Suspect dead, 10 hurt, in hammer attack at B.C. band office |
ေအာ့တ၀ါ ၊ ၁၆-၁၀-၂၀၁၅
ကေနဒါႏုိင္ငံ အေနာက္ပုိင္း ၿဗိတိသွ်- ကုိလံဘီယာ ျပည္နယ္ရွိ ခံု႐ံုးတစ္ခု အတြင္း၌ ေအာက္တုိဘာ ၁၄ ရက္တြင္ အမ်ဳိးသား တစ္ဦးက တူျဖင့္ တုိက္ခိုက္ခဲ့ရာ အနည္းဆံုး လူ ၁ဝ ဦး ဒဏ္ရာရရွိ ခဲ့ၿပီးေနာက္ ၄င္းသည္ အခင္းျဖစ္ပြားရာ ေနရာ၌ ေသဆံုးသြားေၾကာင္း ေဒသတြင္း သတင္းဌာန တစ္ခုက ထုတ္ျပန္ ထားသည္။
အဆုိပါ ဒဏ္ရာရရွိသူ ၁ဝ ဦးကုိ အခင္း ျဖစ္ပြားရာ တရား႐ံုးမွ လီလုိအပ္ ေဒသအနီးရွိ ေဆး႐ံုသုိ႔ ပုိ႔ေဆာင္ခဲ့ေၾကာင္း၊ ၄င္းတုိ႔အနက္ ႏွစ္ဦးမွာ အေရးေပၚ အေျခအေန တြင္ရွိၿပီး ႏွစ္ဦးမွာ ဒဏ္ရာ ျပင္းထန္ေၾကာင္း၊ က်န္ေျခာက္ဦး မွာ ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့ေၾကာင္း ေဒသတြင္း က်န္းမာေရး ဌာနမွ ေျပာေရးဆုိခြင့္ ရွိသူ မစ္ရွယ္လ္လာဆြမ္း က Buzzfeed သတင္းဌာန သုိ႔ ေျပာၾကားသည္။
ကေနဒါ ရဲတပ္ဖြဲ႕သည္ အမ်ဳိးသား တစ္ဦးက လူအမ်ားအျပား အား တုိက္ခိုက္မႈ ျပဳလုပ္ေနေၾကာင္း သတင္းရရွိ ၿပီးေနာက္ ေဒသ စံေတာ္ခ်ိန္ နံနက္ ၈ နာရီခြဲခန္႔တြင္ အဆုိပါခံု႐ံုးသုိ႔ ေရာက္ရွိခဲ့ေၾကာင္း၊ ထုိ႔ေနာက္ ၄င္းအား ဖမ္းဆီးခ်ဳပ္ေႏွာင္ ခဲ့ေၾကာင္းႏွင့္ ဒဏ္ရာ ရရွိသူမ်ား အနက္ ေလးဦးမွာ တရားေရး ဝန္ထမ္းမ်ား ျဖစ္ေၾကာင္း ေတာ္ဝင္ကေနဒါ ရဲတပ္ဖြဲ႕က ေျပာၾကားသည္။
အဆုိပါ အမ်ဳိးသားသည္ ဖမ္းဆီးခံခဲ့ ရၿပီးေနာက္ အသိစိတ္ ကင္းမဲ့လာသျဖင့္ စံုစမ္း စစ္ေဆးေရးအဖြဲ႕ က သတိျပန္လည္ လာေစရန္ ျပဳလုပ္ခဲ့ေၾကာင္း၊ သုိ႔ေသာ္ ၄င္းမွာ အခင္းျဖစ္ပြားရာ ေနရာ၌ပင္ ေသဆံုးသြားေၾကာင္း၊ ၄င္းေသဆံုးမႈႏွင့္ ပတ္သက္၍ စံုစမ္း စစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ ရွိေၾကာင္း တာဝန္ရွိ သူမ်ားက ေျပာၾကားသည္။
အဆုိပါ တူျဖင့္ အႏၲရာယ္ျပဳ တုိက္ခိုက္မႈသည္ ကေနဒါႏုိင္ငံ၌ ဒုတိယအႀကိမ္ ျဖစ္ပြားျခင္း ျဖစ္ၿပီး ေအာက္တုိဘာ ၁၃ ရက္ကလည္း အသက္ ၁၉ ႏွစ္အရြယ္ လူငယ္တစ္ဦး က တူျဖင့္ တုိက္ခိုက္ခဲ့ရာ လူႏွစ္ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
#PyiChitThar
..........................................................................................
ကနေဒါနိုင်ငံ အနောက်ပိုင်း ဗြိတိသျှ- ကိုလံဘီယာ ပြည်နယ်ရှိ ခုံရုံးတစ်ခု အတွင်း၌ အောက်တိုဘာ ၁၄ ရက်တွင် အမျိုးသား တစ်ဦးက တူဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦး ဒဏ်ရာရရှိ ခဲ့ပြီးနောက် ၄င်းသည် အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးသွားကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။
အဆိုပါ ဒဏ်ရာရရှိသူ ၁ဝ ဦးကို အခင်း ဖြစ်ပွားရာ တရားရုံးမှ လီလိုအပ် ဒေသအနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၄င်းတို့အနက် နှစ်ဦးမှာ အရေးပေါ် အခြေအနေ တွင်ရှိပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း၊ ကျန်ခြောက်ဦး မှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ မစ်ရှယ်လ်လာဆွမ်း က Buzzfeed သတင်းဌာန သို့ ပြောကြားသည်။
ကနေဒါ ရဲတပ်ဖွဲ့သည် အမျိုးသား တစ်ဦးက လူအများအပြား အား တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သတင်းရရှိ ပြီးနောက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲခန့်တွင် အဆိုပါခုံရုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ၄င်းအား ဖမ်းဆီးချုပ်နှောင် ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူများ အနက် လေးဦးမှာ တရားရေး ဝန်ထမ်းများ ဖြစ်ကြောင်း တော်ဝင်ကနေဒါ ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ အမျိုးသားသည် ဖမ်းဆီးခံခဲ့ ရပြီးနောက် အသိစိတ် ကင်းမဲ့လာသဖြင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ က သတိပြန်လည် လာစေရန် ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ၄င်းမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားကြောင်း၊ ၄င်းသေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။
အဆိုပါ တူဖြင့် အန္တရာယ်ပြု တိုက်ခိုက်မှုသည် ကနေဒါနိုင်ငံ၌ ဒုတိယအကြိမ် ဖြစ်ပွားခြင်း ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်ကလည်း အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး က တူဖြင့် တိုက်ခိုက်ခဲ့ရာ လူနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
#PyiChitThar