ရန္ကုန္တိုင္းေဒသႀကီး ရပ္ကြက္တစ္ခုမွာ မဲစာရင္းလာေရာက္ၾကည့္ရႈဖို႔ ႏိႈးေဆာ္ေၾကာ္ျငာထားစဥ္။ Photo: Aung Thain Kha/ RFA |
ကိုရီးယားနုိ္င္ငံမွာ ႀကိဳတင္မဲေပးဖို႔ ပံုစံ ၁၅ ျဖည္႔စြက္ၿပီး တင္ျပလာသူ ၆ ေသာင္းခြဲခန္႔ရွိေပမဲ့ ေအာက္တိုဘာလ ၁၄ ရက္ေန႔အထိ မဲဆႏၵရွင္စာရင္းမွာ ပါလာသူ ၃ ေသာင္းေက်ာ္ပဲရွိတယ္လို႔ ေတာင္ကိုရီးယားနုိင္ငံက ေရြးေကာက္ပြဲ စစ္တမ္းေကာက္အဖြဲ႔က ကိုဝင္းလိႈင္က ေျပာပါတယ္။
"ေဒၚေအာင္ဆန္းစုၾကည္ ေရြးေကာက္ပြဲဝင္မယ့္ ရန္ကုန္တိုင္း ေကာ့မွဴးၿမိဳ႕နယ္က တစ္ၿမိဳ႕နယ္လံုးမပါ ဘူးေပါ့ေနာ္၊ အေရအတြက္ကေတာ့ ၂ဝဝ နဲ႔ ၃ဝဝ ၾကားျဖစ္လိမ့္မယ္၊ မႏၱေလးတိုင္းမွာဆိုရင္ လည္း ေတာင္သာတို႔ ဘာတို႔ဆိုလည္း မပါဘူးေပါ့ဗ်ာ၊ ေတာင္သာၿမိဳ႕နယ္က မရွိဘူးဆိုလို႔ရွိရင္ ၄ဝဝ နဲ႔ ၅ဝဝ ၾကားကိုျဖစ္လိမ့္မယ္၊ ဘာျဖစ္လို႔လဲဆိုရင္ ဒီမွာက ေတာင္သာတို႔ ျမင္းၿခံတို႔ဘက္က ေတာ္ေတာ္ေလးမ်ားတယ္ ဒီမွာလာၿပီးေတာ့ အလုပ္လုပ္ၾကတဲ့သူေတြေလ၊ သံရံုးကထုတ္ျပန္တဲ့ ဒီမွာေရာက္တဲ့ မဲေပးခြင့္ရွိသူစာရင္းက ၃၇၈၈ ဦးပဲပါတယ္၊ က်န္တာကို သူတို႔ႏိုင္ငံျခားရံုးကို လွန္းၿပီးေတာ့လည္း ကိုးရီးယားႀကိဳတင္မဲေတြ မရွိေတာ့ပါဘူးဆိုၿပီး လွမ္းၿပီးေတာ့ေျဖတာကို၊ အဲ့အတြက္ေၾကာင့္မို႔လို႔ ကိုးရီးယားသံရံုးကထုတ္ျပန္တဲ့ မဲေပးဖို႔ရွိသူစာရင္းထဲမွာ မပါတဲ့ညီအစ္ကိုေတြကေတာ့ မဲေပးပိုင္ခြင့္ ဆံုးရံႈးမယ္ဆိုတဲ့သေဘာေပါ့"
အခုလိုမဲစာရင္းမွာ မပါလာသူေတြထဲမွာ ျမန္မာျပည္က ထုတ္ျပန္တဲ့မဲစာရင္းမွာ ပါဝင္သူေတြလည္းရွိတယ္လို႔ ဆိုပါတယ္။ ခုလိုမဲစာရင္းမပါသူမ်ားေနတဲ့အတြက္ သံရံုးက ထုတ္ျပန္တဲ့စာမွာ မဲစာရင္းမွာ မပါသူေတြဟာ ပုံစံ ၁၅ ကို ျဖည္႔စြက္ရာမွာ အမွားအယြင္းမ်ားရွိလို႔ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ဒါေပမဲ့ မဲစာရင္းမွာ ေတာင္ကိုရီးယားနုိင္ငံ ဆိုလ္းၿမိဳ႕သံရံုးက ဝန္ထမ္းအခ်ိဳ႕ အမည္မ်ားလည္း ေပ်ာက္ေနတယ္လို႔ ကိုရီးယားနုိင္ငံေရာက္ မဲဆႏၵရွင္ေတြက ေျပာဆိုေနၾကပါတယ္။
RFA Burmese
http://www.rfa.org/burmese
.........................
ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ်။ Photo: Aung Thain Kha/ RFA
တောင်ကိုရီးယားနိုင်ငံမှ ကြိုတင်မဲပေးမယ့်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မယ့် ကော့မူးမြို့ နယ် တစ်မြို့နယ်လုံးရဲ့စာရင်း ပါမလာကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကပြော ပါတယ်။
ကိုရီးယားနို်င်ငံမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ ဖြည့်စွက်ပြီး တင်ပြလာသူ ၆ သောင်းခွဲခန့်ရှိပေမဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းမှာ ပါလာသူ ၃ သောင်းကျော်ပဲရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံက ရွေးကောက်ပွဲ စစ်တမ်းကောက်အဖွဲ့က ကိုဝင်းလှိုင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က တစ်မြို့နယ်လုံးမပါ ဘူးပေါ့နော်၊ အရေအတွက်ကတော့ ၂ဝဝ နဲ့ ၃ဝဝ ကြားဖြစ်လိမ့်မယ်၊ မန္တလေးတိုင်းမှာဆိုရင် လည်း တောင်သာတို့ ဘာတို့ဆိုလည်း မပါဘူးပေါ့ဗျာ၊ တောင်သာမြို့နယ်က မရှိဘူးဆိုလို့ရှိရင် ၄ဝဝ နဲ့ ၅ဝဝ ကြားကိုဖြစ်လိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက တောင်သာတို့ မြင်းခြံတို့ဘက်က တော်တော်လေးများတယ် ဒီမှာလာပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေလေ၊ သံရုံးကထုတ်ပြန်တဲ့ ဒီမှာရောက်တဲ့ မဲပေးခွင့်ရှိသူစာရင်းက ၃၇၈၈ ဦးပဲပါတယ်၊ ကျန်တာကို သူတို့နိုင်ငံခြားရုံးကို လှန်းပြီးတော့လည်း ကိုးရီးယားကြိုတင်မဲတွေ မရှိတော့ပါဘူးဆိုပြီး လှမ်းပြီးတော့ဖြေတာကို၊ အဲ့အတွက်ကြောင့်မို့လို့ ကိုးရီးယားသံရုံးကထုတ်ပြန်တဲ့ မဲပေးဖို့ရှိသူစာရင်းထဲမှာ မပါတဲ့ညီအစ်ကိုတွေကတော့ မဲပေးပိုင်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့သဘောပေါ့"
အခုလိုမဲစာရင်းမှာ မပါလာသူတွေထဲမှာ မြန်မာပြည်က ထုတ်ပြန်တဲ့မဲစာရင်းမှာ ပါဝင်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ခုလိုမဲစာရင်းမပါသူများနေတဲ့အတွက် သံရုံးက ထုတ်ပြန်တဲ့စာမှာ မဲစာရင်းမှာ မပါသူတွေဟာ ပုံစံ ၁၅ ကို ဖြည့်စွက်ရာမှာ အမှားအယွင်းများရှိလို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မဲစာရင်းမှာ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့သံရုံးက ဝန်ထမ်းအချို့ အမည်များလည်း ပျောက်နေတယ်လို့ ကိုရီးယားနိုင်ငံရောက် မဲဆန္ဒရှင်တွေက ပြောဆိုနေကြပါတယ်။
RFA Burmese
http://www.rfa.org/burmese