Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဒၚေအာင္ဆန္းစုၾကည္ ကခ်င္ ခရီးစဥ္ ေအာက္တုိဘာ ၂ ရက္ေန႔ စတင္မည္

$
0
0

စစ္ကိုင္းတိုင္းေဒသႀကီး ခႏၱီးျမဳိ႕မွာ က်င္းပတဲ့ မဲဆြယ္စည္းရုံးေရးဟာေျပာပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို စက္တင္ဘာလ ၂၅ ရက္ေန႔က ေတြ႔ရစဥ္ Photo: Kyaw Zaw Win/RFA
 ေဒၚေအာင္ဆန္းစုၾကည္ဟာ လာမယ့္ေအာက္တိုဘာလ ၂ ရက္ေန႔ကေန ၆ ရက္ေန႔အထိ ကခ်င္ျပည္နယ္ ျမစ္ႀကီး နား၊ ၀ိုင္းေမာ္၊ မိုးေကာင္း၊ ဗန္းေမာ္စတဲ့ ၿမိဳ႕ေတြမွာ ေရြးေကာက္ပဲြအသိပညာေပးေဟာေျပာပဲြေတြ က်င္းပသြားမယ္ လုိ႔ သိရပါတယ္။

ျမစ္ႀကီးနားၿမိဳ႕က မေနာကြင္းကို ႏုိင္ငံေရးပါတီေတြ အသံုးျပဳခြင့္ ပိတ္ပင္လုိက္ေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ အဆင္ေျပတဲ့ေနရာတစ္ခုမွာ ေဟာေျပာမွာျဖစ္တယ္လို႔ ဗဟုိအလုပ္အမႈေဆာင္အဖဲြ႔၀င္ ဦးဝင္းထိန္ က ေျပာပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္ ေျပာမယ့္ေနရာကို သူတို႔ကခြင့္မျပဳဘူးေပါ့၊ က်ေနာ္တို႔အတြက္က ဘာမွအေရးမႀကီးဘူး၊ မထူးျခားဘူး၊ ခြင့္မျပဳလို႔ရွိရင္ ခြင့္ျပဳမည့္ေနရာသြားမယ္၊ ဘယ္မွခြင့္မျပဳရင္ လယ္ကြင္းထဲမွာသြားၿပီး တရားေဟာ မယ္၊ ျပည္သူလူထုက ေဒၚေအာင္ဆန္းစုၾကည္ကို ခ်စ္ခင္ေလးစားတဲ့အတြက္ေၾကာင့္မို႔ ေဒၚေအာင္ဆန္းစုၾကည္ ဘယ္ေနရာသြားသြား လိုက္မယ့္ပရိသတ္ရွိတဲ့အတြက္ေၾကာင့္မို႔ ဒါကဘာမွႀကီးက်ယ္တဲ့ျပႆနာမဟုတ္ပါဘူး"

ကခ်င္ျပည္နယ္ထဲမွာ ေကအိုင္အိုနဲ႔ တပ္မေတာ္တို႔ မန္စီၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲေတြျဖစ္ေနေပမယ့္ လည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုၿခံဳေရးအတြက္ စုိးရိမ္စရာမရိွဘူးလို႔ ဦး၀င္းထိန္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကခ်င္ျပည္နယ္ခရီးစဥ္ၿပီးရင္ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာလည္း ေဟာေျပာ ပဲြေတြျပဳလုပ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............................


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးဟာပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
 ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အောက်တိုဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီး နား၊ ၀ိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်စတဲ့ မြို့တွေမှာ ရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲတွေ ကျင်းပသွားမယ် လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က မနောကွင်းကို နိုင်ငံရေးပါတီတွေ အသုံးပြုခွင့် ပိတ်ပင်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဆင်ပြေတဲ့နေရာတစ်ခုမှာ ဟောပြောမှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ပြောမယ့်နေရာကို သူတို့ကခွင့်မပြုဘူးပေါ့၊ ကျနော်တို့အတွက်က ဘာမှအရေးမကြီးဘူး၊ မထူးခြားဘူး၊ ခွင့်မပြုလို့ရှိရင် ခွင့်ပြုမည့်နေရာသွားမယ်၊ ဘယ်မှခွင့်မပြုရင် လယ်ကွင်းထဲမှာသွားပြီး တရားဟော မယ်၊ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာသွားသွား လိုက်မယ့်ပရိသတ်ရှိတဲ့အတွက်ကြောင့်မို့ ဒါကဘာမှကြီးကျယ်တဲ့ပြဿနာမဟုတ်ပါဘူး"

ကချင်ပြည်နယ်ထဲမှာ ကေအိုင်အိုနဲ့ တပ်မတော်တို့ မန်စီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ခရီးစဉ်ပြီးရင် ရခိုင်ပြည်နယ်က မြို့နယ်တစ်ချို့မှာလည်း ဟောပြော ပွဲတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>