၂၀၁၅ ေရြးေကာက္ပြဲအတြက္ တတိယေျမာက္ေန႔အျဖစ္ ႀကဳိတင္မဲေပးရန္ စင္ကာပူေရာက္ ျမန္မာႏုိင္ငံသား ၁၀၀၀ ၀န္းက်င္ သံရုံးေရွ႕၌ ညအိပ္ေစာင့္ဆုိင္းလ်က္ရွိေၾကာင္း ေအာက္တုိဘာ ၁၇ ရက္ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁ နာရီက သိရသည္။
စင္ကာပူတြင္ ၾကိဳတင္မဲ ေပးခြင့္ရွိသူ ၂၀၀၀၀ ေက်ာ္ ရွိေနသည့္အတြက္ လက္ရွိ ႏႈန္းထားအတိုင္း တြက္ခ်က္ပါက အားလံုးမဲေပးခြင့္ ရရွိေရးမွာ အခက္အခဲ ျဖစ္ေနပါသည္။ မဲေပးပိုင္ခြင့္ကို ေအာက္တိုဘာ ၁၅ ရက္မွ ၁၈ ရက္ေန႔ အထိ သတ္မွတ္ထားျပီး တစ္ရက္လွ်င္ သတ္မွတ္ခ်ိန္ ၇ နာရီသာ ရွိပါသည္။ ထို႔ေၾကာင့္ ေလးရက္တာ ကာလအတြင္း ၾကိဳတင္မဲေပးခြင့္အတြက္ ပွ်မ္းမွ် ၂၈ နာရီသာ အခ်ိန္ရွိျပီး လူဦးေရ ၂၀၀၀၀ ျဖင့္ တြက္ခ်က္ပါက လူတစ္ဦးလွ်င္ မဲေပးခ်ိန္ ၅၅ စကၠန္႔သာ ရရွိမည္ ျဖစ္ပါသည္။
ႀကဳိတင္ေပးမည့္ စင္ကာပူေရာက္ ျမန္မာႏုိင္ငံသားမ်ား အဆင္ေျပေရးအတြက္ ႀကဳိတင္မဲ ေပးႏုိင္မည့္ ရက္ကုိ ေအာက္တုိဘာ ၂၁ ရက္ေန႔ထိ တုိးျမွင့္ေပးရန္ စီစဥ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
"အခုခ်ိန္ထိ သံရုံးေရွ႕က လမ္းထဲကေန ေတာက္ေလွ်ာက္တန္းစီလာလုိက္တာ၊ လမ္းမႀကီးေပၚ ေရာက္တဲ့အထိ ေတာ္ေတာ္ ခပ္လွမ္းလွမ္းေပၚထိ လူေတြျပည့္ေနတယ္။ ေနာက္ထပ္ လာေနတာေတြ ရွိတယ္။ ခန္႔မွန္းေျခ ၁၀၀၀ ၀န္းက်င္ေလာက္ေတာ့ ရွိမယ္"ဟု mmelectionsurvey.net မွ ကုိေ၀က ေျပာၾကားခဲ့သည္။
(ဓာတ္ပုံ - ႏုိင္လင္းထက္)
Eleven Media Group
.................................
ကြိုတင်မဲပေးရန် စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၀၀၀ ၀န်းကျင် သံရုံးရှေ့၌ ညအိပ်စောင့်ဆိုင်းနေ
၂၀၁၅ ရွေးကောက်ပွဲအတွက် တတိယမြောက်နေ့အဖြစ် ကြိုတင်မဲပေးရန် စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၀၀၀ ၀န်းကျင် သံရုံးရှေ့၌ ညအိပ်စောင့်ဆိုင်းလျက်ရှိကြောင်း အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီက သိရသည်။
စင်ကာပူတွင် ကြိုတင်မဲ ပေးခွင့်ရှိသူ ၂၀၀၀၀ ကျော် ရှိနေသည့်အတွက် လက်ရှိ နှုန်းထားအတိုင်း တွက်ချက်ပါက အားလုံးမဲပေးခွင့် ရရှိရေးမှာ အခက်အခဲ ဖြစ်နေပါသည်။ မဲပေးပိုင်ခွင့်ကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်နေ့ အထိ သတ်မှတ်ထားပြီး တစ်ရက်လျှင် သတ်မှတ်ချိန် ရ နာရီသာ ရှိပါသည်။ ထို့ကြောင့် လေးရက်တာ ကာလအတွင်း ကြိုတင်မဲပေးခွင့်အတွက် ပျှမ်းမျှ ၂၈ နာရီသာ အချိန်ရှိပြီး လူဦးရေ ၂၀၀၀၀ ဖြင့် တွက်ချက်ပါက လူတစ်ဦးလျှင် မဲပေးချိန် ၅၅ စက္ကန့်သာ ရရှိမည် ဖြစ်ပါသည်။
ကြိုတင်ပေးမည့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အဆင်ပြေရေးအတွက် ကြိုတင်မဲ ပေးနိုင်မည့် ရက်ကို အောက်တိုဘာ ၂၁ ရက်နေ့ထိ တိုးမြှင့်ပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
"အခုချိန်ထိ သံရုံးရှေ့က လမ်းထဲကနေ တောက်လျှောက်တန်းစီလာလိုက်တာ၊ လမ်းမကြီးပေါ် ရောက်တဲ့အထိ တော်တော် ခပ်လှမ်းလှမ်းပေါ်ထိ လူတွေပြည့်နေတယ်။ နောက်ထပ် လာနေတာတွေ ရှိတယ်။ ခန့်မှန်းခြေ ၁၀၀၀ ၀န်းကျင်လောက်တော့ ရှိမယ်"ဟု mmelectionsurvey.net မှ ကိုဝေက ပြောကြားခဲ့သည်။
(ဓာတ်ပုံ - နိုင်လင်းထက်)
Eleven Media Group