Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေတာင္ဥကၠလာၿမိဳ႕နယ္မွာ မဲဆႏၵရွင္စာရင္း ကုိးေသာင္းနီးပါး ပုိေန

$
0
0
ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တစ္ခုမွာ မဲစာရင္းစစ္ေနသူတခ်ဳိ႕ကို ေတြ႕ရစဥ္။ Photo: Aung Thain Kha/RFA
ရန္ကုန္တုိင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္စာရင္းမွာ ၉ေသာင္းနီးပါးေလာက္ ပိုေနတယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး အေရွ႕ပိုင္းခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌက ေျပာပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ အရင္ကေနထုိင္ၿပီး တျခားၿမိဳ႕နယ္ကို ေျပာင္းေရႊ႕သြားေပမယ့္ အိမ္ေထာင္စုစာရင္းေတြ မေျပာင္းၾကတဲ့အတြက္ အခုလို စာရင္းေတြမွာ ပိုေနတာျဖစ္တယ္လို႔ ရန္ကုန္အေရွ႕ပိုင္းခရိုင္ ေရြးေကာက္ပြဲေကာ္မ ရွင္အဖဲြ႔ခဲြ ဥကၠဌ ဦးခင္ေမာင္ေက်ာ္က ေျပာပါတယ္။

"ဒီ့ျပင္ေနရာက ဆြဲၿပီးထည့္ထားတာ မဟုတ္ဘူးခင္ဗ်၊ တိုးတဲ့လူထည့္ထားတာလည္း မဟုတ္ဘူး၊ အဲဒီ့မွာ လူမေနေပမယ့္ အိမ္ေထာင္စုစာရင္းေတြ က်ေနတဲ့အတြက္ ထည့္ထားတာပါ၊ ဘာေၾကာင့္ျဖစ္ရသလဲဆုိေတာ့ လဝကနဲ႔ ပတ္သက္ရင္ ျပည္သူလူထုက အဲဒီ့ရံုးကိုသြားၿပီးေဆာင္ရြက္မွ ျဖစ္တဲ့စနစ္ျဖစ္ပါတယ္ ခင္ဗ်၊ သူကေျပာင္းမယ္ဆိုရင္လည္း ကိုယ္တိုင္ အိမ္ေထာင္စုစာရင္းကို ေျပာင္းတဲ့ေနရာမွာ ေလွ်ာက္ထားႏိုင္ဖို႔အတြက္ က ပံုစံ ၁ဝ ဆိုတာ ကိုယ္တိုင္သြားယူရပါတယ္၊ ေသတယ္ဆိုရင္လည္း ကိုယ္တိုင္သြားၿပီးေတာ့ ေလ်ာ့ရပါတယ္၊ အိမ္ေထာင္စုစာရင္းက ၁၉၈၉ တည္းကစလုပ္ေတာ့ ခုခ်ိန္အထိေတာ့ ႏွစ္ ၂ဝ ေက်ာ္တယ္ခင္ဗ်၊ အထူး သျဖင့္ေတာ့ ေတာင္ဥကၠလာက အဝင္အထြက္မ်ားတဲ့သေဘာေပါ့"

အဲဒီၿမိဳ႕နယ္မွာ မဲေပးခြင့္ရွိသူဦးေရ ၁ သိန္း ၇ ေသာင္းရွိၿပီး အဲဒီထဲမွာ ၉ ေသာင္းေလာက္က အမွန္တကယ္ေနထိုင္ သူေတြမဟုတ္ဘဲ ပိုေနတာျဖစ္ပါတယ္။ ေရြးေကာက္ပြဲက်င္းပမယ့္ေန႔ မတုိင္ခင္တစ္ပတ္အလိုမွာ မဲေပးခြင့္ သက္ေသခံလက္မွတ္ေတြကို လိုက္လံျဖန္႔ေ၀ၿပီး ပိုေနတဲ့စာရင္းေတြကို စီစစ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးမွာ မဲေပးခြင့္ရွိသူ ၅သန္းေက်ာ္ရွိၿပီး ရန္ကုန္အေရွ႕ပိုင္းခရိုင္ ၿမိဳ႕နယ္ ၁၄ ခုမွာ မဲေပးခြင့္ရွိသူဦးေရ ၁ ဒသမ ၂ သန္းေက်ာ္ ရွိေနပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................................

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ ၉သောင်းနီးပါးလောက် ပိုနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ အရင်ကနေထိုင်ပြီး တခြားမြို့နယ်ကို ပြောင်းရွှေ့သွားပေမယ့် အိမ်ထောင်စုစာရင်းတွေ မပြောင်းကြတဲ့အတွက် အခုလို စာရင်းတွေမှာ ပိုနေတာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

"ဒီ့ပြင်နေရာက ဆွဲပြီးထည့်ထားတာ မဟုတ်ဘူးခင်ဗျ၊ တိုးတဲ့လူထည့်ထားတာလည်း မဟုတ်ဘူး၊ အဲဒီ့မှာ လူမနေပေမယ့် အိမ်ထောင်စုစာရင်းတွေ ကျနေတဲ့အတွက် ထည့်ထားတာပါ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ လဝကနဲ့ ပတ်သက်ရင် ပြည်သူလူထုက အဲဒီ့ရုံးကိုသွားပြီးဆောင်ရွက်မှ ဖြစ်တဲ့စနစ်ဖြစ်ပါတယ် ခင်ဗျ၊ သူကပြောင်းမယ်ဆိုရင်လည်း ကိုယ်တိုင် အိမ်ထောင်စုစာရင်းကို ပြောင်းတဲ့နေရာမှာ လျှောက်ထားနိုင်ဖို့အတွက် က ပုံစံ ၁ဝ ဆိုတာ ကိုယ်တိုင်သွားယူရပါတယ်၊ သေတယ်ဆိုရင်လည်း ကိုယ်တိုင်သွားပြီးတော့ လျော့ရပါတယ်၊ အိမ်ထောင်စုစာရင်းက ၁၉၈၉ တည်းကစလုပ်တော့ ခုချိန်အထိတော့ နှစ် ၂ဝ ကျော်တယ်ခင်ဗျ၊ အထူး သဖြင့်တော့ တောင်ဥက္ကလာက အဝင်အထွက်များတဲ့သဘောပေါ့"

အဲဒီမြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေ ၁ သိန်း ရ သောင်းရှိပြီး အဲဒီထဲမှာ ၉ သောင်းလောက်က အမှန်တကယ်နေထိုင် သူတွေမဟုတ်ဘဲ ပိုနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့ မတိုင်ခင်တစ်ပတ်အလိုမှာ မဲပေးခွင့် သက်သေခံလက်မှတ်တွေကို လိုက်လံဖြန့်ဝေပြီး ပိုနေတဲ့စာရင်းတွေကို စီစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ ၅သန်းကျော်ရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ် ၁၄ ခုမှာ မဲပေးခွင့်ရှိသူဦးရေ ၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>