Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကြက်ဥပူတင်း ဖုတ်နည်း

$
0
0
ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ သင့်တော်တဲ့ စားစရာလေးကတော့  ကြက်ဥပူတင်းလေး ဖြစ်ပါတယ်။
မနက်စာအဖြစ်ရော နေ့ လည်အဆာပြေအဖြစ်ပါ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းနဲ့ တွဲဖက်စားသုံးလို့ ရပါတယ်
Ingredients:
ကြက်ဥ ၄လုံး
နွားနို့  ၂၅၀ml (ပုံမှန်ကော်ဇီခွက် တခွက်)
ထောပတ် ၂ဇွန်း
ပျားရည် ဇွန်းသေး၂ဇွန်း
ဂျုံမှုန့်  ထမင်းစားဇွန်း၂ဇွန်း
သကြား ထမင်းစားဇွန်း၂ဇွန်း
စပျစ်သီးခြောက် အနည်းငယ်
ဆား အနည်းငယ်
Preparation Method:
၁) ဂျုံမှုန့် ကို အမှုန့် အားလုံးပျော်အောင် ရေအနည်းငယ်ဖြင့် သေသေချာချာ ဖျော်ထားပါ။
၂) ကြက်ဥကို ပွလာအောင် နာနာခေါက်ပါ။ ကြက်ဥရည်ထဲသို့  နွားနို့ ၊သကြား၊ ဆား အနည်းငယ်ထည့်ပြီး နာနာခေါက်ပါ။
၃) ပြီးလျှင် ဂျုံမှုန်ရည်လောင်းထည့်ပြီး ထပ်မွှေပါ။ နောက်ဆုံးမှ ပျားရည် ထည့်ပြီး မွှေပါ။ မွှေထားသော အရောကို ၂မိနစ်ခန့် ငြိမ်အောင် ထားပါ။
၎) ပေါင်းမည့်ခွက်အတွင်းကို ထောပတ်သုတ်လိမ်းပါ။ ထောပတ်အစား ဆီကို အသုံးပြုလည်းရပါတယ်။ ပြီးလျှင် ခွက်၏ ၃ပုံ၂ပုံ လောက် ပူတင်းရည်ကို ဖြည့်ပါ။
(အပြည့်ဖြည့်လျှင် အပြင်သို့ လျှံကျလာမည်)
၅) အပေါ်မှ အဖုံးအုပ်ပြီး ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့် ပေါင်းပါ။ ပေါင်းအိုးအစား အိုးတလုံးထဲ ရေတ၀က်ထည့်ပြီး ပန်းကန်လုံးဖြင့် ပေါင်းလို့ ရပါတယ်။
၆) ပေါင်းလို့ရလာတဲ့ ပူတင်းခွက်လေးတွေထဲကို စပျစ်သီးခြောက်ထည့်ပြီး အဖုံးပြန်အုပ်ထားပါ။
ပူတင်းအသားအနေတော်လေးနဲ့  ပျားရည်နံ့ လေးမွှေးတဲ့  ကြက်ဥပူတင်း ရပါပြီ
ဒီအတိုင်း ပူပူလေးစားလို့ ရသလို ရေခဲသေတ္တာထဲအအေးခံပြီးမှ စားလို့ လည်းရပါတယ်။
မူရင်း = KaeKae's FoodPalace
Copy from ကောင်းထက်ကျော် မြန်မာဒန်ပေါက်

Viewing all articles
Browse latest Browse all 13796

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>