Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Facebook မှာတင်တဲ့ ပုံတပုံ ကြောင့် ကချင် အမျိုးသား တယောက်ဖမ်းဆီးခံရ

$
0
0
Facebook မှာတင်တဲ့ ပုံတပုံ ကြောင့် ကချင် အမျိုးသား တယောက် ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့ က ဖမ်းဆီးခံရ ပါတယ်။
ည ၇ နာရီလောက်မှာ ရပ်ကွက် လူကြီးတွေနဲ့ ဦးခွန်ဂျာလီ အိမ်ကို လာရှာပြီး Facebook လူမှု ကွန်ယက်မှာ ရေးသားမှု တခု ကြောင့် မေးစရာရှိတယ် ဆိုပြီး ရဲစခန်းကို ခေါ်သွားတယ် လို့ သမီးဖြစ်သူ မမာလုက ပြောပါတယ်။
ဦးခွန်ဂျာလီ Facebook မှာ တယောက်ယောက် ကို ဖိနပ်နဲ့ နင်းထား တဲ့ ပုံတင်ထားတယ် ဆိုပြီး လာရှာတာ ဖြစ်ပြီး ပုံထဲက ဖိနပ်ဝါ ကို ဦးခွန်ဂျာလီ အိမ်မှာ ရှာမတွေ့ဘူး လို့ လည်း သိရပါတယ်။
အဲဒိ ဓာတ်ပုံကိုလည်း သူ့ Facebook စာမျက်နှာ မှာ ရှာမတွေ့ဘူး လို့ မိသားစုက ပြောပါတယ်။
အမှုဖွင့် တိုင်တာက စစ်တပ်ဘက်က ဖြစ်ပါတယ်။
ရဲစခန်း ခေါ်သွားပြီးနောက် ခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့် မပေးသေးဘူးလို့လည်း ဆိုပါတယ်။
ဦးခွန်ဂျာလီ ဟာ ကချင် ငြိမ်းချမ်းရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါ်မေစပယ်ဖြူ ရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>