Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆိုင်ကယ်ဖြင့် လုယက်သူ (၆) ဦးကို ဓားပြမှုဖြင့် ပြောင်းလဲ စစ်ဆေး

$
0
0

      ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်ဖြင့် လုယက်သူ လူငယ် ခြောက်ဦးအား ဖမ်းဆီးရမိခဲ့ပြီး၊ လူငါးဦးထက် ပိုနေသောကြောင့် ဓားပြမှုဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ရကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

      ဇူလိုင်လ (၁၅) ရက် နေ့ ည (၁၀) ခန့်တွင် ပြင်ဦးလွင်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် မခိုင်လေး (၁၈)နှစ်နှင့် သူငယ်ချင်းဖြစ်သူ မောင်သက်ဝေအောင်တို့ မောင်းနှင်လာသော ဆိုင်ကယ်အား မျက်နှာ ဖုံးအုပ်ထားသည့် လူငယ်များက ဆိုင်ကယ် သုံးစီးဖြင့် လမ်းပိတ်ရပ်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

      အဆိုပါ လုယက်မှုတွင် မခိုင်လေး၏ အညိုရောင် ခေါက်ပိုက်ဆံအိတ်အတွင်း ပိုက်ဆံ (၄၀၀၀၀) ခန့်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုနှင့် ၎င်း၏ လည်ပင်းတွင် ဆွဲထားသော ရွှေအလေးချိန် (၂)ပဲခန့်ရှိသော ရွှေဘယက်တစ်ခု (တန်ဖိုး ၃၂၀၀၀၀ ခန့်) လက်ကိုင်ဖုန်း အဖြူရောင်တစ်လုံး (တန်ဖိုး ၈၀၀၀၀ ကျပ်)တို့အား လုယက်ခဲ့ပြီး၊ ပြင်ဦးလွင်မြို့မ ရဲစခန်းမှ ပ/၁၆၅/ ၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ခဲ့သည်။

      ထိုလုယက်မှုအား ဇူလိုင်လ (၁၈) ရက်နေ့ ည (၁၂း၃၀) တွင် လုယက်မှု ကျူးလွန်ခဲ့သူ (၁) မောင်ဝေယံ အသက် (၁၈) နှစ်၊ (၂) မောင်ဖြိုးပိုင် (ခ) ဘယ်ကျော် (၁၉) နှစ်၊ (၃) မောင်သားကြီး(ခ) အောင်အောင်ရှိန် (၂၀) နှစ်၊ (၄) သူရိန်(ခ) ဇွဲသူ ရိန်ထွန်း (၁၉) နှစ်၊ (၅) မောင်လင်းအောင် (ခ) ထက်လင်းအောင် (၁၉) နှစ်နှင့် (၆) တရားခံ မောင်အာင်ကောင်း (၁၉) နှစ်တို့အား လုယူသွားသော ပစ္စည်းများနှင့်အတူ သက်သေခံ ပစ္စည်းအဖြစ် အရိုးအသွား (၃၁) လက်မ၊ အပြား (၁) လက်မခန့်ရှိ ဦးပြတ် ဓားတစ်ချောင်းနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

      “သူတို့ကို သတင်းရလျှင် ရချင်းပဲ လိုက်ကောက်ရတာပေါ့။ သူတို့က သူတို့ အိမ်မှာ ခိုလှုံနေကြတာပေါ့။ ကျွန်တော်တို့ တစ်ယောက်ချင်း လိုက်ဖမ်းယူရတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး ဒုရဲမှူး ခင်မောင်သင်းက ပြောသည်။

      အဆိုပါ လုယက်မှုအား ကျူးလွန်သူများမှာ ငါးယောက်ထက် ကျော်လွန်နေသောကြောင့် ဖမ်းဆီးရမိချိန်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၅) ဓားပြမှုအဖြစ် ပြောင်းလဲစစ်ဆေးနေပြီး ပြင်ဦးလွင်မြို့မ ရဲစခန်းတွင် ဖမ်းဆီး အရေးယူထားသည်။

The Messenger Media
http://www.messengerdaily.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>