အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳပ္မွ ကုိကုိးကြၽန္းသုိ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းမ်ား သြားေရာက္ရန္ ငွားရမ္းထားသည့္ ကုန္တင္ စက္ေလွမွာ သစ္သား ကုိယ္ထည္ ျဖစ္သျဖင့္ လူလုိက္ပါ စီးနင္းပါက လုံျခံဳမႈ မရွိေသာေၾကာင့္ ေရေၾကာင္း ပုိ႔ေဆာင္ေရးဌာနမွ သြားခြင့္မျပဳဟု NLD မွ ကုိကုိးကြၽန္း ျပည္သူ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္း ဦး၀င္းမင္းက ေျပာၾကားသည္။
အဆုိပါ စက္ေလွ ထြက္ခြာခြင့္အား ရန္ကုန္တုိင္း ေဒသႀကီး အစုိးရအဖြဲ႕အပါအ၀င္ ဌာနငါးခုအား ေအာက္တုိဘာ ၁၂ ရက္တြင္ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ရာတြင္ ယင္းဌာနငါးခု အနက္ တရားမ၀င္ ကုန္သြယ္မႈ တားဆီး ထိန္းခ်ဳပ္ေရး ေကာ္မတီက ကန္႔ကြက္ရန္ မရွိေၾကာင္း စာျဖင့္ အေၾကာင္း ျပန္ခဲ့ၿပီး ေနာက္ထပ္ ဌာန တစ္ခုျဖစ္သည့္ ေရေၾကာင္း ပုိ႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနသုိ႔ ေအာက္တုိဘာ ၁၃ ရက္တြင္ သြားေရာက္ ေဆြးေႏြးရာ၌ သြားခြင့္ မျပဳေၾကာင္း သိရွိခဲ့ရသည္ဟု ၎က ဆိုသည္။
“ေဆြးေႏြးတဲ့အခါက်ေတာ့ ခင္ဗ်ားတုိ႔ ငွားထားတဲ့ စက္ေလွက ဘာစက္ေလွလဲတဲ့ ကြၽန္ေတာ္တို႔ သစ္သားခြံ ပင္လယ္ကမ္း႐ုိးတန္းသြား စက္ေလွလုိ႔။ သူတုိ႔ကလည္း ဥပေဒအရ ရွင္းျပတယ္။ သစ္သားခြံေတြက လုံျခံဳေရး မေကာင္းဘူးေပါ့ေနာ္။ အဲဒီေတာ့ ကုန္တင္ခြင့္ပဲ ရွိတယ္။ ခရီးသည္တင္ခြင့္ မရွိပါဘူးတဲ့။ အကယ္၍ ပင္လယ္ကမ္း႐ုိးတန္းကုိ သြားမယ္ဆုိရင္ သံခြံ ခရီးသည္တင္ သေဘၤာနဲ႔သြားရမယ္တဲ့။ သူက တစ္ခါထပ္ ေျပာတယ္။ ကြၽန္ေတာ္တုိ႔ ျမန္မာျပည္မွာ ပုဂၢလိက ပုိင္ရွင္ေတြ လက္ထဲမွာ ခရီးတင္ သံခြံ မရွိပါဘူးတဲ့။ ၾကယ္ငါးပြင့္က သေဘၤာႀကီးေတြ ငွားမွရေတာ့မွာေလ။ ဒီကုန္တင္ စက္ေလွသံခြံေတြဆုိရင္ ခရီးသည္ တင္ႏုိင္ေလာက္တဲ့ လုံျခံဳေရး ပစၥည္းနဲ႔ဆုိရင္ သူတုိ႔ ခြင့္ျပဳေပးလုိ႔ ရပါတယ္တဲ့။ ဥပမာ ၁၂ ဘီးကားက ကုန္ပဲတင္ခြင့္ရွိတယ္။ Express ကားေတြလုိ လူတင္ခြင့္မရွိဘူး။ ဒါေပမဲ့ သံခြံဆုိရင္ ခြင့္ျပဳေပးမယ္။ ဒီသေဘာေပါ့”ဟု ဦး၀င္းမင္းက ေျပာၾကားသည္။
သို႔ရာတြင္ ေရေၾကာင္း ပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ေအာက္တုိဘာ ၂၀ ရက္ တြင္ ကုိကုိးကြၽန္းသုိ႔ သေဘၤာတစ္စီး ထြက္ခြာရန္ရွိၿပီး အဆုိပါသေဘၤာတြင္ ခရီးသည္ ၈၀ ခန္႔လုိက္ပါႏုိင္ရန္ စီစဥ္ထားေၾကာင္း၊ လုိက္ပါခြင့္ ရရွိမည့္သူမ်ား၏ စာရင္းမွာ ေအာက္တုိဘာ ၁၄ ရက္တြင္ သိရွိရမည္ ျဖစ္ေသာေၾကာင့္ လုိက္ပါခြင့္ ရ၊ မရအား မသိရွိရေသးေၾကာင္းႏွင့္ သေဘၤာလုိက္ပါခြင့္အား တုိင္းအစုိးရအဖြဲ႕မွ ခြင့္ျပဳျခင္း ျဖစ္ေၾကာင္း ၎က ဆိုသည္။
အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္မွ လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းမ်ားႏွင့္အတူ သတင္းမီဒီယာမ်ား အပါအ၀င္ ကုိကုိးကြၽန္းသုိ႔ သြားေရာက္ရန္ ခြင့္ျပဳခ်က္ ေတာင္းခံသည့္ ဦးေရ ၃၀ ခန္႔ရွိေၾကာင္း သိရသည္။
ကုိကုိးကြၽန္း မဲဆႏၵနယ္တြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ အာဏာရ ျပည္ခုိင္ၿဖိဳးပါတီ ကုိယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းမွာ သူရဦးသက္ေဆြ (ယခင္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)/ဗုိလ္ခ်ဳပ္ႀကီး-ၿငိမ္း)၊ တုိင္းေဒသႀကီး မဲဆႏၵနယ္ (၁) ကုိယ္စားလွယ္ေလာင္းမွာ ဦးတင္၀င္း (ဗုိလ္မွဴးႀကီး (ၿငိမ္း) /ယခင္ ရန္ကုန္တုိင္း ေဒသႀကီး နယ္/လုံ၀န္ႀကီး)၊ တုိင္းေဒသႀကီး မဲဆႏၵနယ္ (၂) ကုိယ္စားလွယ္ေလာင္းမွာ ဦးေအာင္ႏုိင္တုိ႔ ျဖစ္သည္။
http://news-eleven.com
............................
ကိုကိုးကျွန်းသို့ သွားရန် ငှားရမ်းထားသည့် ကုန်တင် စက်လှေမှာ သစ်သား ကိုယ်ထည် ဖြစ်သဖြင့် လူလိုက်ပါစီးနင်းပါက လုံခြုံမှု မရှိသောကြောင့် ရေကြောင်း ပို့ဆောင်ရေးဌာနမှ သွားခွင့်မပြုဟု NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား
Published on Tue, 10/13/2015 - 22:55
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုကိုးကျွန်းသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများ သွားရောက်ရန် ငှားရမ်းထားသည့် ကုန်တင် စက်လှေမှာ သစ်သား ကိုယ်ထည် ဖြစ်သဖြင့် လူလိုက်ပါ စီးနင်းပါက လုံခြံုမှု မရှိသောကြောင့် ရေကြောင်း ပို့ဆောင်ရေးဌာနမှ သွားခွင့်မပြုဟု NLD မှ ကိုကိုးကျွန်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောကြားသည်။
အဆိုပါ စက်လှေ ထွက်ခွာခွင့်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အပါအဝင် ဌာနငါးခုအား အောက်တိုဘာ ၁၂ ရက်တွင် ခွင့်ပြုချက် တောင်းခံခဲ့ရာတွင် ယင်းဌာနငါးခု အနက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ကော်မတီက ကန့်ကွက်ရန် မရှိကြောင်း စာဖြင့် အကြောင်း ပြန်ခဲ့ပြီး နောက်ထပ် ဌာန တစ်ခုဖြစ်သည့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အောက်တိုဘာ ၁၃ ရက်တွင် သွားရောက် ဆွေးနွေးရာ၌ သွားခွင့် မပြုကြောင်း သိရှိခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“ဆွေးနွေးတဲ့အခါကျတော့ ခင်ဗျားတို့ ငှားထားတဲ့ စက်လှေက ဘာစက်လှေလဲတဲ့ ကျွန်တော်တို့ သစ်သားခွံ ပင်လယ်ကမ်းရိုးတန်းသွား စက်လှေလို့။ သူတို့ကလည်း ဥပဒေအရ ရှင်းပြတယ်။ သစ်သားခွံတွေက လုံခြံုရေး မကောင်းဘူးပေါ့နော်။ အဲဒီတော့ ကုန်တင်ခွင့်ပဲ ရှိတယ်။ ခရီးသည်တင်ခွင့် မရှိပါဘူးတဲ့။ အကယ်၍ ပင်လယ်ကမ်းရိုးတန်းကို သွားမယ်ဆိုရင် သံခွံ ခရီးသည်တင် သင်္ဘောနဲ့သွားရမယ်တဲ့။ သူက တစ်ခါထပ် ပြောတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပုဂ္ဂလိက ပိုင်ရှင်တွေ လက်ထဲမှာ ခရီးတင် သံခွံ မရှိပါဘူးတဲ့။ ကြယ်ငါးပွင့်က သင်္ဘောကြီးတွေ ငှားမှရတော့မှာလေ။ ဒီကုန်တင် စက်လှေသံခွံတွေဆိုရင် ခရီးသည် တင်နိုင်လောက်တဲ့ လုံခြံုရေး ပစ္စည်းနဲ့ဆိုရင် သူတို့ ခွင့်ပြုပေးလို့ ရပါတယ်တဲ့။ ဥပမာ ၁၂ ဘီးကားက ကုန်ပဲတင်ခွင့်ရှိတယ်။ Express ကားတွေလို လူတင်ခွင့်မရှိဘူး။ ဒါပေမဲ့ သံခွံဆိုရင် ခွင့်ပြုပေးမယ်။ ဒီသဘောပေါ့”ဟု ဦးဝင်းမင်းက ပြောကြားသည်။
သို့ရာတွင် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၂၀ ရက် တွင် ကိုကိုးကျွန်းသို့ သင်္ဘောတစ်စီး ထွက်ခွာရန်ရှိပြီး အဆိုပါသင်္ဘောတွင် ခရီးသည် ၈၀ ခန့်လိုက်ပါနိုင်ရန် စီစဉ်ထားကြောင်း၊ လိုက်ပါခွင့် ရရှိမည့်သူများ၏ စာရင်းမှာ အောက်တိုဘာ ၁၄ ရက်တွင် သိရှိရမည် ဖြစ်သောကြောင့် လိုက်ပါခွင့် ရ၊ မရအား မသိရှိရသေးကြောင်းနှင့် သင်္ဘောလိုက်ပါခွင့်အား တိုင်းအစိုးရအဖွဲ့မှ ခွင့်ပြုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်အတူ သတင်းမီဒီယာများ အပါအဝင် ကိုကိုးကျွန်းသို့ သွားရောက်ရန် ခွင့်ပြုချက် တောင်းခံသည့် ဦးရေ ၃၀ ခန့်ရှိကြောင်း သိရသည်။
ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ သူရဦးသက်ဆွေ (ယခင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ရေ)/ဗိုလ်ချုပ်ကြီး-ငြိမ်း)၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်းမှာ ဦးတင်ဝင်း (ဗိုလ်မှူးကြီး (ငြိမ်း) /ယခင် ရန်ကုန်တိုင်း ဒေသကြီး နယ်/လုံဝန်ကြီး)၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) ကိုယ်စားလှယ်လောင်းမှာ ဦးအောင်နိုင်တို့ ဖြစ်သည်။