သမီးျဖစ္သူက ရည္းစားႏွင့္ခ်ိန္းေတြ႕ရန္ စတိုးဆိုင္တဆိုင္မွ ကြန္ဒံုးမ်ားကို အလစ္သုတ္စဥ္ဖမ္းမိိသြားခဲ့မႈ ေၾကာင့္ ဖခင္ျဖစ္သူက အရွက္ရၿပီး သမီးျဖစ္သူကို လည္ပင္းညႇစ္သတ္ခဲ့မႈ ဂ်ာမနီတြင္ ျဖစ္ပြားခဲ့သည္။ အသက္ ၅၁ ႏွစ္အရြယ္ရွိ ဖခင္ အဆာဒူလာခန္ဆိုသူက သမီးျဖစ္သူ အသက္ ၁၉ ႏွစ္ အရြယ္ရွိ မစၥလာရိဗ္ကို လည္ပင္း ညႇစ္သတ္ခဲ့ေၾကာင္း ၀န္ခံခဲ့သည္။
အဆာဒူလာခန္သည္ လာရိဗ္ကို လည္ပင္းညႇစ္သတ္ခဲ့ၿပီး ဇနီးသည္ ရွာဇီယာ (၄၁ႏွစ္)ႏွင့္အတူ လာရိဗ္၏ အေလာင္းကို အ၀တ္အစားမ်ား၀တ္ေပးၿပီး ဘီးတပ္ကုလားထိုင္ေပၚတင္ကာ ဂ်ာမနီႏုိင္ငံ၊ ဒမ္းစတတ္ ၿမိဳ႕ရွိ အဆင့္ျမင့္တိုက္ခန္းေပၚမွခ်ခဲ့သည္။ ယင္းေနာက္ ကားျဖင့္တင္ၿပီး ေတာတြင္းတေနရာရွိ တမံ(ေရကာတာ) တခုေပၚမွေန၍ တြန္းခ်ခဲ့သည္။
ေနာက္တရက္တြင္ မစ္ၥလာရိဗ္ အေလာင္းကို လမ္းသြားလမ္းလာမ်ားက ေတြ႕ ရွိခဲ့သည္။ လာရိဗ္သည္ အိမ္ႏွင့္စကားမ်ားၿပီး အျပင္ထြက္ ေနခဲ့သည္မွာ ရက္အေတာ္ၾကာေၾကာင္း၊ တရက္တြင္ စတိုးဆိုင္မွ ကြန္ဒံုးခိုးမႈျဖင့္ ရဲကအေၾကာင္းၾကား၍သိခဲ့ရၿပီး ယင္းကိစၥကို ဖခင္ျဖစ္သူထံ အေၾကာင္းၾကားခဲ့ ေၾကာင္း၊ မိခင္ျဖစ္သူ ရွာဇီရာက တရား႐ံုးတြင္ အစစ္ခံခဲ့သည္။ ယင္းေနာက္ လာရိဗ္ကို အိမ္မွေပးမထြက္ဘဲ ထားၿပီး ရည္းစားႏွင့္အဆက္ျဖတ္ခိုင္းေသာ္လည္း မစၥလာရိဗ္က ရည္းစားႏွင့္ျပန္ဆက္ခဲ့သည့္အျပင္ မြတ္ဆလင္ ထံုးစံအရ ေခါင္းစည္းပ၀ါစည္းရန္ ျငင္းဆန္ခဲ့ သည္ဟုဆိုသည္။ ၎တို႔မိသားစုသည္ ပါကစၥတန္ႏုိင္ငံမွ ဂ်ာမနီသို႔ ေျပာင္းေရႊ႕အေျခခ်ေနထိုင္ၾကသည့္ မြတ္ဆလင္ဘာသာ၀င္မ်ား ျဖစ္ၾကသည္။
ထြဋ္၀င္းထြဋ္- UK times
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...............................
သမီးဖြစ်သူက ရည်းစားနှင့်ချိန်းတွေ့ရန် စတိုးဆိုင်တဆိုင်မှ ကွန်ဒုံးများကို အလစ်သုတ်စဉ်ဖမ်းမိိသွားခဲ့မှု ကြောင့် ဖခင်ဖြစ်သူက အရှက်ရပြီး သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့မှု ဂျာမနီတွင် ဖြစ်ပွားခဲ့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဖခင် အဆာဒူလာခန်ဆိုသူက သမီးဖြစ်သူ အသက် ၁၉ နှစ် အရွယ်ရှိ မစ္စလာရိဗ်ကို လည်ပင်း ညှစ်သတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
အဆာဒူလာခန်သည် လာရိဗ်ကို လည်ပင်းညှစ်သတ်ခဲ့ပြီး ဇနီးသည် ရှာဇီယာ (၄၁နှစ်)နှင့်အတူ လာရိဗ်၏ အလောင်းကို အဝတ်အစားများဝတ်ပေးပြီး ဘီးတပ်ကုလားထိုင်ပေါ်တင်ကာ ဂျာမနီနိုင်ငံ၊ ဒမ်းစတတ် မြို့ရှိ အဆင့်မြင့်တိုက်ခန်းပေါ်မှချခဲ့သည်။ ယင်းနောက် ကားဖြင့်တင်ပြီး တောတွင်းတနေရာရှိ တမံ(ရေကာတာ) တခုပေါ်မှနေ၍ တွန်းချခဲ့သည်။
နောက်တရက်တွင် မစ်္စလာရိဗ် အလောင်းကို လမ်းသွားလမ်းလာများက တွေ့ ရှိခဲ့သည်။ လာရိဗ်သည် အိမ်နှင့်စကားများပြီး အပြင်ထွက် နေခဲ့သည်မှာ ရက်အတော်ကြာကြောင်း၊ တရက်တွင် စတိုးဆိုင်မှ ကွန်ဒုံးခိုးမှုဖြင့် ရဲကအကြောင်းကြား၍သိခဲ့ရပြီး ယင်းကိစ္စကို ဖခင်ဖြစ်သူထံ အကြောင်းကြားခဲ့ ကြောင်း၊ မိခင်ဖြစ်သူ ရှာဇီရာက တရားရုံးတွင် အစစ်ခံခဲ့သည်။ ယင်းနောက် လာရိဗ်ကို အိမ်မှပေးမထွက်ဘဲ ထားပြီး ရည်းစားနှင့်အဆက်ဖြတ်ခိုင်းသော်လည်း မစ္စလာရိဗ်က ရည်းစားနှင့်ပြန်ဆက်ခဲ့သည့်အပြင် မွတ်ဆလင် ထုံးစံအရ ခေါင်းစည်းပဝါစည်းရန် ငြင်းဆန်ခဲ့ သည်ဟုဆိုသည်။ ၎င်းတို့မိသားစုသည် ပါကစ္စတန်နိုင်ငံမှ ဂျာမနီသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် မွတ်ဆလင်ဘာသာဝင်များ ဖြစ်ကြသည်။
ထွဋ်ဝင်းထွဋ်- UK times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal