Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အရြယ္မေရာက္ေသးသူ မိန္းကေလးအား ခဲအုိက အဓမၼျပဳက်င့္

$
0
0



      ဗိုလ္ခ်ဳပ္ေက်းရြာ၊ သန္လ်င္ၿမိဳ႕နယ္တြင္ အရြယ္မေရာက္ေသးသူ ဆ႒မတန္း ေက်ာင္းသူတစ္ဦးအား အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္တုိင္း ေဒသႀကီးရဲတပ္ဖြဲ႕ မႈခင္းမွတ္တမ္းအရ သိရသည္။

      ျဖစ္စဥ္မွာ ဦး......(၅၇) ႏွစ္သည္ အလုပ္မွ အိမ္ျပန္ေရာက္စဥ္ အိမ္နီးခ်င္းေန မ..... (၃၃) ႏွစ္သည္ ေနအိမ္သို႔ ေရာက္ရွိလာၿပီး ဦး......(၅၇)ႏွစ္၏ သမီးျဖစ္သူ မ......(၁၃) ႏွစ္ ေျခာက္တန္းေက်ာင္းသူမွာ ကုိယ္အေနအထား မမွန္ေၾကာင္း လာေရာက္ ေျပာဆုိ၍ သမီးျဖစ္သူ မ........(၁၃)ႏွစ္အား ေမးျမန္းၾကည့္ရာ လြန္ခဲ့ေသာ ေျခာက္လခန္႔၌ ညဘက္တြင္ တစ္အိမ္တည္း အတူေန အစ္မ၏ ခင္ပြန္းျဖစ္သူ ကို.......(၂၁)ႏွစ္ ပန္ရန္လုပ္သားက ေနအိမ္၏ ေနာက္ေဖး မီးဖုိေခ်ာင္တြင္ သားမယားအျဖစ္ ႏွစ္ႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသျဖင့္ အရြယ္မေရာက္ေသးသူအား သားမယားအျဖစ္ ျပဳက်င့္သူ ကို......(၂၁) ႏွစ္အား အေရးယူေပးပါရန္ ဦး.......(၅၇)ႏွစ္က တရားလုိျပဳလုပ္ တုိင္ၾကားခဲ့သျဖင့္ (ပ) ၆၄၆/၁၅၊ ျပစ္မႈ ပုဒ္မ ၃၆၇ ျဖင့္ ၂၉.၉.၂၀၁၅ ေန႔တြင္ ဒုရဲမွဴး ျမင့္ေအာင္က တရားခံ ဖမ္းဆီးစစ္ေဆး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

      ရန္ကုန္တုိင္း ေဒသႀကီး၌ ရွစ္လအတြင္း မုဒိမ္းမႈေပါင္း (၈၆)မႈ ျဖစ္ပြားခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမ်ားအရ သိရသည္။

The Messenger Media
http://messengernewsjournal.com
..................................................................................................

အရွယ်မရောက်သေးသူ မိန်းကလေးအား ခဲအိုက အဓမ္မပြုကျင့်

 ဗိုလ်ချုပ်ကျေးရွာ၊ သန်လျင်မြို့နယ်တွင် အရွယ်မရောက်သေးသူ ဆဋ္ဌမတန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းအရ သိရသည်။

      ဖြစ်စဉ်မှာ ဦး......(၅၇) နှစ်သည် အလုပ်မှ အိမ်ပြန်ရောက်စဉ် အိမ်နီးချင်းနေ မ..... (၃၃) နှစ်သည် နေအိမ်သို့ ရောက်ရှိလာပြီး ဦး......(၅၇)နှစ်၏ သမီးဖြစ်သူ မ......(၁၃) နှစ် ခြောက်တန်းကျောင်းသူမှာ ကိုယ်အနေအထား မမှန်ကြောင်း လာရောက် ပြောဆို၍ သမီးဖြစ်သူ မ........(၁၃)နှစ်အား မေးမြန်းကြည့်ရာ လွန်ခဲ့သော ခြောက်လခန့်၌ ညဘက်တွင် တစ်အိမ်တည်း အတူနေ အစ်မ၏ ခင်ပွန်းဖြစ်သူ ကို.......(၂၁)နှစ် ပန်ရန်လုပ်သားက နေအိမ်၏ နောက်ဖေး မီးဖိုချောင်တွင် သားမယားအဖြစ် နှစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြသဖြင့် အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပြုကျင့်သူ ကို......(၂၁) နှစ်အား အရေးယူပေးပါရန် ဦး.......(၅၇)နှစ်က တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် (ပ) ၆၄၆/၁၅၊ ပြစ်မှု ပုဒ်မ ၃၆၇ ဖြင့် ၂၉.၉.၂၀၁၅ နေ့တွင် ဒုရဲမှူး မြင့်အောင်က တရားခံ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

      ရန်ကုန်တိုင်း ဒေသကြီး၌ ရှစ်လအတွင်း မုဒိမ်းမှုပေါင်း (၈၆)မှု ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

The Messenger Media
http://messengernewsjournal.com

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>