Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အစိုးရသစ်မှာ သမ္မတဦးသိန်းစိန် ဆက်လက်တာဝန်ယူနိုင်ဖို့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်

$
0
0

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာမယ့် အစိုးရသစ် သက်တမ်းအတွင်းမှာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။


"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဥက္ကဌကြီးလည်းဖြစ် နိုင်ငံတော်သမ္မတကြီးလည်းဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကြောင့် ပြုပြင်ပြောင်းလဲလာတဲ့ မြန်မာပြည်ကို သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ရှေ့ဆက်သွားရအောင် ကျနော်တို့ပါတီကို နိုင်ငံတာဝန်များ ယုံကြည်စွာအပ်နှံလိုက်ပါ၊ ဦးသိန်စိန်သမ္မတ ဆက်ဖြစ်ဖို့က ပြည်ဖြိုးပါတီနိုင်မှဖြစ်မှာပါ၊ အဲဒီတော့ သမ္မတကြီး ဦးသိန်းစိန်ကို လိုလားရင် ပြည်ခိုင်ဖိုးပါတီကို မဲပေးကြပါ”

မဲဆွယ်ပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးဌေးမြင့်အောင်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသက်နိုင်ဝင်း၊ ဗမာ၊ ပအိုဝ်း၊ ကရင် စတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နန်းခင်မျိုးမင်း၊ ဦးသက်ဝင်း နဲ့ စောအောင်ကျော်သိန်းတို့ တက်ရောက်ခဲ့ပါတယ်။



RFA Burmese
...........................

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာမယ့် အစိုးရသစ် သက်တမ်းအတွင်းမှာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။

သထုံမြို့နယ် လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ ဟောပြောပွဲအတွင်း အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီးလည်းဖြစ် နိုင်ငံတော်သမ္မတကြီးလည်းဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကြောင့် ပြုပြင်ပြောင်းလဲလာတဲ့ မြန်မာပြည်ကို သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ရှေ့ဆက်သွားရအောင် ကျနော်တို့ပါတီကို နိုင်ငံတာဝန်များ ယုံကြည်စွာအပ်နှံလိုက်ပါ၊ ဦးသိန်စိန်သမ္မတ ဆက်ဖြစ်ဖို့က ပြည်ဖြိုးပါတီနိုင်မှဖြစ်မှာပါ၊ အဲဒီတော့ သမ္မတကြီး ဦးသိန်းစိန်ကို လိုလားရင် ပြည်ခိုင်ဖိုးပါတီကို မဲပေးကြပါ”

မဲဆွယ်ပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးဌေးမြင့်အောင်၊ လုံခြံုရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသက်နိုင်ဝင်း၊ ဗမာ၊ ပအိုဝ်း၊ ကရင် စတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နန်းခင်မျိုးမင်း၊ ဦးသက်ဝင်း နဲ့ စောအောင်ကျော်သိန်းတို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီမဲဆွယ်ပွဲကို ဒေသခံ တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။

သထုံမြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီတို့ အပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>