Quantcast
Viewing all articles
Browse latest Browse all 13796

တစ္ဖက္ႏိုင္ငံမွ က်ဴးေက်ာ္ငါးဖမ္းေလွမ်ားေၾကာင့္ ေကာ့ေသာင္ၿမိဳ႕ခံ ကမ္းနီးငါးဖမ္းေလွမ်ား ျပန္လည္၀င္ေရာက္လာရ


 ေကာ့ေသာင္း စက္တင္ဘာ ၃ဝ

 တစ္ဖက္ႏိုင္ငံမွ က်ဴးေက်ာ္ဝင္ေရာက္ကာ တစ္ဖက္ႏိုင္ငံမွ က်ဴးေက်ာ္သည့္ေလွမ်ားေၾကာင့္ တရားဝင္ ငါးဖမ္း လိုင္စင္မ်ားျဖင့္ ကမ္းနီးငါးဖမ္းလုပ္ငန္း လုပ္ကိုင္ လ်က္ရွိသည့္ ေကာ့ေသာင္းၿမိဳ႕မွ ကမ္းနီးငါးဖမ္း ေလွ အစင္း ၃ဝ ေက်ာ္ခန္႔မွာ စက္တင္ဘာ ၂၈ ရက္ ညေနပိုင္းတြင္ ငါးဖမ္းလုပ္ငန္းခြင္ရပ္နားကာ ေကာ့ေသာင္းၿမိဳ႕သို႔ အစုအျပံဳလိုက္ ျပန္လည္ဝင္ ေရာက္လာရေၾကာင္း ငါးဖမ္းေလွအုပ္စုမွ အဖြဲ႕ ေခါင္းေဆာင္တစ္ဦး၏ ေျပာၾကားခ်က္အရ သိရ သည္။

ျပန္လည္ဝင္ေရာက္လာခဲ့သည့္ ငါးဖမ္းေလွ အုပ္စုမွ အဖြဲ႕ေခါင္းေဆာင္က ၄င္းတုိ႔ငါးဖမ္းေလွ အုပ္စုသည္ သတ္မွတ္ထားသည့္ ကမ္းနီးငါးဖမ္း လုပ္ကြက္ ျမန္မာ့ေရပိုင္နက္ ငွက္သိုက္ကြၽန္း၊ ဒယ္အိုးကြၽန္းႏွင့္ သံကြၽန္းအနီး စက္တင္ဘာ ၂၇ ရက္က ပိုက္မ်ားေမွ်ာ၍ ငါးဖမ္းေနစဥ္ တစ္ဖက္ ႏိုင္ငံ(ထိုင္း) မွ (အမည္မရွိ) လိုင္းနီကမ္းေဝး ငါးဖမ္းေလွ(ေဒသအေခၚ-လပ္ကူး)ေခၚ ႏွစ္စင္းတြဲ ဝါလပ္ငါးဖမ္းေလွ အစင္း၂ဝ ခန္႔သည္ ကမ္းနီးငါး ဖမ္းလုပ္ကြက္အတြင္း ဝင္ေရာက္ငါးဖမ္းေၾကာင္း၊ ေကာ့ေသာင္းငါးဖမ္းေလွအဖြဲ႕မ်ား ငါးဖမ္းရန္ေမွ်ာ ထားသည့္ ပိုက္မ်ားကို စက္အားေကာင္းမြန္သည့္ ၄င္းတို႔ေလွမ်ားျဖင့္ ဝင္ေရာက္ျဖတ္သန္းခုတ္ ေမာင္းသျဖင့္ ငါးဖမ္းပိုက္မ်ား ဆံုး႐ႈံးခဲ့ရေၾကာင္း၊ အဆိုပါ ကမ္းေဝးငါးဖမ္းေလွမ်ားမွာ ထိုင္းႏိုင္ငံ သားပိုင္ တရားမဝင္ငါးဖမ္းေလွမ်ား ျဖစ္ဟန္တူ ေၾကာင္း၊ ေဒသခံတံငါသည္မ်ား၏ ကမ္းနီးငါးဖမ္း လုပ္ကြက္အတြင္း မၾကာခဏ ဝင္ေရာက္က်ဴးေက်ာ္ ငါးဖမ္းေလ့ရွိေၾကာင္း၊ ေန႔ဘက္ႏွင့္ ညဘက္မ်ားပါ ဆက္တိုက္ငါးဖမ္းၾကေၾကာင္း ေျပာသည္။

၄င္းတို႔ ငါးဖမ္းေလွမ်ားတြင္ လက္နက္မ်ားပါရွိ ႏိုင္ေၾကာင္း၊ ေကာ့ေသာင္းငါးဖမ္းေလွအဖြဲ႕မ်ားက ငါးဖမ္းပိုက္မ်ားခ်ထားေၾကာင္း အသိေပးအေၾကာင္း ၾကားေသာ္လည္း ဂ႐ုမစိုက္သည့္အျပင္ ႏိုင္ထက္ စီးနင္းျပဳမႈ မၾကာခဏႀကံဳရေၾကာင္း၊ ယခုအႀကိမ္ တြင္ မိမိတို႔၏ ေခြၽးႏွဲစာမ်ားျဖင့္ စုေဆာင္းလုပ္ ကိုင္ရသည့္ လုပ္ငန္းသံုးပစၥည္းမ်ား ဆံုး႐ႈံးမႈျဖစ္ပြား သျဖင့္ ေကာ့ေသာင္းခ႐ိုင္ ကမ္းနီးငါးလုပ္ငန္းရွင္ မ်ားအသင္းမွတစ္ဆင့္ ေဒသတာဝန္ရွိအဖြဲ႕အစည္း မ်ား သိရွိႏိုင္ေရးအတြက္ သတင္းပို႔ရန္ ငါးဖမ္းလုပ္ ငန္းကိုရပ္နားကာ အုပ္စုဖြဲ႕ျပန္လည္ဝင္ေရာက္လာ ၾကျခင္းျဖစ္ေၾကာင္း ျပန္လည္ဝင္ေရာက္လာခဲ့သည့္ ငါးဖမ္းေလွအုပ္စု အဖြဲ႕ေခါင္းေဆာင္၏ ေျပာၾကား ခ်က္အရ သိရသည္။

 ေက်ာ္စိုး(ေကာ့ေသာင္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
............................

 ကော့သောင်း စက်တင်ဘာ ၃ဝ

 တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက်ကာ တစ်ဖက်နိုင်ငံမှ ကျူးကျော်သည့်လှေများကြောင့် တရားဝင် ငါးဖမ်း လိုင်စင်များဖြင့် ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင် လျက်ရှိသည့် ကော့သောင်းမြို့မှ ကမ်းနီးငါးဖမ်း လှေ အစင်း ၃ဝ ကျော်ခန့်မှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ငါးဖမ်းလုပ်ငန်းခွင်ရပ်နားကာ ကော့သောင်းမြို့သို့ အစုအပြုံလိုက် ပြန်လည်ဝင် ရောက်လာရကြောင်း ငါးဖမ်းလှေအုပ်စုမှ အဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ပြန်လည်ဝင်ရောက်လာခဲ့သည့် ငါးဖမ်းလှေ အုပ်စုမှ အဖွဲ့ခေါင်းဆောင်က ၄င်းတို့ငါးဖမ်းလှေ အုပ်စုသည် သတ်မှတ်ထားသည့် ကမ်းနီးငါးဖမ်း လုပ်ကွက် မြန်မာ့ရေပိုင်နက် ငှက်သိုက်ကျွန်း၊ ဒယ်အိုးကျွန်းနှင့် သံကျွန်းအနီး စက်တင်ဘာ ၂၇ ရက်က ပိုက်များမျှော၍ ငါးဖမ်းနေစဉ် တစ်ဖက် နိုင်ငံ(ထိုင်း) မှ (အမည်မရှိ) လိုင်းနီကမ်းဝေး ငါးဖမ်းလှေ(ဒေသအခေါ်-လပ်ကူး)ခေါ် နှစ်စင်းတွဲ ဝါလပ်ငါးဖမ်းလှေ အစင်း၂ဝ ခန့်သည် ကမ်းနီးငါး ဖမ်းလုပ်ကွက်အတွင်း ဝင်ရောက်ငါးဖမ်းကြောင်း၊ ကော့သောင်းငါးဖမ်းလှေအဖွဲ့များ ငါးဖမ်းရန်မျှော ထားသည့် ပိုက်များကို စက်အားကောင်းမွန်သည့် ၄င်းတို့လှေများဖြင့် ဝင်ရောက်ဖြတ်သန်းခုတ် မောင်းသဖြင့် ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ကမ်းဝေးငါးဖမ်းလှေများမှာ ထိုင်းနိုင်ငံ သားပိုင် တရားမဝင်ငါးဖမ်းလှေများ ဖြစ်ဟန်တူ ကြောင်း၊ ဒေသခံတံငါသည်များ၏ ကမ်းနီးငါးဖမ်း လုပ်ကွက်အတွင်း မကြာခဏ ဝင်ရောက်ကျူးကျော် ငါးဖမ်းလေ့ရှိကြောင်း၊ နေ့ဘက်နှင့် ညဘက်များပါ ဆက်တိုက်ငါးဖမ်းကြကြောင်း ပြောသည်။

၄င်းတို့ ငါးဖမ်းလှေများတွင် လက်နက်များပါရှိ နိုင်ကြောင်း၊ ကော့သောင်းငါးဖမ်းလှေအဖွဲ့များက ငါးဖမ်းပိုက်များချထားကြောင်း အသိပေးအကြောင်း ကြားသော်လည်း ဂရုမစိုက်သည့်အပြင် နိုင်ထက် စီးနင်းပြုမှု မကြာခဏကြံုရကြောင်း၊ ယခုအကြိမ် တွင် မိမိတို့၏ ချွေးနှဲစာများဖြင့် စုဆောင်းလုပ် ကိုင်ရသည့် လုပ်ငန်းသုံးပစ္စည်းများ ဆုံးရှုံးမှုဖြစ်ပွား သဖြင့် ကော့သောင်းခရိုင် ကမ်းနီးငါးလုပ်ငန်းရှင် များအသင်းမှတစ်ဆင့် ဒေသတာဝန်ရှိအဖွဲ့အစည်း များ သိရှိနိုင်ရေးအတွက် သတင်းပို့ရန် ငါးဖမ်းလုပ် ငန်းကိုရပ်နားကာ အုပ်စုဖွဲ့ပြန်လည်ဝင်ရောက်လာ ကြခြင်းဖြစ်ကြောင်း ပြန်လည်ဝင်ရောက်လာခဲ့သည့် ငါးဖမ်းလှေအုပ်စု အဖွဲ့ခေါင်းဆောင်၏ ပြောကြား ချက်အရ သိရသည်။

 ကျော်စိုး(ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>