Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမန္မာႏုိင္ငံတြင္ ေရႀကီးဆုံး႐ႈံးမႈ ျမင့္မားလာျခင္းမွာ သစ္ေတာျပဳန္းတီးမႈေၾကာင့္ဟု ADB ဘဏ္မွ ကၽြမ္းက်င္ပညာရွင္ ေျပာၾကား

$
0
0

ျမန္မာႏုိင္ငံ၌ ယခုႏွစ္ႀကဳံေတြ႕ခဲ့ရသည့္ ေရလႊမ္းမုိးမႈမွာ ဆယ္စုႏွစ္အတြင္း အျပင္းထန္ဆံုးျဖစ္ၿပီး လူ ၁.၆ သန္းခန္႔ ထိခုိက္ခံစားခဲ့ရကာ ၁၀၀ ေက်ာ္ ေသဆံုးခဲ့ရသည္။ လယ္ေျမအမ်ားစုအပါအ၀င္ စုိက္ပ်ဳိးေျမဟက္တာ ေလးသိန္းနီးပါး ေရလႊမ္းခဲ့ၿပီး ငါးကန္မ်ား၊ တိရစာၦန္ေမြးျမဴေရးၿခံမ်ားလည္း ေရလႊမ္းမုိးခံရကာ ပ်က္စီးဆံုး႐ံႈးမႈမ်ား ႀကဳံခဲ့ရသည္။ မုတ္သုန္မုိးအားေကာင္းမႈႏွင့္ အပူပုိင္း ဆုိင္ကလံုးမုန္တုိင္းတုိ႔ေၾကာင့္ ျဖစ္ေပၚခဲ့သည့္ ေရလႊမ္းမုိးမႈမ်ားက ေနအိမ္မ်ား၊ လမ္းမ်ားႏွင့္ တံတားမ်ားကုိ ပ်က္စီးေစခဲ့သည္။


ေရလႊမ္းမုိးမႈျဖစ္ေပၚေစခဲ့သည့္ အေၾကာင္းရင္းမ်ားတြင္ သစ္ေတာျပဳန္းတီးမႈက အေၾကာင္းရင္းတစ္ရပ္ျဖစ္သည္ဟု ျမန္မာႏုိင္ငံတြင္ တာ၀န္က်ေနေသာ အာရွဖြံ႕ၿဖဳိးေရးဘဏ္မွ ကၽြမ္းက်င္သူ ပီတာဘရင္ဘယ္က ေျပာၾကားသည္။ “ေရလႊမ္းမုိးမႈကုိၾကည့္မယ္ဆုိရင္ အနည္းဆံုး ေတာင္တန္းေဒသေတြ၊ သစ္ေတာျပဳန္းတီးေနတဲ့ ေဒသေတြမွာ ေရလႊမ္းမုိးမႈဟာ သစ္ေတာျပဳန္းတီးမႈေၾကာင့္ သက္ေရာက္မႈ ပုိႀကီးမားပါတယ္။ ဒါက ထင္သာျမင္သာေတြ႕ရတာပါ” ဟု ပီတာဘရင္ဘယ္ကဆုိသည္။


ကုလ၏ အစားအစာႏွင့္ စုိက္ပ်ဳိးေမြးျမဴေရးအဖြဲ႕ခ်ဳပ္မွ အဆုိအရ ျမန္မာႏုိင္ငံသည္ ၂၀၁၀ မွစ၍ ႏွစ္စဥ္ သစ္ေတာဟက္တာ ငါးသိန္းေလးေသာင္းေက်ာ္ ျပဳန္းတီးေနရသျဖင့္ အက်ပ္အတည္းတစ္ခု ရင္ဆုိင္ေနရသည္ဟု ဆုိသည္။ ေရလႊမ္းမုိးမႈဒဏ္ခံခဲ့ရသည့္ လူမႈအဖြဲ႕အစည္းမ်ားမွာ တျဖည္းျဖည္း ျပန္လည္ကုစားႏုိင္လာၿပီျဖစ္သျဖင့္ သစ္ေတာျပဳန္းတီးမႈ၏ သက္ေရာက္မႈကုိ အာ႐ံုစုိက္ေျဖရွင္းရန္ လုပ္ေဆာင္ေနသည္ဟု ႏုိင္ငံတကာ ၾကက္ေျခနီဖက္ဒေရးရွင္းမွ ျမန္မာႏုိင္ငံ ေရလႊမ္းမုိးမႈ ကူညီေထာက္ပံ့ေရး မန္ေနဂ်ာ ရစ္ခ်တ္ကာဆာဂရန္ဒီက ဆုိသည္။

လန္ဒန္အေျခစုိက္ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ စံုစမ္းစစ္ေဆးေရး ေအဂ်င္စီ၏ အဆုိအရ တရား၀င္သစ္တင္ပုိ႔မႈ ပိတ္ပင္ထားေသာ္လည္း ျမန္မာႏုိင္ငံေျမာက္ပုိင္းမွ တ႐ုတ္ႏုိင္ငံသုိ႔ ႏွစ္စဥ္ တရားမ၀င္သစ္တင္ပုိ႔မႈမွာ တစ္ႏွစ္လွ်င္ ကုဗမီတာ ကုိးသိန္းနီးပါး ရွိေနၿပီး ဆယ္စုႏွစ္အတြင္း အျမင့္ဆံုးျဖစ္သည္။ သစ္ေတာျပဳန္းတီးမႈေၾကာင့္ ျမန္မာႏုိင္ငံသည္ သဘာ၀ေဘးအႏၲၲရာယ္မ်ား ႀကဳံေတြ႕လွ်င္ ဆံုး႐ံႈးမႈ ျမင့္မားႏုိင္သည္ဟု ကုလသမဂၢက သတိေပးထားသည္။ သစ္ေတာမ်ားမွာ ႏုိင္ငံ၏ ဆင္းရဲမြဲေတမႈ တုိက္ဖ်က္ေရး၊ အစားအစာႏွင့္ အသက္ေမြး၀မ္းေက်ာင္း လံုၿခဳံေရးတုိ႔အတြက္ အဓိကက်ၿပီး အေရးပါေသာ ဇီ၀မ်ဳိးကြဲမ်ားကုိ ထိန္းသိမ္းေပးသည္ဟု FAO က ေျပာၾကားသည္။

The Ladies News Journal
https://www.facebook.com/News.TheLadies
.....................

မြန်မာနိုင်ငံ၌ ယခုနှစ်ကြုံတွေ့ခဲ့ရသည့် ရေလွှမ်းမိုးမှုမှာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး လူ ၁.၆ သန်းခန့် ထိခိုက်ခံစားခဲ့ရကာ ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ လယ်မြေအများစုအပါအဝင် စိုက်ပျိုးမြေဟက်တာ လေးသိန်းနီးပါး ရေလွှမ်းခဲ့ပြီး ငါးကန်များ၊ တိရစ္ဆာန်မွေးမြူရေးခြံများလည်း ရေလွှမ်းမိုးခံရကာ ပျက်စီးဆုံးရှုံးမှုများ ကြုံခဲ့ရသည်။ မုတ်သုန်မိုးအားကောင်းမှုနှင့် အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေလွှမ်းမိုးမှုများက နေအိမ်များ၊ လမ်းများနှင့် တံတားများကို ပျက်စီးစေခဲ့သည်။



ရေလွှမ်းမိုးမှုဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းများတွင် သစ်တောပြုန်းတီးမှုက အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် တာဝန်ကျနေသော အာရှဖွံ့ဖြိုးရေးဘဏ်မှ ကျွမ်းကျင်သူ ပီတာဘရင်ဘယ်က ပြောကြားသည်။ “ရေလွှမ်းမိုးမှုကိုကြည့်မယ်ဆိုရင် အနည်းဆုံး တောင်တန်းဒေသတွေ၊ သစ်တောပြုန်းတီးနေတဲ့ ဒေသတွေမှာ ရေလွှမ်းမိုးမှုဟာ သစ်တောပြုန်းတီးမှုကြောင့် သက်ရောက်မှု ပိုကြီးမားပါတယ်။ ဒါက ထင်သာမြင်သာတွေ့ရတာပါ” ဟု ပီတာဘရင်ဘယ်ကဆိုသည်။



ကုလ၏ အစားအစာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ချုပ်မှ အဆိုအရ မြန်မာနိုင်ငံသည် ၂၀၁၀ မှစ၍ နှစ်စဉ် သစ်တောဟက်တာ ငါးသိန်းလေးသောင်းကျော် ပြုန်းတီးနေရသဖြင့် အကျပ်အတည်းတစ်ခု ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် လူမှုအဖွဲ့အစည်းများမှာ တဖြည်းဖြည်း ပြန်လည်ကုစားနိုင်လာပြီဖြစ်သဖြင့် သစ်တောပြုန်းတီးမှု၏ သက်ရောက်မှုကို အာရုံစိုက်ဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာ ကြက်ခြေနီဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံ ရေလွှမ်းမိုးမှု ကူညီထောက်ပံ့ရေး မန်နေဂျာ ရစ်ချတ်ကာဆာဂရန်ဒီက ဆိုသည်။

လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ အဆိုအရ တရားဝင်သစ်တင်ပို့မှု ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ နှစ်စဉ် တရားမဝင်သစ်တင်ပို့မှုမှာ တစ်နှစ်လျှင် ကုဗမီတာ ကိုးသိန်းနီးပါး ရှိနေပြီး ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တ္တရာယ်များ ကြုံတွေ့လျှင် ဆုံးရှုံးမှု မြင့်မားနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ သစ်တောများမှာ နိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အစားအစာနှင့် အသက်မွေးဝမ်းကျောင်း လုံခြုံရေးတို့အတွက် အဓိကကျပြီး အရေးပါသော ဇီဝမျိုးကွဲများကို ထိန်းသိမ်းပေးသည်ဟု FAO က ပြောကြားသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>