Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အာဖဂန္ ေဆးရံုဗံုးက်ဲမႈတြင္ ေသဆံုးသူ ၁၉ ဦးအထိ ျမင့္တက္

$
0
0

    ကဘူးလ္၊ ေအာက္တိုဘာ ၄ ရက္ (ဆင္ဟြာ)

    အာဖဂန္နစၥတန္ ႏိုင္ငံ ေျမာက္ပိုင္း က ကြန္ဒက္ဇ္ၿမိဳ႕ရွိ နယ္စည္း မထား ဆရာဝန္မ်ား အဖဲြ႔ (MSF) မွ ေထာက္ပံ့မႈ ေပးေနေသာ ေဆးရံု အား စေနေန႔ အေစာပိုင္းတုန္းက အေမရိကန္ ေလေၾကာင္း တိုက္ခိုက္မႈျဖစ္ပြားခဲ႔ၿပီး ေသဆံုးသူ အေရအတြက္ ၁၉ ဦးႏွင့္ ဒဏ္ရာရရွိသူ ၃၇ ဦးအထိရွိ လာၿပီျဖစ္ေၾကာင္း နယ္စည္းမထား ဆရာဝန္မ်ားအဖြဲ႕ (MSF) ကေျပာသည္။

တာလီဘန္ စစ္ေသြးၾကြမ်ား၊ အၾကမ္းဖက္ သမားမ်ား ႏွင့္ ျဖစ္ပြားေနေသာ စစ္ပြဲတြင္ အာဖဂန္စစ္တပ္ သို႔ ေထာက္ပံ့ေပးေနေသာ အေမရိကန္စစ္တပ္ မွ ယင္းအေၾကာင္းအရာ ႏွင့္ ပတ္သက္ ၍ စံုစမ္းစစ္ေဆးေနေၾကာင္း ေျပာၾကားခဲ့သည္။

“ဝန္ထမ္း ၁၂ ဦး နဲ႔ ကေလးမ်ားအပါအဝင္ အနည္းဆံုး လူနာ ၇ ဦး ေသဆံုးသြားခဲ့တယ္၊ ဝန္ထမ္း ၁၉ ဦး အပါအဝင္ လူေပါင္း ၃၇ ဦး ဒဏ္ရာရရွိခဲ႔တယ္၊ ဒီတိုက္ခိုက္မႈဟာ လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ ႏိုင္ငံတကာ ဥပေဒကို စိုးရိမ္ဖြယ္ ခ်ိဳးေဖာက္္မႈ တစ္ခုလဲျဖစ္တယ္” ဟု MSF က ေၾကညာခ်က္ထဲ ၌ ေျပာထားသည္။

စာရင္းတြင္ မပါဝင္ေသး ေသာ လူနာမ်ား ႏွင့္ ဝန္ထမ္းေတြလည္း က်န္ရွိေနေသးေၾကာင္း ႏွင့္ ယင္းဗံုးက်ဲ တိုက္ခိုက္မႈရဲ႕ ေနာက္ဆက္တြဲ ေၾကာင့္ ေသဆုံး၊ ဒဏ္ရာရသူ အေရအတြက္ သည္လည္း ဆက္လက္ ျမင့္တက္လာ ႏိုင္ဦးမည္ ဟု ေၾကညာခ်က္က ဆိုပါသည္။

ထို မေတာ္တဆမႈ ျဖစ္ပြားၿပီးေနာက္ အာဖဂန္ သမၼတ အာဆတ္ ဂါနီကလည္း ဝမ္းနည္းေၾကာင္း ေဖာ္ျပထားၿပီး ကြန္ဒက္ဇ္ တြင္ ေသဆံုးခဲ့ရေသာ ဆရာဝန္မ်ား အတြက္လည္း ဝမ္းနည္းေၾကာင္း ေျပာၾကားထားသည့္ ေၾကညာ ခ်က္အား သမၼတ နန္းေတာ္ မွ ယင္းေန႔ အေစာပိုင္းက ထုတ္ျပန္ခဲ့သည္။

ထို ဗံုးက်ဲတိုက္ခိုက္မႈအား MSF မွ ရံႈ႕ခ်ထားသည္။ ကဘူးလ္ ႏွင့္ ဝါရွင္တန္ အပါအဝင္ ပဋိပကၡ ႏွင့္ ပါဝင္ပတ္သက္ ေနေသာ အဖဲြ႔အစည္းမ်ား အားလံုး သို႔ အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ရွင္းရွင္းလင္းလင္း လုပ္ေပးရန္ ဆႏၵျပဳထားၿပီး ကြန္ဒက္ဇ္ ရွိ MSF ၏ ေဆးရံု၊ ဧည့္ေဂဟာ၊ ရံုးခန္းမ်ား ႏွင့္ အေထာက္အကူျပဳ ေနရာမ်ား၏ တည္ေနရာမ်ားကို အတိအက် သတင္းေပးထားၿပီး ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။

ကဘူးလ္ ႏွင့္ ကီလိုမီတာ ၂၅၀ အကြာတြင္ရွိေသာ ကြန္ဒက္ဇ္ၿမိဳ႕၏ အဓိက အစိတ္အပိုင္း မ်ားကို  တာလီဘန္ စစ္ေသြးၾကြမ်ား က တနလၤာေန႔တြင္ သိမ္းပိုက္ခဲ့ၿပီး အစိုးရစစ္တပ္ မွ တန္ျပန္ တိုက္ခိုက္မႈမ်ား အား ၾကာသပေတးေန႔တြင္ စတင္ခဲ့ေၾကာင္း၊ ယခု အခ်ိန္ထိ တာလီဘန္ စစ္ေသြးၾကြ ရာေပါင္းမ်ား စြာ ေသဆံုးခဲ့ေၾကာင္း ကြန္ဒက္ဇ္ ရဲမ်ားက ေျပာသည္။

(Xinhua)
http://www.xinhuamyanmar.com
...........................................................................

အာဖဂန် ဆေးရုံဗုံးကျဲမှုတွင် သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်
    အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း က ကွန်ဒက်ဇ်မြို့ရှိ နယ်စည်း မထား ဆရာဝန်များ အဖွဲ့ (MSF) မှ ထောက်ပံ့မှု ပေးနေသော ဆေးရုံ အား စနေနေ့ အစောပိုင်းတုန်းက အမေရိကန် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၇ ဦးအထိရှိ လာပြီဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကပြောသည်။

တာလီဘန် စစ်သွေးကြွများ၊ အကြမ်းဖက် သမားများ နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် အာဖဂန်စစ်တပ် သို့ ထောက်ပံ့ပေးနေသော အမေရိကန်စစ်တပ် မှ ယင်းအကြောင်းအရာ နှင့် ပတ်သက် ၍ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

“ဝန်ထမ်း ၁၂ ဦး နဲ့ ကလေးများအပါအဝင် အနည်းဆုံး လူနာ ရ ဦး သေဆုံးသွားခဲ့တယ်၊ ဝန်ထမ်း ၁၉ ဦး အပါအဝင် လူပေါင်း ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်၊ ဒီတိုက်ခိုက်မှုဟာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို စိုးရိမ်ဖွယ် ချိုးဖောက််မှု တစ်ခုလဲဖြစ်တယ်” ဟု MSF က ကြေညာချက်ထဲ ၌ ပြောထားသည်။

စာရင်းတွင် မပါဝင်သေး သော လူနာများ နှင့် ဝန်ထမ်းတွေလည်း ကျန်ရှိနေသေးကြောင်း နှင့် ယင်းဗုံးကျဲ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် သည်လည်း ဆက်လက် မြင့်တက်လာ နိုင်ဦးမည် ဟု ကြေညာချက်က ဆိုပါသည်။

ထို မတော်တဆမှု ဖြစ်ပွားပြီးနောက် အာဖဂန် သမ္မတ အာဆတ် ဂါနီကလည်း ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ကွန်ဒက်ဇ် တွင် သေဆုံးခဲ့ရသော ဆရာဝန်များ အတွက်လည်း ဝမ်းနည်းကြောင်း ပြောကြားထားသည့် ကြေညာ ချက်အား သမ္မတ နန်းတော် မှ ယင်းနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

ထို ဗုံးကျဲတိုက်ခိုက်မှုအား MSF မှ ရှုံ့ချထားသည်။ ကဘူးလ် နှင့် ဝါရှင်တန် အပါအဝင် ပဋိပက္ခ နှင့် ပါဝင်ပတ်သက် နေသော အဖွဲ့အစည်းများ အားလုံး သို့ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း လုပ်ပေးရန် ဆန္ဒပြုထားပြီး ကွန်ဒက်ဇ် ရှိ MSF ၏ ဆေးရုံ၊ ဧည့်ဂေဟာ၊ ရုံးခန်းများ နှင့် အထောက်အကူပြု နေရာများ၏ တည်နေရာများကို အတိအကျ သတင်းပေးထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကဘူးလ် နှင့် ကီလိုမီတာ ၂၅၀ အကွာတွင်ရှိသော ကွန်ဒက်ဇ်မြို့၏ အဓိက အစိတ်အပိုင်း များကို  တာလီဘန် စစ်သွေးကြွများ က တနင်္လာနေ့တွင် သိမ်းပိုက်ခဲ့ပြီး အစိုးရစစ်တပ် မှ တန်ပြန် တိုက်ခိုက်မှုများ အား ကြာသပတေးနေ့တွင် စတင်ခဲ့ကြောင်း၊ ယခု အချိန်ထိ တာလီဘန် စစ်သွေးကြွ ရာပေါင်းများ စွာ သေဆုံးခဲ့ကြောင်း ကွန်ဒက်ဇ် ရဲများက ပြောသည်။ 

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...