Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ႏိုင္ငံေရးအက်ဥ္းသားေတြ မလႊတ္ရင္ ေထာင္တြင္းအစာငတ္ခံ ဆႏၵျပမယ္လုိ႔ ကုိေအာင္မိႈင္းဆန္း ေျပာ

$
0
0
ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကို သာယာဝတီခရိုင္တရားရံုးမွာ ေမလ ၁၂ ရက္ေန႔က ရံုးထုတ္စဥ္။ Photo: Kyaw Zaw Win/RFA
ဖမ္းဆီးထားတဲ့ ေက်ာင္းသားေတြ အပါအဝင္ နိုင္ငံေရးအက်ဥ္းသားအားလံုးကို ေအာက္တိုဘာလ ၁၅ ရက္ေန႔ မတိုင္ခင္ ခြ်င္းခ်က္မရွိလႊတ္ေပးဖို႔နဲ႔ မလႊတ္ေပးရင္ အစာငတ္ခံဆႏၵျပမယ္လို႔ ဗမာနိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢမ်ားအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္တစ္ဦးျဖစ္တဲ့ ကိုေအာင္မိႈင္းဆန္းက သာယာဝတီ အက်ဥ္းေထာင္ကေန စက္တင္ဘာလ ၃၀ ရက္စြဲနဲ႔ မေန႔က ေတာင္းဆိုေၾကညာလိုက္ပါတယ္။

ကိုေအာင္မိႈင္းဆန္း ဒီလိုေတာင္းဆိုလိုက္တာ ဟုတ္မွန္တယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ကိုေအာင္ေနပိုင္က RFA ကို အတည္ျပဳေျပာဆိုပါတယ္။

"ကိုေအာင္မႈိင္းဆန္းက ဒီေန႔စာထည့္ေပးလိုက္တယ္၊ အဲ့စာမွာလည္း ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ ႏိုင္ငံေရးအက်ဥ္းသားေတြအားလံုး ေက်ာင္းသားေတြေရာ ျပန္လႊတ္မေပးရင္ အစာငတ္ခံဆႏၵျပမယ္ဆိုတဲ့ ေတာင္းဆိုထားတဲ့စာျဖစ္ပါတယ္"

ဒါေပမယ့္ အစာငတ္ခံဆႏၵျပဖို႔ကိစၥကေတာ့ အဖြဲ႔ရဲ့သေဘာထား ဆံုးျဖတ္ခ်က္မဟုတ္ဘူးလို႔ ကိုေအာင္ေနပိုင္ က ေျပာပါတယ္။

ကိုေအာင္မိႈင္းဆန္းရဲ့ အက်ဥ္းေထာင္က ထုတ္ျပန္လိုက္တဲ့စာထဲမွာ၊ ျမန္မာ့ႏုိင္ငံေရးမွာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဖို႔ကိစၥနဲ႔ အေထြေထြေရြးေကာက္ပြဲ က်င္းပမယ့္ကိစၥဆိုတဲ့ ျဖစ္ရပ္ႀကီးႏွစ္ခုရွိေနတဲ့ အတြက္ အခုလိုဖမ္းဆီးခံထားရတဲ့အတြက္ေၾကာင့္ အဲဒီျဖစ္ရပ္ေတြမွာ ႏုိင္ငံသားအခြင့္အေရးအရ ပူးေပါင္း ပါဝင္ႏုိင္ခြင့္ ဆံုးရႈံးေနရတယ္လို႔ ေထာက္ျပထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ေက်ာင္းသားသပိတ္ အၾကမ္းဖက္ၿဖိဳခြဲခံရမႈကို ျမန္မာႏုိင္ငံလူ႔အခြင့္အေရးေကာ္မရွင္က စံုစမ္းစစ္ေဆးၿပီးထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္ဟာ မွန္ကန္တိက်မႈမရွိသလို၊ လူ႔အခြင့္အေရး စံခ်ိန္စံညႊန္းေတြ နဲ႔လည္း ကိုက္ညီမႈမရွိဘူးလို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္က သံုးသပ္ခ်က္တစ္ေစာင္ကို မေန႔က ရက္စြဲနဲ႔ထုတ္ျပန္လိုက္ ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........................................

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်။ Photo: Kyaw Zaw Win/RFA
ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အောက်တိုဘာလ ၁၅ ရက်နေ့ မတိုင်ခင် ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ မလွှတ်ပေးရင် အစာငတ်ခံဆန္ဒပြမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက သာယာဝတီ အကျဉ်းထောင်ကနေ စက်တင်ဘာလ ၃၀ ရက်စွဲနဲ့ မနေ့က တောင်းဆိုကြေညာလိုက်ပါတယ်။

ကိုအောင်မှိုင်းဆန်း ဒီလိုတောင်းဆိုလိုက်တာ ဟုတ်မှန်တယ်လို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က RFA ကို အတည်ပြုပြောဆိုပါတယ်။

"ကိုအောင်မှိုင်းဆန်းက ဒီနေ့စာထည့်ပေးလိုက်တယ်၊ အဲ့စာမှာလည်း အောက်တိုဘာ ၁၅ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျောင်းသားတွေရော ပြန်လွှတ်မပေးရင် အစာငတ်ခံဆန္ဒပြမယ်ဆိုတဲ့ တောင်းဆိုထားတဲ့စာဖြစ်ပါတယ်"

ဒါပေမယ့် အစာငတ်ခံဆန္ဒပြဖို့ကိစ္စကတော့ အဖွဲ့ရဲ့သဘောထား ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ကိုအောင်နေပိုင် က ပြောပါတယ်။

ကိုအောင်မှိုင်းဆန်းရဲ့ အကျဉ်းထောင်က ထုတ်ပြန်လိုက်တဲ့စာထဲမှာ၊ မြန်မာ့နိုင်ငံရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ်ချုပ်ဖို့ကိစ္စနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စဆိုတဲ့ ဖြစ်ရပ်ကြီးနှစ်ခုရှိနေတဲ့ အတွက် အခုလိုဖမ်းဆီးခံထားရတဲ့အတွက်ကြောင့် အဲဒီဖြစ်ရပ်တွေမှာ နိုင်ငံသားအခွင့်အရေးအရ ပူးပေါင်း ပါဝင်နိုင်ခွင့် ဆုံးရှုံးနေရတယ်လို့ ထောက်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ မှန်ကန်တိကျမှုမရှိသလို၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ နဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဗကသများအဖွဲ့ချုပ်က သုံးသပ်ချက်တစ်စောင်ကို မနေ့က ရက်စွဲနဲ့ထုတ်ပြန်လိုက် ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>