသူရဲ့ ၉၁ ရာခိုင်နှုန်း မဲလာရောက်ပေးကြတယ်လို့ ကေအာရ်တီ ရုပ်မြင်သံကြားဌာနက ကြေညာပါတယ်။
၂၀၁၁ ခုနှစ် လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင်
၂၀၁၁ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တုန်းကတော့ အမတ်နေရာ ၂ သောင်း ၈ ထောင်ကျော်အတွက် ၀င်ရောက် အရွေးချယ်ခံခဲ့ကြတယ်လို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ် (Yonhap) သတင်းအေဂျင်စီက ဆိုပါတယ်။
DVB