Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခါးေမာက္တံဆိပ္အေပၚ ပုတ္ခတ္ေျပာဆုိမႈ NLD ကုိ NDF က တုိင္ၾကား

$
0
0
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္မွာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က မဲဆြယ္စည္းရံုးတဲ့အခါ NDF အမ်ိဳးသား ဒီမိုကေရစီအင္အားစုပါတီ ကို ပုတ္ခတ္ေျပာဆိုမႈေတြရွိေနတာေၾကာင့္ဆိုၿပီး အေရးယူ ေဆာင္ရြက္ေပးဖို႔ NDF ပါတီက ဘီးလင္းၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံ မေန႔က တိုင္ၾကားလိုက္ပါတယ္။

NDF ပါတီရဲ႕ ခါးေမာက္တံဆိပ္ကို ပုတ္ခတ္ေျပာဆိုတာေတြ လုပ္ေနတာေၾကာင့္ တုိင္ၾကားတာျဖစ္တယ္လို႔ NDF ပါတီရဲ႕ ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚေအးေအးမာက ေျပာပါတယ္။

အ့ဲဒီလိုပုတ္ခတ္ေျပာဆုိမႈေတြဟာ NDF ပါတီ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးကို ထိခိုက္နစ္နာေစတယ္လို႔ ေကာ္မရွင္ ထံ တိုင္ၾကားစာမွာ ပါရွိပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၂ ရက္ေန႔က ဘီးလင္းၿမိဳ႕နယ္ ေတာင္စြန္းေက်းရြာက ေဒႆဝတီရပ္ကြက္နဲ႔ ေအာက္တုိဘာ လ ၁၁ ရက္ေန႔က ဘီးလင္းၿမိဳ႕နယ္ အလူးႀကီးေက်းရြာတို႔မွာ မဲဆြယ္စည္းရံုးစဥ္ ဘီးလင္းၿမိဳ႕နယ္ NLD ပါတီ ဥကၠဌ ဦးေက်ာ္မ်ဳိးမင္းက NDF ပါတီတံဆိပ္အေပၚ ပုတ္ခတ္ေျပာဆိုမႈ ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဘီးလင္းၿမိဳ႕နယ္မွာ တိုင္းရင္းသားစည္းလံုးညီညြတ္ေရးပါတီ၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္၊ ကရင္ ျပည္သူ႔ပါတီ၊ အမ်ိဳးသားတိုးတက္ေရးပါတီ စတဲ့ပါတီေတြ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဘီးလင္းၿမိဳ႕နယ္မွာ မဲေပးခြင့္ရွိသူ တစ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိတယ္လို႔သိရပါတယ္။
http://www.rfa.org/burmese/news/moun-nld-ndf-complain-10132015134819.html
........................
ခါးမောက်တံဆိပ်အပေါ် ပုတ်ခတ်ပြောဆိုမှု NLD ကို NDF က တိုင်ကြား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးတဲ့အခါ NDF အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကို ပုတ်ခတ်ပြောဆိုမှုတွေရှိနေတာကြောင့်ဆိုပြီး အရေးယူ ဆောင်ရွက်ပေးဖို့ NDF ပါတီက ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မနေ့က တိုင်ကြားလိုက်ပါတယ်။

NDF ပါတီရဲ့ ခါးမောက်တံဆိပ်ကို ပုတ်ခတ်ပြောဆိုတာတွေ လုပ်နေတာကြောင့် တိုင်ကြားတာဖြစ်တယ်လို့ NDF ပါတီရဲ့ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးမာက ပြောပါတယ်။

အဲ့ဒီလိုပုတ်ခတ်ပြောဆိုမှုတွေဟာ NDF ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို ထိခိုက်နစ်နာစေတယ်လို့ ကော်မရှင် ထံ တိုင်ကြားစာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက ဒေဿဝတီရပ်ကွက်နဲ့ အောက်တိုဘာ လ ၁၁ ရက်နေ့က ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာတို့မှာ မဲဆွယ်စည်းရုံးစဉ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဌ ဦးကျော်မျိုးမင်းက NDF ပါတီတံဆိပ်အပေါ် ပုတ်ခတ်ပြောဆိုမှု ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘီးလင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော် ရှိတယ်လို့သိရပါတယ်။
http://www.rfa.org/burmese/news/moun-nld-ndf-complain-10132015134819.html

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>