Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျပႆ နာႀကိဳတင္ကာကြယ္ဖုိ႔ မေနာကြင္းကုိ ပိတ္ရတာလုိ႔ ကခ်င္ဝန္ႀကီးခ်ဳပ္ ေျပာၾကား

$
0
0
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က မေနာကြင္းဝင္ေပါက္ ပိတ္ထားတာကို ေအာက္တိုဘာလ ၁ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Myo Min/RFA
ေဒၚေအာင္ဆန္းစုၾကည္ကုိ ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္းမွာ ေဟာေျပာခြင့္ပိတ္ပင္ခဲ့တာဟာ ျဖစ္ေပၚလာႏုိင္တဲ့ ျပႆနာေတြကုိ ႀကိဳတင္ကာကြယ္တာျဖစ္ေၾကာင္း၊ NLD သာ မဟုတ္ပဲ တျခားမည္သည္႔ ႏုိင္ငံေရးပါတီအဖြဲ႔အစည္းကုိမွလည္း မေနာကြင္းမွာ မဲဆြယ္စည္းရုံးခြင့္ ျပဳမွာမဟုတ္ေၾကာင္း ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးလဂြ်န္ငန္ဆုိင္းက ေျပာၾကားလုိက္ပါတယ္။

ျပည္နယ္အစုိးရအဖြဲ႔ရုံးမွာ RFA က ဒီကေန႔ ညေနုပုိင္းေတြ႔ဆုံေမးျမန္းစဥ္ ဝန္ႀကီးခ်ဳပ္က ခုလုိေျပာၾကားခဲ့တာျဖစ္ပါတယ္။

"ပါတီ တစ္ခုခုကေနေသာ္လည္းေကာင္း၊ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ကေနေသာ္လည္းေကာင္း သမိုင္းအစဥ္အလာႀကီးမားတဲ့ မေနာကြင္းႀကီးမွာ မဲဆြယ္စည္းရံုးမႈေတြ လုပ္လာမယ္ဆိုရင္ ကခ်င္ျပည္နယ္မွာရွိတဲ့ လူမ်ိဳးတစ္ေယာက္နဲ႔ တစ္ေယာက္အၾကား၊ ကခ်င္မ်ိဳးႏြယ္စု ၆ မ်ိဳးထဲမွာရွိတဲ့ မ်ိဳးႏြယ္စုမ်ားအခ်င္းခ်င္းအၾကားဟာ ေသြးကြဲၿပီးေတာ့မွ စည္းလံုးညီညြတ္ေရး ပ်က္ျပားလာႏိုင္တယ္၊ ပဋိပကၡေတြျဖစ္ေပၚလာႏိုင္တယ္၊ ဒါေၾကာင့္ NLD မွ မဟုတ္ပါဘူး၊ ျပည္ခိုင္ၿဖိဳးပါတီပဲျဖစ္ျဖစ္ တျခား မည္သည့္ပါတီပဲျဖစ္ျဖစ္ အသံုးမျပဳသင့္ပါဘူး၊ မည္သည့္ပုဂၢိဳလ္ပဲျဖစ္ျဖစ္ မဲဆြယ္စည္းရံုမႈဟာ မျပဳသင့္ပါဘူးဆိုမွ က်ေနာ္တို႔က တရားဥပေဒစိုးမိုးေရး၊ အမ်ိဳးသားေရးကိစၥနဲ႔၊ ယဥ္ေက်းမႈကိစၥနဲ႔ ပတ္သက္တဲ့တကယ္ကို အေရးႀကီးတဲ့ေနရာႀကီးမွာ ေသြးကြဲေစမယ့္ကိစၥေတြေပါ့ေလ၊ ပဋိပကၡျဖစ္ေစမွာကို မျဖစ္ရေအာင္ဆိုၿပီး ရည္ရြယ္ခ်က္နဲ႔ က်ေနာ္တို႔က ဒါေတြကိုဘယ္သူမွ အသံုးၾကပါနဲ႔လို႔ တားျမစ္ရတာပဲျဖစ္ပါတယ္"

ဒါ့အျပင္ လာမယ့္ေရြးေကာက္ပြဲကုိ သန္႔ရွင္းလြတ္လပ္တဲ့ ေရြးေကာက္ပြဲတစ္ခုျဖစ္ေအာင္ ေရြးေကာက္ပြဲေကာ္မရွင္က ႀကိဳးစားေနေၾကာင္း၊ အဲ့ဒီလုိျဖစ္ဖုိ႔အတြက္ သက္ဆုိင္ရာ အစုိးရအဖြဲ႔အစည္းေတြအျပင္ ပါတီေတြ ျပည္သူေတြကလည္း လက္တြဲေဆာင္ရြက္ဖုိ႔လုိေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............................................

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းဝင်ပေါက် ပိတ်ထားတာကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ဒေါ်အောင်ဆန်းစုကြည်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ဟောပြောခွင့်ပိတ်ပင်ခဲ့တာဟာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်တာဖြစ်ကြောင်း၊ NLD သာ မဟုတ်ပဲ တခြားမည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းကိုမှလည်း မနောကွင်းမှာ မဲဆွယ်စည်းရုံးခွင့် ပြုမှာမဟုတ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားလိုက်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ RFA က ဒီကနေ့ ညနေုပိုင်းတွေ့ဆုံမေးမြန်းစဉ် ဝန်ကြီးချုပ်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"ပါတီ တစ်ခုခုကနေသော်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကနေသော်လည်းကောင်း သမိုင်းအစဉ်အလာကြီးမားတဲ့ မနောကွင်းကြီးမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်လာမယ်ဆိုရင် ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးတစ်ယောက်နဲ့ တစ်ယောက်အကြား၊ ကချင်မျိုးနွယ်စု ၆ မျိုးထဲမှာရှိတဲ့ မျိုးနွယ်စုများအချင်းချင်းအကြားဟာ သွေးကွဲပြီးတော့မှ စည်းလုံးညီညွတ်ရေး ပျက်ပြားလာနိုင်တယ်၊ ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် NLD မှ မဟုတ်ပါဘူး၊ ပြည်ခိုင်ဖြိုးပါတီပဲဖြစ်ဖြစ် တခြား မည်သည့်ပါတီပဲဖြစ်ဖြစ် အသုံးမပြုသင့်ပါဘူး၊ မည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မဲဆွယ်စည်းရုံမှုဟာ မပြုသင့်ပါဘူးဆိုမှ ကျနော်တို့က တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရေးကိစ္စနဲ့၊ ယဉ်ကျေးမှုကိစ္စနဲ့ ပတ်သက်တဲ့တကယ်ကို အရေးကြီးတဲ့နေရာကြီးမှာ သွေးကွဲစေမယ့်ကိစ္စတွေပေါ့လေ၊ ပဋိပက္ခဖြစ်စေမှာကို မဖြစ်ရအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ကျနော်တို့က ဒါတွေကိုဘယ်သူမှ အသုံးကြပါနဲ့လို့ တားမြစ်ရတာပဲဖြစ်ပါတယ်"

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က ကြိုးစားနေကြောင်း၊ အဲ့ဒီလိုဖြစ်ဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအပြင် ပါတီတွေ ပြည်သူတွေကလည်း လက်တွဲဆောင်ရွက်ဖို့လိုကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...