Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အစိုးရျဖစ္ခဲ့ရင္ ျမစ္ဆံုစီမံကိန္း သေဘာတူညီခ်က္ခ်ျပမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

$
0
0

 အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္သာ အစိုးရျဖစ္ခဲ့ရင္ ပထမဆံုးလုပ္မယ့္ အလုပ္က ျမစ္ဆံုေရကာတာစီမံကိန္းနဲ႔ပတ္သက္ၿပီး သက္ဆုိင္ရာကုမၸဏီေတြနဲ႔ ဘယ္လိုသေဘာတူညီခ်က္ေတြ ခ်ဳပ္ဆိုထားသလဲဆိုတာကို ျပည္သူေတြကို ခ်ျပဖို႔လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီကေန႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က မေနာအားကစားကြင္းမွာ က်င္းပတဲ့ ေရြးေကာက္ပဲြ မဲဆြယ္စည္းရံုးေရး ေဟာေျပာပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္လာတဲ့ ပရိသတ္တစ္ဦးက ဧရာဝတီျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

"က်မတို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က အစိုးရျဖစ္ခဲ့ရင္ ပထမဦးဆံုးလုပ္မယ့္ကိစၥက ျမစ္ဆံုက ေရကာတာနဲ႔ပတ္သက္လို႔ အစိုးရဟာ သက္ဆိုင္ရာကုမၸဏီေတြနဲ႔ ဘယ္လိုသေဘာတူညီခ်က္ေတြယူထားလဲဆိုတာ ျပည္သူကိုခ်ျပဖို႔ က်မတို႔လုပ္ပါမယ္"

ျမစ္ဆံုေရကာတာစီမံကိန္း သေဘာတူညီခ်က္ေတြထဲမွာ ဘာေတြပါသလဲဆုိတာ မသိတဲ့အတြက္ ေရြးေကာက္ပဲြစည္းရံုးေရးမွာ ဟိုဟာလုပ္ေပးမယ္ ဒီဟာလုပ္ေပးမယ္လို႔ေျပာရင္ တာဝန္မဲ့ရာ ေရာက္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေဒသခံျပည္သူေတြ အရပ္ဖက္လူမႈအဖဲြ႔အစည္းေတြရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ ျမစ္ဆံုေရကာတာစီမံကိန္္းကို နိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ အစိုးရတက္လာၿပီး မၾကာခင္မွာပဲ ယာယီရပ္ဆိုင္းလိုက္တာ ျဖစ္ပါတယ္။

ေဟာေျပာပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္က ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကို ေဆြးေႏြးပဲြေတြ တက္ေရာက္ဖို႔ ဖိတ္ၾကားခဲ့တာ မရိွတဲ့အတြက္ အဲ့ဒီအေပၚ သေဘာထားမေပးလိုေၾကာင္းလည္း ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔ ျမစ္ႀကီးနားေဟာေျပာပဲြအၿပီး ညေနပုိင္းမွာ ဝိုင္းေမာ္ၿမိဳ႕မွာ ဆက္လက္ေဟာေျပာခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
.......................

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အစိုးရဖြစ်ခဲ့ရင် ပထမဆုံးလုပ်မယ့် အလုပ်က မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ချုပ်ဆိုထားသလဲဆိုတာကို ပြည်သူတွေကို ချပြဖို့လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောအားကစားကွင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ ပရိသတ်တစ်ဦးက ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်ခဲ့ရင် ပထမဦးဆုံးလုပ်မယ့်ကိစ္စက မြစ်ဆုံက ရေကာတာနဲ့ပတ်သက်လို့ အစိုးရဟာ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေယူထားလဲဆိုတာ ပြည်သူကိုချပြဖို့ ကျမတို့လုပ်ပါမယ်"

မြစ်ဆုံရေကာတာစီမံကိန်း သဘောတူညီချက်တွေထဲမှာ ဘာတွေပါသလဲဆိုတာ မသိတဲ့အတွက် ရွေးကောက်ပွဲစည်းရုံးရေးမှာ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်လို့ပြောရင် တာဝန်မဲ့ရာ ရောက်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒေသခံပြည်သူတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကြောင့် မြစ်ဆုံရေကာတာစီမံကိန််းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး မကြာခင်မှာပဲ ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာ မရှိတဲ့အတွက် အဲ့ဒီအပေါ် သဘောထားမပေးလိုကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မြစ်ကြီးနားဟောပြောပွဲအပြီး ညနေပိုင်းမှာ ဝိုင်းမော်မြို့မှာ ဆက်လက်ဟောပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>