Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD ကိုယ္စားလွယ္ေလာင္း ခ်ီေဖြမွာ အတိုက္ခိုက္ခံရ

$
0
0
ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ ေဒၚေအာင္ဆန္းစုၾကည္ ခရီးစဥ္။ (ေဖေဖာ္ဝါရီ-၂၀၁၂)

ႏိုင္ကြန္းအိန္
14.10.2015 17:50

ကခ်င္ျပည္နယ္ ခ်ီေဖြၿမိဳ႕နယ္အတြင္းမွာ မဲဆြယ္စည္းရံုးေရးဆင္းေနတဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ကိုယ္စားလွယ္ေလာင္းေတြ ကို ေဒသခံ လက္နက္ကိုင္အဖြဲ႕အစည္းေတြကေန ဟန္႔တားတိုက္ခိုက္မႈေတြနဲ႔ေတြ႔ ႀကံဳေနရပါတယ္။ ခ်ီေဖြနဲဲ႔ပန္၀ါေဒသအတြင္း NLD ပါတီကေန မဲဆြယ္စည္းရံုးေရးမဆင္းဖို႕ လက္နက္ကိုင္အဖြဲ႕အစည္းေတြကေန ဟန္႕တားေနမႈအေပၚ သက္ဆိုင္ရာ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္က ေခၚယူညိွႏွိဳင္းေပမဲ့ ထိေရာက္မႈမရွိေသးဘူးလို႕ ေဒသခံ NLD ကိုယ္စားလွယ္ေလာင္းေတြကေျပာပါတယ္။ အခုလိုနိုင္ငံေရးပါတီေတြအေပၚ ဟန္႕တားတိုက္ခိုက္တဲ့လုပ္ရပ္ ဟာ ေရြးေကာက္ပြဲရဲ႕ ပုံရိပ္ကို ထိခိုက္ေစတယ္လို႔ တိုင္းရင္းသားႏိုင္ငံေရးပါတီ ေခါင္းေဆာင္ေတြက ႐ူျမင္ေနၾကပါတယ္။ ဒီအေျခ အေနကိုေတာ့ ဗီြအိုေအ ထိုင္းအေျခစိုက္ သတင္းေထာက္ နိုင္ကြန္းအိန္ကေန အခုလိုသတင္းေပးပို႕ထားပါတယ္။

လာမဲ့အေထြေထြေရြးေကာက္ပြဲမွာ ၀င္ေရာက္အေရြးခံမဲ့ ကခ်င္ျပည္နယ္ ခ်ီေဖြၿမိဳ႕နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ မဲဆြယ္စည္းရံုးေရး ခရီးစဥ္မွာ အတိုက္ခိုက္ခံရတာပါ။

ကခ်င္အထူးေဒသ ၁ နယ္ေျမ ကန္းဖန္႔ရြာမွာ NLD အဖြဲ႕ခ်ဳပ္က ကိုယ္စားလွယ္ေလာင္း(၃)ဦး အပါ၀င္ အဖြဲ႕၀င္(၄)ဦး တနလၤာေန႔ ညဖက္မွာ အတိုက္ခိုက္ခံရတဲ့ျဖစ္စဥ္နဲ႕ပက္သက္လို႕ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေန၀င္းက အခုလိုေျပာပါတယ္။

“၁၂ ရက္ေန႔က က်ေနာ္တို႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ေဒသခံျပည္သူေတြ လူခ်င္းေတြ႔ဆံုတဲ့အခ်ိန္မွာ အဖြဲ႔တစ္ဖြဲ႔ကေရာက္လာၿပီးေတာ့ သူတို႔ကို ထိုးႀကိတ္တယ္။သူတို႔ပါသြားတဲ့ ဂစ္တာတို႔၊ ပစၥည္းေတြလည္း ဖ်က္ဆီးခံရတယ္။”

ဒီတိုက္ခိုက္မႈမွာ ဘယ္အဖြဲ႕အစည္းလက္ခ်က္ဆိုတာ ယတိျပတ္မေျပာနိုင္ေသးေပမဲ့ ေဒသခံလက္နက္ကိုင္အဖြဲ႕ အစည္းတခုရဲ႕လက္ခ်က္လို႕ တိုက္ခိုက္ခံရတဲ့ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေျပာဆိုခ်က္အေပၚကိုးကားၿပီး ဦးေန၀င္းက အခုလိုဆက္ေျပာပါတယ္။

 “ဒီျဖစ္ေနတဲ့ ျပႆနာကေတာ့ ဦးစခုန္တိန္ယိန္း ကေနၿပီးေတာ့မွ NLD မလာဖို႔ဆိုၿပီးေတာ့မွ စာေတြထုတ္ထားတာေတြရွိတယ္။က်ေနာ္တို႔ ပါသြားတဲ့ ဦးေက်ာ္ေက်ာ္ေအးရဲ႕ ေျပာစကားအရဆိုရင္ ဦးစခုန္တိန္ယိန္း ရဲ႕သားကေနၿပီးေတာ့မွ ညႊန္ၾကားခ်က္ေပးေနတဲ့အသံေတြေပါ့ဗ်ာ။ သူတို႔ စကားေျပာေနတဲ့အသံေတြ ၾကားတယ္လို႔ေျပာပါတယ္။”

အတိုက္ခိုက္ခံ ရတဲ့ ခ်ီေဖြၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေက်ာ္ဦး အပါအ၀င္ အဖြဲ႕ေတြ ဟာ ထိခိုက္ဒဏ္ရာရရွိခဲ့သလို စည္းရံုးေရးခရီးစဥ္အတြက္ အေထာက္အကူပစၥည္း ကာလတန္ဖိုးက်ပ္သိန္း(၃၀)ဖိုး ေလာက္ပ်က္စီးသြားခဲ့ပါတယ္။

အခုလိုတိုက္ခိုက္ခံရမႈျဖစ္စဥ္အတြက္ သက္ဆိုင္ရာရဲစခန္း ၊ေရြးေကာက္ပြဲေကာ္မရွင္ေတြမွာ တိုင္တန္းသြားမယ္လို႕ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေန၀င္းကေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၂ ရက္ေန႔က ခ်ီေဖြၿမိဳ႕နယ္ ပန္ဝါၿမိဳ႕နယ္ ၀ိုင္းေမာ္ၿမိဳ႕နယ္ေတြမွာ NLD ပါတီ ကိုယ္စားလွယ္ေလာင္း ေတြကို မဲဆြယ္ ေဟာေျပာပြဲေတြမလုပ္ဖို႔ ကခ်င္အထူးေဒသ ၁ ေခါင္းေဆာင္ ဦးဇခုန္တိန္ယိန္းအဖြဲ႕ကေန တားျမစ္ခဲ့ပါတယ္။

ဒီလုိ မဲဆြယ္စည္းရံုးခြင့္တားျမစ္တာဟာ ေရြးေကာက္ပဲြဥေပဒနဲ႔ မကိုက္ညီတာေၾကာင့္ နိုင္ငံေရးပါတီေတြကေန ကခ်င္ ျပည္ နယ္ေရြးေကာက္ပဲြေကာ္မရွင္ထံ တင္ျပခဲ့ရာမွာ စက္တင္ဘာလ ၂၉ရက္ေန႔ မွာ ေကာ္မရွင္ကေန ဦးစခုန္တိန္ယိန္း ကို ေခၚယူအသိေပးခဲ့ေပမဲ့ ထိေရာက္မွဳမရွိဘူးလို႕ NLD ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေန၀င္းကအခုလို ေျပာ ပါတယ္။

“ေရြးေကာက္ပြဲျပည္နယ္ေကာ္မရွင္ကေန ဦးစခုန္တိန္ယိန္းနဲ႔ က်ေနာ္တို႔ NLD အပါအ၀င္ ပါတီေတြနဲ႔သူတို႔ ေတြ႔ဆံုညိွႏိႈင္းေပးတာရွိတယ္။ အခုအခ်ိန္အထိ ညိွႏိူင္းပြဲမွာ အမွန္အတိုင္းေျပာရလို႔ရွိရင္ ျပည္နယ္ေကာ္မရွင္က ထိထိေရာက္ေရာက္ ညိွႏိွူင္းေပးႏိုင္ျခင္းမရွိဘူးခင္ဗ်ာ။ တဖက္က ေျပလည္ေစေအာင္ေပါ့ဗ်ာ အဲဒီေလာက္ပဲေျပာသြားတာေတာ့ရွိတယ္။ ဦးစခုန္တိန္ယိန္းကေန လာႏိုင္၊ မလာႏိုင္ေျပာတာမရွိဘူး။ သူ႔ရဲ႕ထြက္ထားတဲ့ စာကို ျပန္ရုတ္သိမ္းေပးျခင္းလည္းမရွိဘူး။ ဒါေပမယ့္ ျပည္နယ္ေကာ္မရွင္အေနနဲ႔ေျပာတာကဗ်ာ အဆင္ေျပတဲ့သေဘာနဲ႔ေျပာတာပဲ။”

မဲဆြယ္စည္းရံုးေရးကာလမွာ အခုလိုလက္နက္ကိုင္အဖြဲ႕ေတြကေန ႏိုင္ငံေရးပါတီေတြအေပၚ ဟန္႕တားတိုက္ခိုက္ ေနတဲ့ျဖစ္စဥ္နဲ႕ပက္သက္လို႕ ခ်ီေဖြၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ တာ၀န္ရွိသူေတြကိုဆက္သြယ္ခဲ့ေပမဲ့လဲ ဆက္သြယ္လို႕မရရွိခဲ့ပါဘူး။

ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးေရးကာလမွာ အခုလိုႏိုင္ငံေရးပါတီေတြအေပၚ ဟန္႕တားတိုက္ခိုက္တဲ့လုပ္ရပ္ဟာ ေရြးေကာက္ပြဲရဲ႕ပုံရိပ္ကိုထိခိုက္ေစတယ္လို႕ စည္းလံုး ညီၫြတ္ေရးႏွင့္ ဒီမိုကေရစီပါတီရဲ႕ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခက္ထိန္နန္ကအခုလိုေျပာပါတယ္။

“ဒီ မဲဆြယ္စည္းရံုးတာကေတာ့ ပါတီတိုင္းကေတာ့ လြတ္လြတ္လပ္လပ္လုပ္ပိုင္ခြင့္ရွိသင့္တာေပါ့။ တခ်ိဳ႕ၿမိဳ႕နယ္ေဒသေတြမွာ နယ္ေျမေဒသရဲ႕ တည္ၿငိမ္မႈ၊ ေအးခ်မ္းမႈ၊ ပဋိပကၡအေနအထားေတြအရကေတာ့ သူ႔ေဒသနဲ႔သူ လက္နက္ကိုင္အဖြဲ႔အစည္းေတြရွိတဲ့ေဒသေတြမွာ ဒီအခက္အခဲကေတာ့ အနည္းနဲ႔အမ်ားျဖစ္ေလ့ျဖစ္ထ ရွိတဲ့ အေနအထားတခုျဖစ္တယ္။ အခုလိုျဖစ္တဲ့ဟာေတြကေတာ့ အနည္းနဲ႔အမ်ား ရိုက္ခိုတ္မႈေတာ့ရွိမွာပဲ။”

ကခ်င္ျပည္နယ္အတြင္း လက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕ကေန နိုင္ငံေရးပါတီပါတီေတြရဲ႕မဲဆြယ္စည္းရံုးေရး ခရီးအေပၚ ဟန္႕တားတိုက္ခိုက္မႈေတြရွိေနပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလပထမအပါတ္မွာ ကခ်င္ျပည္နယ္ဖါးကန္႕ၿမိဳ႕နယ္က တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ၀င္ႏွစ္ဦး ကို အမည္မသိ လက္နက္ကိုင္အဖြဲ႕ေတြကေန လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့ ျဖစ္စဥ္ေတြလည္းရွိေနပါတယ္။

ဒီလိုမတည္ၿငိမ္ေသးတဲ့ေဒသအေနအထားေၾကာင့္ ပါတီမဲဆြယ္စည္းရံုးေရးရပ္တန္႔ခဲ့ရတယ္လို႔လည္း တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးပါတီတာ၀န္ရွိသူေတြက ေျပာပါတယ္။

ကခ်င္ျပည္နယ္အတြင္းမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ တိုင္းရင္းသား စည္းလုံးညီညႊတ္ေရးပါတီ၊ ေလာ္ေ၀ၚ အမ်ိဳးသားဖံြ႔ၿဖိဳးတုိးတက္ေရးပါတီ၊ လီဆူအမ်ိဳးသားဖံြၿဖိဳးတုိးတက္ေရးပါတီ၊ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ၊ အမ်ိဳးသားဒီမုိကေရစီ အင္အားစုပါတီေတြလည္း ၀င္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ရိွေနပါတယ္။
http://burmese.voanews.com/content/nld-representatives-were-attacked-by-armed-group-in-kachin-state-/3005270.html
............................
NLD ကိုယ်စားလှယ်လောင်း ချီဖွေမှာ အတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်။ (ဖေဖော်ဝါရီ-၂၀၁၂)

နိုင်ကွန်းအိန်
14.10.2015 17:50

ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေ ကို ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဟန့်တားတိုက်ခိုက်မှုတွေနဲ့တွေ့ ကြုံနေရပါတယ်။ ချီဖွေနဲဲ့ပန်ဝါဒေသအတွင်း NLD ပါတီကနေ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဟန့်တားနေမှုအပေါ် သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူညှိနှိုင်းပေမဲ့ ထိရောက်မှုမရှိသေးဘူးလို့ ဒေသခံ NLD ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။ အခုလိုနိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက်တဲ့လုပ်ရပ် ဟာ ရွေးကောက်ပွဲရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ရူမြင်နေကြပါတယ်။ ဒီအခြေ အနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

လာမဲ့အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံမဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ အတိုက်ခိုက်ခံရတာပါ။

ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာမှာ NLD အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း(၃)ဦး အပါ၀င် အဖွဲ့ဝင်(၄)ဦး တနင်္လာနေ့ ညဖက်မှာ အတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်းက အခုလိုပြောပါတယ်။

“၁၂ ရက်နေ့က ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံပြည်သူတွေ လူချင်းတွေ့ဆုံတဲ့အချိန်မှာ အဖွဲ့တစ်ဖွဲ့ကရောက်လာပြီးတော့ သူတို့ကို ထိုးကြိတ်တယ်။သူတို့ပါသွားတဲ့ ဂစ်တာတို့၊ ပစ္စည်းတွေလည်း ဖျက်ဆီးခံရတယ်။”

ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းလက်ချက်ဆိုတာ ယတိပြတ်မပြောနိုင်သေးပေမဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့ အစည်းတခုရဲ့လက်ချက်လို့ တိုက်ခိုက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောဆိုချက်အပေါ်ကိုးကားပြီး ဦးနေဝင်းက အခုလိုဆက်ပြောပါတယ်။

 “ဒီဖြစ်နေတဲ့ ပြဿနာကတော့ ဦးစခုန်တိန်ယိန်း ကနေပြီးတော့မှ NLD မလာဖို့ဆိုပြီးတော့မှ စာတွေထုတ်ထားတာတွေရှိတယ်။ကျနော်တို့ ပါသွားတဲ့ ဦးကျော်ကျော်အေးရဲ့ ပြောစကားအရဆိုရင် ဦးစခုန်တိန်ယိန်း ရဲ့သားကနေပြီးတော့မှ ညွှန်ကြားချက်ပေးနေတဲ့အသံတွေပေါ့ဗျာ။ သူတို့ စကားပြောနေတဲ့အသံတွေ ကြားတယ်လို့ပြောပါတယ်။”

အတိုက်ခိုက်ခံ ရတဲ့ ချီဖွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦး အပါအဝင် အဖွဲ့တွေ ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို စည်းရုံးရေးခရီးစဉ်အတွက် အထောက်အကူပစ္စည်း ကာလတန်ဖိုးကျပ်သိန်း(၃၀)ဖိုး လောက်ပျက်စီးသွားခဲ့ပါတယ်။

အခုလိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွက် သက်ဆိုင်ရာရဲစခန်း ၊ရွေးကောက်ပွဲကော်မရှင်တွေမှာ တိုင်တန်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်းကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ချီဖွေမြို့နယ် ပန်ဝါမြို့နယ် ၀ိုင်းမော်မြို့နယ်တွေမှာ NLD ပါတီ ကိုယ်စားလှယ်လောင်း တွေကို မဲဆွယ် ဟောပြောပွဲတွေမလုပ်ဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန်ယိန်းအဖွဲ့ကနေ တားမြစ်ခဲ့ပါတယ်။

ဒီလို မဲဆွယ်စည်းရုံးခွင့်တားမြစ်တာဟာ ရွေးကောက်ပွဲဥပေဒနဲ့ မကိုက်ညီတာကြောင့် နိုင်ငံရေးပါတီတွေကနေ ကချင် ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ရာမှာ စက်တင်ဘာလ ၂၉ရက်နေ့ မှာ ကော်မရှင်ကနေ ဦးစခုန်တိန်ယိန်း ကို ခေါ်ယူအသိပေးခဲ့ပေမဲ့ ထိရောက်မှုမရှိဘူးလို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်းကအခုလို ပြော ပါတယ်။

“ရွေးကောက်ပွဲပြည်နယ်ကော်မရှင်ကနေ ဦးစခုန်တိန်ယိန်းနဲ့ ကျနော်တို့ NLD အပါအဝင် ပါတီတွေနဲ့သူတို့ တွေ့ဆုံညှိနှိုင်းပေးတာရှိတယ်။ အခုအချိန်အထိ ညှိနိူင်းပွဲမှာ အမှန်အတိုင်းပြောရလို့ရှိရင် ပြည်နယ်ကော်မရှင်က ထိထိရောက်ရောက် ညှိနှိူင်းပေးနိုင်ခြင်းမရှိဘူးခင်ဗျာ။ တဖက်က ပြေလည်စေအောင်ပေါ့ဗျာ အဲဒီလောက်ပဲပြောသွားတာတော့ရှိတယ်။ ဦးစခုန်တိန်ယိန်းကနေ လာနိုင်၊ မလာနိုင်ပြောတာမရှိဘူး။ သူ့ရဲ့ထွက်ထားတဲ့ စာကို ပြန်ရုတ်သိမ်းပေးခြင်းလည်းမရှိဘူး။ ဒါပေမယ့် ပြည်နယ်ကော်မရှင်အနေနဲ့ပြောတာကဗျာ အဆင်ပြေတဲ့သဘောနဲ့ပြောတာပဲ။”

မဲဆွယ်စည်းရုံးရေးကာလမှာ အခုလိုလက်နက်ကိုင်အဖွဲ့တွေကနေ နိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက် နေတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ ချီဖွေမြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ အခုလိုနိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက်တဲ့လုပ်ရပ်ဟာ ရွေးကောက်ပွဲရဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကအခုလိုပြောပါတယ်။

“ဒီ မဲဆွယ်စည်းရုံးတာကတော့ ပါတီတိုင်းကတော့ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိသင့်တာပေါ့။ တချို့မြို့နယ်ဒေသတွေမှာ နယ်မြေဒေသရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ပဋိပက္ခအနေအထားတွေအရကတော့ သူ့ဒေသနဲ့သူ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ဒေသတွေမှာ ဒီအခက်အခဲကတော့ အနည်းနဲ့အများဖြစ်လေ့ဖြစ်ထ ရှိတဲ့ အနေအထားတခုဖြစ်တယ်။ အခုလိုဖြစ်တဲ့ဟာတွေကတော့ အနည်းနဲ့အများ ရိုက်ခိုတ်မှုတော့ရှိမှာပဲ။”

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတချို့ကနေ နိုင်ငံရေးပါတီပါတီတွေရဲ့မဲဆွယ်စည်းရုံးရေး ခရီးအပေါ် ဟန့်တားတိုက်ခိုက်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလပထမအပါတ်မှာ ကချင်ပြည်နယ်ဖါးကန့်မြို့နယ်က တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဝင်နှစ်ဦး ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တွေကနေ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။

ဒီလိုမတည်ငြိမ်သေးတဲ့ဒေသအနေအထားကြောင့် ပါတီမဲဆွယ်စည်းရုံးရေးရပ်တန့်ခဲ့ရတယ်လို့လည်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ လော်ဝေါ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတွေလည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
http://burmese.voanews.com/content/nld-representatives-were-attacked-by-armed-group-in-kachin-state-/3005270.html

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...