Eleven Media Group
......................
တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ဖြင့် NCA လက်မှတ်ရေးထိုးပွဲ ပြုလုပ်
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲ သဘောတူညီချက် (NCA) လက်မှတ် ရေးထိုးပွဲကို နေပြည်တော်၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုးရန် သဘောတူခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အပါအဝင် သက်သေအဖြစ် ပါ၀င်လက်မှတ်ထိုးရန် တက်ရောက်ခဲ့သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။