Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မက္ကဆီကို မူးယစ်ဆေးခေါင်းဆောင်အား ပြန်လည်ဖမ်းဆီးရမိသော်လည်း ဒဏ်ရများဖြင့်ထွက်ပြေးလွတ်မြောက်သွားခဲ့

$
0
0
မက္ကဆီိကို မူးယစ်ခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်း အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက မက္ကဆီိကို တပ်သားများမှ ဖမ်းဆီးထားစဉ် (ဆင်ဟွာ)
    မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

    မက္ကဆီိကို မူးယစ်ခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်းအား မက္ကဆီိကို နိုင်ငံ အနောက်မြောက်ပိုင်းတွင် ပြန်လည် ဖမ်းဆီးရမိခဲ့သော်လည်း လုံခြုံရေး အစောင့်အကြပ်များ ကြားမှ ဒဏ်ရာများဖြင့် ပြန်လည် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း မက္ကဆီိကို အစိုးရက အောက်တိုဘာ ၁၆ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။

ထိုသို့ ထွက်ပြေးစဉ်တွင် ဂတ်ဇ်မန်းသည် ခြေထောက်နှင့် မျက်နှာတွင် ရရှိထားသော ဒဏ်ရာများ ရှိခဲ့သည်ဟု သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယင်း ဒဏ်ရာများသည် ဖမ်းဆီးစဉ်ကနှင့် တိုက်ရိုက် မပတ်သက်ကြောင်း သတင်းထုတ် ပြန်ချက်တွင် အလေးအနက်ထား ဖေါ်ပြ ထားသော်လည်း အသေးစိတ် အကြောင်းအရာများ ကိုမှု ဖော်ပြထား ခြင်းမရှိသေးပေ။
မက္ကဆီိကို မူးယစ်ခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်း ဇူလိုင် လအတွင်းက ထွက်ပြေး လွတ်မြောက် သွားသော လိုဏ်ခေါင်းအား ရဲအရာရှိများက စစ်ဆေးနေစဉ်  (ဆင်ဟွာ)
ဆီနာလိုအာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန်းသည် မက္ကဆီကို စီးတီး အပြင်ဘက် လုံခြုံရေး အင်အား တောင့်တင်းသော အယ်လ်တစ်လန်နို အကျဉ်းထောင်မှ ၁.၅ ကီလိုမီတာ ရှည်သော လိုဏ်ခေါင်း တစ်ခု ဖောက်လုပ်ပြီး  ဇူလိုင်လ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ၎င်းလွတ်မြောက် သွားခဲ့ခြင်းက လူထုအကြား မကျေမနပ် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ဝရမ်းပြေး မူးယစ်ခေါင်းဆောင်အား ဖမ်းဆီးမိနိုင်ရေး အတွက် နိုင်ငံ၏ အနောက်မြောက်ဘက်တွင် ဦးတည်ချက်ထား၍ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂတ်ဇ်မန်းအား ပြန်လည် ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု အစိုးရက ပြောကြားထား သည်။  (Xinhua)

http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>